By Ra Wai, Shweproperty.com
Updated at 5 April 2022
အိမ်တိုင်းမှာလုပ်လေ့ရှိတဲ့အရာတွေက ပစ္စည်းတွေကို ကြာရှည်စွာသုံးစွဲတာ၊ တစ်ခုခုပျက်စီးသွားရင်ပြန်ပြီးသုံးမယ်ဆိုပြီးလွှင့်မပစ်ရက်ပဲသိမ်းထားတာတွေ၊ အသစ်မလဲပဲပစ္စည်းဟောင်းတွေကို အထပ်ထပ်သုံးစွဲနေတာမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင်အိမ်ကိုထိန်းသိမ်းတဲ့သူတွေလုပ်တတ်တဲ့အယူအဆအမှားတွေလည်း ရှိနေပါသေးတယ်။သက်တမ်းကုန်ဆုံးရက်မရှိဘူးထင်ပြီးပစ္စည်းတွေကို သုံးစွဲတာတွေရှိနေတာကြောင့်အိမ်တွင်းပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြပေးလိုက်ရပါတယ်နော် (၁) သွားတိုက်တံ သွားနှင့်ခံတွင်းကျန်းမာရေးအတွက်သွားဆရာဝန်တွေကသွားတိုက်တံကို ၃ လကိုတစ်ကြိမ်လဲလှယ်ဖို့ အကြံပြုထားပါတယ်။ ၃ လထက်ပိုပြီး ကြာအောင် သုံးစွဲတဲ့အခါသွားတိုက်တံမှာဘတ်တီးရီးယားပိုးမွှားတွေ၊ရောဂါပိုးတွေကပ်ညိနိုင်ခြေအများအပြားရှိနေလို့ ၃ လ ထက် ပိုကြာအောင်မသုံးသင့်ပါဘူး။ (၂) တဘက် (သို့) ကိုယ်သုတ်ပုဝါ မျက်နှာသုတ်ပုဝါ ပုဝါတွေကတော့အချိန်ကြာကြာ အသုံးပြုလို့ရပါတယ်။ဒါပေမယ့်သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက်ပုဝါတွေကိုတစ်နှစ်နှစ်နှစ်ထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။ (၃) ဘီး ဘီးတွေကိုအိမ်တွေမှာနှစ်နဲ့ချီအောင် အသုံးပြုကြလေ့ရှိပါတယ်။ဒါပေမဲ့ဘီးတွေကိုနှစ်တိုင်းအသစ်တစ်ချောင်းလဲပေးသင့်သလိုအပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ (၄) ခေါင်းအုံး အိမ်တွေအတော်များများကခေါင်းအုံးတွေကိုနှစ်ပေါင်များစွာကြာအောင်သိမ်း ဆည်းအသုံးပြုကြပါတယ်။ဒါပေမဲ့ခေါင်းအုံးတွေကနှစ်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီးပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေခိုအောင်းရာနေရာဖြစ်လာပြီး သင့်ကျန်းမာရေးအတွက်ထိခိုက်နိုင်ပါတယ်။ဒါကြောင့်ခေါင်းအုံးတွေကို ၁ နှစ် ၂ နှစ်ထက်ပိုအသုံးမပြုပဲအသစ်လဲလှယ်ပေးခြင်းကအိမ်အတွက်သန့်ရှင်းမှုရော ကျန်းမာရေးအတွက်ပါအထောက်အကူ ဖြစ်စေပါတယ်။ (၅) ရေမွှေး ရေမွှေးကိုနှစ်တွေအကြာကြီးသုံးလို့ရတဲ့ အရာလို့သင်သိထားရင်တော့အဲ့ဒီအသိကမှားပါတယ်။ရေမွှေးတွေကိုပုလင်းအဖုံးဖွင့်ပြီးရင်ဖွင့်တဲ့အချိန်ကနေတစ်နှစ် နှစ်နှစ်ကြာအောင်သုံးစွဲနိုင်ပါတယ်။ ပု လင်းအသစ်ဆိုရင်တော့သူတို့ရဲ့ သက် တမ်းက ၃ နှစ်ဖြစ်ပါတယ်။ (၆) အမျိုးသမီး အပေါ်ဝတ်အတွင်းခံ အမျိုးသမီးအတွင်းခံအဝတ်တွေကိုပုံမှန်လျှော်ဖွတ်ရတဲ့အဝတ် အစားထဲမှာပါဝင်ပါတယ်။အတွင်းဝတ်တွေကိုနှစ်ကြာကြာ မသုံးသင့်ပါဘူး။တစ်နှစ်နှစ်နှစ်ထက် ပိုကြာတဲ့အခါသူတို့ကလျော့ရဲမှုတွေ ရှိလာသလိုပုံစံတွေလည်းပျက်သွားတတ်ပါတယ်။ ဒါ့အပြင်ရင်သားကိုပုံစံတကျ ထိန်းနိုင်မှုကိုလည်းလျော့ကျသွားတာကြောင့် ၂ နှစ်ထက်တော့ပိုမဝတ်ဆင်သင့်ပါဘူး။ (၇) ဟင်းခတ်အမွှေးအကြိုင် အိမ်ထောင်ရှင်မအများစုကဟင်းခတ်ပစ္စည်းတွေအခြောက် အခြမ်းတွေကို ကြာရှည်စွာသိုလှောင်ထားပြီးလိုတဲ့အခါ ထုတ်ချက်တာမျိုးတွေလုပ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးနှစ်ထက်ပိုပြီး မသိုလှောင်ထားသင့်သလို ၃ နှစ်ထက်ကျော်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်းမသုံးစွဲသင့်ပါတယ်။ ဒီကာလကို ကျော်သွားရင်ဟင်းခတ်အမွှေးအကြိုင်တွေရဲ့အာနိသင်တွေကပျက်သွားတာကြောင့်မသုံးသင့်ပါဘူး။အားလုံးပဲ သန့် ရှင်းပြီးစနစ်ကျတဲ့အိမ်တွေဖြစ်အောင်ဖန်တီးနိုင်ကြပါစေနော်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သဘာဝအတိုင်း ပတ်ဝန်းကျင်လေထုကို သန့်စင်ပြီး အိမ်ကိုအေးမြစေတဲ့အပင် (၆)မျိုး သင့် အိမ်တွင်းထဲကလေကို သန့်ရှင်းစေတဲ့ စိုက်ပျိုးပင် ၈ မျိုး အိမ်မှာစိုက်ထားလိုက်ရုံနဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေ လုံးဝမလာတော့မယ့် အပင် သင့် အိမ်တွင်းထဲကလေကို သန့်ရှင်းစေတဲ့ စိုက်ပျိုးပင် ၈ မျိုး Credit By: achawlaymyar Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ