By 7daydaily, Shweproperty.com
Updated at 16 August 2016
အမေရိကန်ဒေါ်လာ အရောင်းအဝယ် ဈေးကစားမှု ကြောင့် ပြင်ပဈေးကွက်တွင် တစ် ဒေါ်လာလျှင် ၁,၁၉၃ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
အမေရိကန်ဒေါ်လာ တန်ဖိုး သည် ဇူလိုင်လကုန်မှစ၍ ပြည်တွင်းစီးပွားရေးအခြေအနေကျပ် တည်းနေမှုကြောင့် ကျဈေးတွင် တည်ငြိမ်နေသည်။ ဇူလိုင် ၂၅ ရက်နောက်ပိုင်း၌ တစ်ဒေါ်လာ ၁,၁၈၀ခန့်တွင် အတက်အကျနည်းပြီး တည်ငြိမ်နေရာမှ သြဂုတ် ၁၁ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၁,၁၉၃ ကျပ်သို့ မြင့်တက်လာသည်။ သို့သော် ဈေးကွက်အတွင်း ဝယ်လို အားမရှိသဖြင့် ပြန်လည်ကျဆင်း မည်ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အချို့က ခန့်မှန်းထားကြသည်။ သြဂုတ် ၁၂ ရက်တွင် ပြင်ပဈေး ကွက်၌ တစ်ဒေါ်လာလျှင် ၁,၁၀၁ကျပ်သို့ ပြန်လည်ကျဆင်းလာ သည်။
‘‘ငွေဈေးက နှစ်စဉ်ဒီအချိန် ဆို တက်နေကျပဲ။ ဒီနှစ်တော့ စီး ပွားရေးက မကောင်းတဲ့အတွက် ငြိမ်နေတာပါ’’ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဟောင်း ဦးမြတ်သင်းအောင်ကပြောသည်။
မြန်မာနိုင်ငံတွင် မိုးရာသီ၌ ပို့ကုန်တင်ပို့မှု လျော့နည်းသဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့် တက်လေ့ရှိသော်လည်း ယခုနှစ် တွင် ပုဂ္ဂလိ ကကဏ္ဍ ဆောက်လုပ် ရေးကုန်ပစ္စည်းများ တင်သွင်းမှု လျော့နည်းခြင်း၊ လူသုံးကုန် ပစ္စည်းအချို့ တင်သွင်းနိုင်မှုမရှိ ခြင်းတို့ကြောင့် ဒေါ်လာတန်ဖိုး မတက်ခြင်းဖြစ်ကြောင်း ဦးမြတ် သင်းအောင်ကဆိုသည်။
ပြင်ပဈေးကွက်တွင် ရက် ပိုင်းအတွင်း ဒေါ်လာဈေး အ ပြောင်းအလဲရှိသော်လည်း ဗဟို ဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းမှာ ၁,၁၈၇ ကျပ် ဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိ သည်ကို တွေ့ရသည်။
အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ် ပြောင်းလဲသော် လည်း ပြည်တွင်းရွှေဈေးသည် ကျပ် ၈၄၅,၀၀၀ ခန့်တွင် ရှိနေသည်။ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁,၃၄၀ ဒေါ်လာတွင် အနည်းငယ် တည်ငြိမ်လာ ခြင်းကြောင့်ဟု စီးပွားရေးသမား အချို့က ပြောသည်။
Ref : 7daydaily
Photo Credit : bbc
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ