By ဝိုင်းနန္ဒီထွန်း, Shweproperty.com
Updated at 28 August 2019
ပြည်သူလူထုက ယုံကြည်မှုနဲ့ လာရောက်အပ်နှံထားတဲ့ ငွေကြေးတွေ မဆုံးရှုံးဖို့ ဘဏ်တွေမှာတာဝန်ရှိတဲ့ အတွက် သက်တမ်းလွန်ချေးငွေတွေကို ထိရောက်စွာကိုင်တွယ်ဖို့ လိုအပ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးစိုးသိန်းက ပြောပါတယ်။
သြဂုတ်လ(၂၇)ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ ပြိုမလဲစေရန် ဘဏ်လုပ်ငန်းရှင်များနဲ့ ဗဟိုဘဏ်တို့ဆွေးနွေးမှုတွေ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ ဘဏ်တွေက ထုတ်ချေးထားတဲ့ ပိုက်ဆံဟာ ဘဏ်ရဲ့ပိုက်ဆံ မဟုတ်ပါဘူး၊ ပြည်သူတွေက ယုံကြည်စွာ အပ်နှံထားတဲ့ ပြည်သူ့ပိုက်ဆံဖြစ်တဲ့အတွက် သေချာစီမံခန့်ခွဲဖို့လိုတယ်” လို့ ဗဟိုဘဏ်ဒုတိယဥက္ကဌက ပြောကြားခဲ့တာဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ရဲ့ချေးငွေကို (၂)နှစ် (၃)နှစ်လောက် မဆပ်ဘဲ ရှိလာပြီဆိုရင်တော့ ဘဏ်တွေ အနေနဲ့ သက်တမ်းလွန်ချေးငွေတွေကို ထိထိရောက်ရောက် ကိုင်တွယ်ရမှာဖြစ်ကြောင်း ဆိုပါတယ်။
ပြည်တွင်းဘဏ်တွေအနေနဲ့ အာမခံအမျိုးအစားအလိုက် ချေးငွေထုတ်ချေးပေးမှုမှာ မြေနဲ့အဆောက်အအုံ အတွက် အများဆုံးထုတ်ချေးပေးလျက်ရှိပြီး စုစုပေါင်း ချေးငွေရဲ့ (၇၇)ရာခိုင်နှုန်းရှိကြောင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Written By : ဝိုင်းနန္ဒီထွန်း (ShweProperty.com)
Photo Credit : google
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ