By Myanmar Builders Guide, Shweproperty.com
Updated at 3 August 2018
အမှန်တကယ်မလုပ် ကိုင်ဘဲ လုပ်ကိုင်ခွင့်လျှောက် ထားသည့်ပိုလျှံမြေများကို ပြန် လည်သိမ်းယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် မြေဧကတစ်သန်းကျော် သိမ်းယူရန်ရှိကြောင်း စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန လက်ထောက်အ တွင်းဝန်ဦးမျိုးတင့်ထွန်းက ဆိုသည်။ယင်းပိုလျှံမြေများ ပြန်လည် သိမ်းယူရန် ပြီးခဲ့သည့်နှစ်ကပင် စီစဉ် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
‘‘မြေလွတ်မြေရိုင်းတွေကို လုပ်ငန်းလုပ်ကိုင်ဖို့ နေရာပေး ထားပေမယ့် အပြည့်အဝမလုပ် နိုင်တာတွေရှိတယ်။ အဲဒါတွေကို ပြန်သိမ်းဖို့လုပ်နေတာပါ။ ပြန် သိမ်းရမယ့်မြေစာရင်းကို တိုင်းနဲ့ ပြည်နယ်တွေကို အတည်ပြုခိုင်းရ တာ တစ်နှစ်လောက်ရှိပြီ။ တချို့ တိုင်းတွေမှာ ပြန်သိမ်းဖို့အတွက် စာတွေထွက်ထားပြီးသွားပါပြီ’’ဟုဆိုသည်။
မြေလွတ်၊ မြေလပ်နှင့်မြေ ရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ အရ ပုဂ္ဂလိက(သို့မဟုတ်)တောင် သူများအနေဖြင့် မြေလွတ်မြေရိုင်း များတွင် ခုတ်ထွင်ရှင်းလင်းကာ အလုပ်လုပ်ကိုင်ခွင့်လျှောက်ထား နိုင်သည်။ယင်းလုပ်ကိုင်ခွင့်ကို တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် ဧက ၅၀ အထိ လျှောက်ထားနိုင်ပြီး ဧက ၅ဝ အထက်ဆိုပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီရုံးသို့ တင်ပြလျှောက်ထားရမည်ဖြစ် သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ မြေလွတ်မြေရိုင်းဧကတစ်သန်း ကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနစာရင်းများတွင် ဖော်ပြ ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအဖြစ် အသုံးပြုနေ သည့် အသားတင်စိုက်ဧရိယာ ဟက်တာ ၁၂ သန်းရှိပြီး စုပေါင်းစိုက်ပျိုးဧရိယာ ဟက်တာ သန်း ၅ဝ ရှိကြောင်းဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။သီးနှံများစိုက်ပျိုးပြီး သီးနှံ ချက်ချင်းစိုက်၍ ရသည့်ပြုပြင်ပြီး မြေကို အသားတင်စိုက်ဧကဟု သတ်မှတ်ထားသည်။ တစ်ဧက လျှင် သုံးရာသီသီးနှံစိုက်ပျိုးပါက စုပေါင်းစိုက်ဧကသုံးဧကဟုတွက် ချက်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ