By The Modern, Shweproperty.com
Updated at 18 March 2016
ဈေးနှုန်းမြင့်တဲ့ အစိုးရအိမ်ရာ ရောင်းချမှုတွေကို ဝယ်ယူသူတွေ စိတ်ဝင်စားမှုနည်းပါးလျက် ရှိတယ်လို့ စီးပွားရေးပညာရှင် တချို့က ထံကသိရပါတယ်။ အရင်ကတန်ဖိုးနည်း တန်ဖိုးမျှတ အိမ်ရာတွေမှာ လျှောက်လွှာလာရောက်တင်သွင်းမဲ့ သူကရောင်းချမယ့် အရေအတွက်ထက် ၁၀ ဆကျော်များပြားပေမဲ့ အဆင့်မြင့်အိမ်ရာတွေမှာတော့ တိုက်ရိုက်စနစ်နဲ့ ရောင်းချတာတောင် အခန်းအားလုံး မကုန်သေးတဲ့ အိမ်ရာတွေရှိနေပါတယ်။
အရင်ကအိမ်ရာတွေက အပြင်ဈေးကွက်နဲ့ ယှဉ်ရင်ဈေးကသက်သာသလို အရစ်ကျလည်းပေးလို့ရတော့ စိတ်ဝင်စားကြတယ်၊ အခုကျတော့မြို့ သစ်လိုနေရာမျိုးကို သိန်းထောင်ချီ ဈေးဖွင့်ထားတော့မြို့ထဲက တိုက်ခန်းနဲ့ မြို့သစ်ကကွန်ဒိုဆိုရင်တောင် တိုက်ခန်းကိုဦးစားပေးဝယ်နိုင်တယ် လို့စီးပွားရေးနဲ့ ဥပဒေပညာရှင်ဒေါ်မိုးမိုးကပြောပါတယ်။
အစိုးရက ဆောက်လုပ်တဲ့ အိမ်ရာတွေနဲ့ ပတ်သက်ပြီးအများစုက စဆောက်လုပ်ကတည်းက စိတ်ဝင်တစားမေးမြန်းတာတွေ့ ရှိပေမဲ့ ဈေးနှုန်းအတိအကျ ထွက်ရှိလာချိန်မှာ ဝယ်ယူဖို့လက်တွန့်သွားတာတွေရှိပါတယ်။၂၀၁၄ ခုနှစ်ကစည်ပင်က ပရီကတ်စနစ်နဲ့ ရောင်းချလိုက်တဲ့ တန်ဖိုးမျှတ အိမ်ရာတွေရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂၅၀ ဝန်းကျင်ကနေ သိန်း ၃၀၀ ဝန်းကျင်လောက်သာဈေးကွက်ရှိခဲ့တာကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်က ဆောက်လုပ်တဲ့ ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်းကို ဝယ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
ဒါ့အပြင်အဲဒီအိမ်ရာနဲ့ ပတ်သက်ပြီးနှစ်ရှည်ချေးငွေကိုလည်း ရှစ်နှစ်အထိပေးသွားမယ်ဆိုတဲ့ အသံတွေကြောင့် ဝယ်ယူချင်သူ များပြား ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းဈေးနှုန်းထွက်ရှိလာချိန်မှာတော့ ကျပ်သိန်း ၆၀၀ ကနေ သိန်း ၁၂၀၀ အထိဈေးကွက် ဖြစ်ပြီး အရစ်ကျကိုလည်း လက်ငင်း ၅၀ရာခိုင်နှုန်းပေးသွင်းရမယ့် အခြေအနေကြောင့်စိတ်ဝင်စားပြီး အမှန်တကယ်ဝယ်ချင်သူ နည်းပါးခဲ့ပါတယ်။
ဒဂုံဆိပ်ကမ်းက အိမ်ရာကို စဆောက်ကတည်းက လိုချင်ခဲ့တာ ၊သူက တိုက်ခန်းချည်းသီးသန့် မဟုတ်ဘဲ တခြားအဆောက်အအုံတွေလဲ ပါဝင်တော့ မြို့တစ်မြို့လိုစည်လာမယ်၊ဈေးတွေလည်း သက်သာလာမယ်၊ အရစ်ကျကိုလည်း အိုးအိမ်ဘက်က ၁၀ နှစ်လောက် ပေးလို့ရမယ် ကြားထားတော့ အရမ်းအားခဲထားတာ အခုကျတော့ ကွန်ဒိုဈေးလောက်ရှိပြီး အရစ်ကျကလည်းပေးရမှာများတော့ အဆင်မပြေဘူးလို့ မြောက်ဒဂုံနယ် မှာနေထိုင်တဲ့ မချိုက ပြောပါတယ်။
တန်းတူဝန်ဆောင်မှု လိုအပ် ဒါ့အပြင် အဆင့်မြင့်တိုက်ခန်းတွေကို နိုင်ငံခြားသားဝယ်ယူခွင့်ပါ ပေးသွားမယ်ဆိုတာ ကြောင့်လည်း လာရောက်ဝယ်ယူနေထိုင်သူတွေက အခန်းဝယ်ယူသူကိုပေးမယ့် ဝန်ဆောင်မှုတွေကို စိတ်ဝင်စားမှု ရှိနေပါတယ်။မြို့တွင်းမှာရောင်းချတဲ့ ကွန်ဒိုနဲ့ အဆင့်မြင့်တိုက်ခန်းတွေမှာ လုံခြုံရေးအပါအဝင် အခြားဝန်ဆောင်မှုတွေလည်း ပါဝင်တာကြောင့် အစိုးရတိုက်ခန်းတွေမှာပါဝင်တဲ့ ဝန်ဆောင်မှုတွေကို မေးမြန်းတာမျိုးရှိနေပါတယ်။
အရင်ကရောင်းချတဲ့ အဆင့်မြင့် အိမ်ရာတွေမှာတော့ ငွေအကျေပေး အခန်းသော့အပ်လောက်သာရှိတာကြောင့် နောက်ပိုင်းဆောက်လုပ်တဲ့ ဓါက်လှေကားဆောက်လုပ်တာတွေရဲ့ ပြုပြင်ထိန်းသိမ်းမှုတွေအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်း ကွန်ဒိုဝယ်ယူသူတွေ အတွက် စုပေါင်းမြေပိုင်ဆိုင်မှု ရရှိတဲ့ ကိစ္စတွေကြောင့်လည်း မြေအချိုးကျပိုင်ဆိုင်ခွင့် မပေးတဲ့ အစိုးရတိုက်ခန်းတွေကို ဝယ်ယူဖို့ လက်တွန့်စေတာပဲ ဖြစ်ပါတယ်။
အိမ်ဝယ်တယ် ဆိုရင် အားလုံးကတန်းတူ ဈေးပေးရရင် တန်းတူ အခွင့်အရးတော့လိုချင်ကြတယ် အပြင်မှာရောင်းတဲ့ကွန်ဒို တွေတောင် အပြိုင်အဆိုင် ဝန်ဆောင်မှုကိုကြည့်ပြီး ဝယ်လက်ကလာတော့ အစိုးရအဆင့်မြင့် အိမ်ရာတွေလည်း တန်းတူရပိုင်ခွင့်တွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
Ref : Myanmar Times
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ