By Sint Sint, Shweproperty.com
Updated at 12 January 2021
ရှားစောင်း လက်ပတ်အသုံးဝင်ပုံ(၁) ၁။ ရှားစောင်း လက်ပတ်ကို ၂ လက်မအရွယ် ဖြတ်ပြီးမီးကင်တယ် ဆိုရုံလေး ကင်ပါ။ငါးပြားလောက် စားပါ၊ သွေးဝမ်းသွားခြင်းကို ပျောက်ကင်းစေနိူင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ်တစ်ပတ်လောက်ဆက်စားပါ။ ၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကိုနေ့စဉ် ၅ ပြားလောက်စားပေးခြင်းအားဖြင့်လည်း အတွင်းလိပ်ခေါင်း ရောဂါကို ပျောက်ကင်းစေနိူင်ပါတယ်၊ ရှားစောင်းလက်ပတ် အနှစ်ကို စအိုထဲထည့် ပေးနိူင်ရင် ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သားနံရံမှအပူများကိုစုတ်ယူနိုင်စွမ်းရှိသောကြောင့် အတွင်းလိပ်ခေါင်းရောဂါပျောက်ကင်းနိူင်ပါတယ်၊ ရောဂါပြင်းနေရင်တော့ အချိန်ယူသုံးစွဲရမှာပဲ ဖြစ်ပါတယ်။ ၃။ မီးယပ် သွေးဆုံးကိုင်နေသူများအတွက်ရှားစောင်းလက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့် နေ့စဉ် လိမ်းပေးပါက သွေးဆုံးကိုင်ချိန်တွင် ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ် ။ ၄။ နှလုံးရောဂါ ရှိသူများ ရုတ်တရက်အမောဖောက်လာပါကရှားစောင်းလက်ပတ် အနှစ်ကို သကြားဖြင့် ဖျော်သောက်ပါကအမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ၅။ ရှားစောင်းလက်ပတ် အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး အတွက်လည်းအသုံးပြုနိူင်ပါတယ်။ဆီပူ၊ မီးပူ၊ အိတ်ဇောအပူလောင်ခြင်းများအတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ်အနှစ်ကို ပတ်တီးဖြင့်စည်းထားပေးပါ။အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက်ကင်းနိုင်ပါတယ်။အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကိုစုပ်ယူနိုင်သောကြောင့် အနာ မဖြစ်တော့ပါ။ ၆။ ဘောက်ပျောက်၊ ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင်အကွက်လိုက်ကျွတ်သော သူများအတွက် ရှားစောင်းလက်ပတ်အနှစ်ကို အရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ပြန်ပေါက်ပြီးဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ၇။ ရှားစောင်းလက်ပတ်အနှစ်ကို နံနက် ည မျက်နှာသစ်ပြီးတိုင်းလူးပေးရင်တော့ တင်းတိတ်ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာမလိုပဲ အရေးအကြောင်းမရှိ မျက်နှာလေးတင်းနေပါလိမ့်မယ်။လှချင်ရင် တစ်သက်လုံးလိမ်းပေတော့။ (အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)ရှားစောင်းလက်ပတ်ပင်သိပ်ကို အသုံးဝင် သော၊တန်ဖိုးရှိသော ၊ချစ်စရာကောင်း သောအပင်လေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာ သိရအောင် စု တု ပြု ထားတာလေးတွေကို share ပေးလိုက်ပါတယ်နော်။ ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝ ပါသည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။ လေ့လာချက်များအရ - ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊ - အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊ - အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။ ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။ ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။အားလုံးက ကွန်ပြုတာသမားတွေဖြစ် ကြမှာပါ။ မျက်စိဝေဒနာ လည်းသေချာပေါက်ရှိကြမှာပါ။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့ ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ် အနေထားမှာ မျက်လုံးပေါ်မှာ အဝတ်ပါးပါးလေးခံ ပြီး အနှစ်ကို မျက်လုံးပေါ် တွင်15မိနစ်လောက်ကပ်ပေးထားပါ။(သီချင်းလေးနားထောင်ရင်းပေါ့) ။ပြီးရင်ခွာပြီး မျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ အတွက် အရမ်းကောင်းတဲ့ သဘာဝနည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ် ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ တစ်ရက်ရက်လေးပေါ့။( ဒီလိုလုပ်ပေးပါက မျက် စိကျန်းမာရေးတင် မကပါဘူး မျက်ကွင်းညိုတာနဲ့ မျက်လုံး ပတ်လည်က အရေးကြောင်းတွေကိုပါ သက်သာစေမှာပါ) နောက်တစ်ခု က လှချင်ပါတယ်ဆိုတဲ့ ပျိုပျိုမေများအတွက် လှချင်ရက် သားနဲ့ မလှချင်ဘူးပြောတဲ့ ကိုကိုများပါ ဒီရှားစောင်း လက်ပတ်က အရမ်းအသုံးဝင်ပါတယ်။နေပူထဲသွားတာများလို့နေလောင်ပြီး အသားမည်းလာရင်၊ ဝက်ခြံတွေ ဖြစ်ပြီးအမာရွတ်ကျန် နေခဲ့ရင်၊ မှဲ့ခြောက်တွေများလွန်းလို့ အလှပျက်နေရင် ၊ အသားရေမွဲခြောက်ခြာက် ၊ ဆံပင်တွေမွဲခြောက် ခြောက် ဖြစ်နေလို့စိတ်ညစ်နေရင် ရှားစောင်း လက်ပတ်ကို သတိရလိုက်ပါနော်။ ကိုယ်ရဲ့အားလပ်ချိန် လေးမှာရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပြီး လှသည်ထက်လှ ကြမယ်နော်။ လုပ်ရမှာက ရှားစောင်းလက်ပတ်အတွင်းသားလေးကို ဇွန်းနဲ့ခြစ်ယူပြီး ရေဆေးလိုက်ပါ။ ပြီးရင် ခွက်တစ်ခုမှာထည့်ပြီး ခေါက်ပါ ။ပျားရည် 2 ဇွန်းထည့်ပြီးရောမွှေပေးရင်ပိုကောင်းပါတယ်။ ရပြီ ဆိုရင် မျက်နှာပြင် အနှံ့ ညီညီ ညာညာ လေးသုတ်လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ လှပတင်းရင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးပါနော်။ ( ကမ္ဘာ ကျော် အလှကုန်တွေဟာ aloe vera က မပါမဖြစ်ဆိုတာမမေ့နဲ့နော်) နောက်တစ်ခုကဆီးပူ ဆီးအောင့်သမား အတွက်။ ရှားစောင်းလက် ပတ် အနှစ် ကိုယူ ဆန်ဆေးရေမှာ 10 မိနစ် လောက်စိမ်ထား ပြီးရင် အဲဒီ အနှစ်ရယ် သကြားရယ် နောက်ဆန်ဆေးရေ အသစ်ရယ် ရောပြီး သောက်ပေးပါ။ ဆီးခုံမှာ အရမ်းပူနေရင် ဆီးခုံမှာပါကပ်ပေးပါ။ သက်သာ သွားပါလိမ့်မယ်နော်။ ဒါပေမဲ့ ကိုယ်က ဝမ်းလျော လွယ်တယ်၊ကိုယ်ဝန်ရှိတယ်၊ နို့တိုက်နေရတယ်၊အသက် အရမ်းကြီးတယ်၊တခြားရောဂါကြီး ရှိတယ်ဆိုရင်တော့ မသောက်ပါနဲ့နော်။နောက်ဆုံးတစ်ခု က ပိန်လို့ အားမရှိလို့ ဝမ်းချုပ်လွန်းလို့ ပါဆိုတဲ့သူတွေ အတွက်ပါနော်။ ရှားစောင်း လက်ပတ်၊ မန်ကျဉ်းသီး၊ကြိတ်မှန်ရွက်၊ ကြက်သွန်နီ ၊ ထန်းလျက် ရော ကျို ထားသော ချက်ဆေး ကို ပျားရည်နှင့်ရောပြီး တစ်နေ့ တစ်ဇွန်း စားပေးပါက မီးယပ်သွေးပူခြင်း၊ သွေးခန်း ခြင်း အကြောတက်ခြင်း ကောက် ကွေး နာကျင်ခြင်း သက်သာစေပြီး ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်း များ သက်သာစေပြီး သွေးသား စိုပြေ ကာကျန်း မာဝဖြိုး အလှတိုးလာပါလိမ့်မည်။ နှုတ်ခမ်းအတွက် ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ် အသားအရေအတွက် ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။ မျက်နှာပေါ်မှအမဲစက်များအတွက် ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။ကဲ ဒီလောက်ဆို ရင်ရှားစောင်းလက်ပတ် ပင်လေးကိုမြင်ရင် မျက်လုံး အတွက် ကော၊လှဖို့ကော၊၀ ဖို့ကော အရမ်းချစ်ဖို့ကောင်းတဲ့ အပင်လေးပါလားလို့ သတိရပြီး ယုယုယယစိုက်ပျိုးထားပါလို့……….။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်တွေမှာ အလှစိုက်နေကြတဲ့ ရွက်လှပင်အကြောင်း ကြောက်စရာ အစွန်းအထင်းကွက်တွေကို ဖယ်ရှားနိုင်ဖို့ အိမ်တွင်းနည်းလမ်း ၇ခု အိမ်မှာ အသုံးပြုနေပြီး မပေါ့ဆသင့်သည့် အဝတ်အစားတွေ ကြားထဲက ပရုတ်လုံး၏ အန္တရာယ် အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ် Credit : Myanmarbreakingnews Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ