By Aye Sandar, Shweproperty.com
Updated at 28 January 2021
ပေါ့ဆမြဲ ပေါ့ဆနေတတ်သော၊ သတိထားဖို့ရာ မေ့လျော့နေသော၊ မရှိမဖြစ် အိမ်သုံးပစ္စည်းတွေရဲ့ ဆိုးကျိုးရလဒ်များကို ကြိုတင်သိရှိထားခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို ရရှိပိုင်ဆိုင်စေနိုင်မည် ဖြစ်သည်။ သိသော်ငြား လိုက်နာသူရှားသည့် အောက်ပါအချက်များကို တစ်စုံတစ်ရာ အကျိုးရှိသွားစေရန် မျှဝေပေးလိုက်ပါသည်။ (၁) လက်သန့်ဆေးရည် ကိုဗစ်ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျှောက် စနစ်တကျလက်ခဏဏဆေးခြင်း အလေ့အထကို လူတော်တော်များများ လိုက်နာဆောင်ရွက်လာသလို အချိန်နေရာမရွေး အသုံးပြုနိုင်သည့် ရေမလို လက်သန့်ဆေး အိတ်ဆောင် (Hand Gel) ဘူးများကိုလည်း လူတိုင်း ဆောင်လာကြသည်။ အဆိုပါ လက်သန့်ဆေးရည်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ရှိသေးသည်။ ပြင်သစ်နိုင်ငံရှိ ပညာရှင်များရဲ့ သုတေသနပြုချက်အရ ကလေးသူငယ်များ၏ မျက်လုံးထဲ လက်သန့်ဆေးရည် မတော်တဆ ဝင်သွားပါက မျက်လုံးထိခိုက်မှု ဖြစ်စေသည်ဟု ဆိုသည်။ ၂၀၂၀ ပြည့်နှစ်တွင် လက်သန့်ဆေးရည်မျက်လုံးထဲဝင်သဖြင့် ကလေးငယ် ၁၆ ဦး မျက်စိဆေးရုံတက်ရောက်ခဲ့ရကြောင်းနှင့် ထိုအထဲမှ ၂ ဦးမှာ ပြင်းထန်စွာ ထိခိုက်ခဲ့လို့ မျက်ကြည်လွှာအစားထိုး ကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ အရာရာတွင် တန်ဆေးလွန်ဘေး ရှိသည်ဆိုသော အချက်ကို ထည့်သွင်းစဉ်းစားသင့်ပြီး မဖြစ်မနေ လိုအပ်မှသာလက်သန့်ဆေးရည်သုံးပြီး၊ အသုံးပြုရာတွင်လည်း အထူးသဖြင့် ကလေးငယ်များကို စနစ်တကျ သုံးရန် လမ်းညွှန်ပြောကြားထားသင့်ပါသည်။ (၂) အိမ်သာ၊ ရေချိုးခန်းသုံး သန့်စင်ကြေးချွတ်ဆေးရည်များ ကြမ်းပြင်သန့်စင်ဆေးရည်၊ ရေချိုးခန်း၊ အိမ်သာသန့်စင်ဆေးရည်တွေများတွင် အများအားဖြင့် Hydrochloric acid ကို အသုံးပြုသည်။ အဆိုပါအက်ဆစ်သည် မျက်လုံးနဲ့ အသားအရည်ကို ထိမိပါက အန္တရာယ်အလွန်များသော ဓာတုပစ္စည်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ချွတ်ဆေးအနံ့များကို ရှူရှိုက်ပါများလာပါက နာတာရှည် ခေါင်းကိုက်ရောဂါကို ဖြစ်စေနိုင်ပြီး ကလေးငယ်များ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အဆိုပါ ဓာတုဆေးရည်များနဲ့ သန့်ရှင်းရေးပြုလုပ်တော့မည်ဆိုပါက နှာခေါင်းစည်း mask စနစ်တကျ တပ်ဆင်ခြင်း၊ လက်အိတ်စွပ် ကိုင်တွယ်ခြင်း၊ လေဝင်လေထွက်ကောင်းအောင် အိမ်တံခါးများ ဖွင့်ထားခြင်း၊ ကလေးငယ်များ လက်လှမ်းမမီနိုင်တဲ့ အမြင့်နေရာမှာ ထားတာမျိုးတွေကို သတိထားလုပ်ပေးဖို့ လိုပါမည်။ အသုံးပြုပြီးပါကလည်း အဖုံးလုံအောင် ပိတ်၍သိမ်းဆည်းထားရမည်။ (၃) Air Con ခန်းမှ ကျန်းမာရေး ပြဿနာ ဇိမ်ကျကျ အေးမြမြအရသာကို လူတိုင်းကြိုက်နှစ်သက်ကြသည်မှာ သဘာဝပါ။ အဲကွန်းလုံးဝ အသုံးမပြုခြင်းထက် သင့်တင့်မျှတ လျော့ပေါ့ အသုံးပြုဖို့ရာ ဦးစွာတိုက်တွန်းအပ်ပါသည်။ အဲကွန်းဖွင့်မှ အိပ်တတ်သည့်သူများ၊ အဲကွန်းခန်းအနေများသူများ သိထားလိုက်နာသင့်သည့်အချက်များကို အနည်းငယ်ပြောပြပေးလိုက်ပါသည်။ အဲကွန်းခန်းထဲမှာ အနေကြာခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အပြင်ဘက်ကို လေကောင်းလေသန့် မကြာခဏဆိုသလို ထွက်ရှူပေးသင့်ပါသည်။အဲကွန်းရဲ့ လုပ်ဆောင်မှုသည် ပန်ကာများနှင့်မတူ၊ အခန်းတွင်း လေထုအေးမြမှုသာ ပေးတဲ့ စက်ပစ္စည်းဖြစ်သလို Negative Effects မှာလည်း ပန်ကာအသုံးပြုခြင်းထက် ပိုပြင်းထန်လေသည်။ - အဲကွန်းအဖုံးများကို ဖြုတ်လဲကာသန့်ရှင်းရေး ပြုလုပ်ပေးရမည်။ အဲကွန်း အသုံးပြုတာ အချိန်ကြာလာသည်နှင့်တပြိုင်နက် ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်သောကြောင့် သန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။ - နာတာရှည်ရောဂါသည်များနှင့် အဆစ်ရောင်ဝေဒနာရှင်များအနေဖြင့် အဲကွန်းခန်းကြာကြာနေထိုင်ခြင်းသည် ရောဂါအခြေအနေကို ပိုဆိုးရွားစေနိုင်သဖြင့် အတတ်နိုင်ဆုံး အဲကွန်းလေကို ရှောင်ရှားသင့်သည်။ - အဓိကအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအချို့အပြင် အသားရည်ကို ခြောက်သွေ့စေနိုင်လို့ ရေဓာတ် ပိုဖြည့်တင်းပေးရန် လိုပါမည်။ - အဲကွန်းခန်းအနေများသူများတွင် နောက်ထပ်ဖြစ်ပွားလေ့ရှိသော ဆိုးကျိုးတစ်ရပ်မှာ မျက်လုံးနားတစ်ဝိုက် ကြိမ်းစက်ပြီး အမြင်အာရုံဝေဝါးခြင်း၊ ယားယံခြင်းကို ဖြစ်စေနိုင်သေးသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်အိမ်မှာ ခြင်ဆေးခွေ ၊အမွှေးတိုင်နှင့်ပရုတ်လုံးတွေ အသုံးပြုနေပါကမဖြစ်မနေ သိထားသင့်ပါတယ် အဲကွန်းသုံးတဲ့ အိမ်တိုင်း ၊ဆိုင်တိုင်း သတိထားရမည့် ကောင်းကျိုး ဆိုးကျိုးများ အိမ်တွေမှာ အလှစိုက်နေကြတဲ့ ရွက်လှပင်အကြောင်း ကြောက်စရာ အမွှေးတိုင်ကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးများ အိမ်တွေ ဆိုင်တွေမှာ အမွှေးတိုင်သုံးနေတယ်ဆိုရင် ဖတ်ကြည့်ပါ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ