By Myanmar Builders Guide, Shweproperty.com
Updated at 27 November 2019
#Unicode
ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ် (အရှေပိုင်း)နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့တွင် နေထိုင်ရေးအခက်အခဲရှိနေသည့် ဝင်ငွေနည်းပြည်သူများအတွက် သိန်း ၃ဝ၊ သိန်း ၂ဝ တန် နေအိမ်အလုံး ၇ဝဝ ကျော် ၆ လအတွင်းအပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဒဂုံ(အရှေ့)တွင် နေအိမ် ၃ဝ၈ လုံးနှင့် ဒဂုံ(တောင်)တွင် နေအိမ် ၄ဝဝ ဝန်းကျင်တည်ဆောက်ရန်အတွက် မြေနေရာရရှိထားပြီးဖြစ်၍ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတည်ထောင်သူဒေါ်ဗန်လီဇာအောင်က ပြောကြားခဲ့သည်။
''နေအိမ်တည်ဆောက်ရေးကတော့ နှစ်လ၊ သုံးလလောက် ခန့်မှန်းပါတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံ ဖြစ်တဲ့ လမ်းတို့၊ မီးတို့၊ ရေမြောင်းတို့နဲ့ ဆိုရင် စီမံကိန်းက နှစ်မြို့နယ်စလုံး အနည်းဆုံး ၆ လဝန်းကျင် ခန့်မှန်းထားတယ်''ဟု ၎င်းကပြောသည်။
ထိုနေအိမ်များမှာ လူထုအခြေပြုအိမ်ရာစီမံကိန်းအဖြစ် တိုင်းဒေသကြီးအစိုးရနှင့် ပျိုမေ့အိမ်အသင်းတို့ပူးပေါင်း အကောင်အထည်ဖော်နေခြင်းဖြစ်သည်။တိုင်းအစိုးရကမြေနေရာပေးခြင်း၊ ရေ၊ မီး၊ လမ်း စသည့် အခြေခံ အဆောက်အအုံများပံ့ပိုးပေးခြင်းများပြုလုပ်မည်ဖြစ်ကာပျိုမေ့အိမ်က နေထိုင်ရေးအခက်အခဲရှိသူများ စာရင်းပြုစုကောက်ခံခြင်း၊ ငွေစုငွေချေးဖွဲ့စည်းခြင်းနှင့် ချေးငွေရရှိရေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုစီမံကိန်းများကို ဒဂုံ(အရှေ့)၊ ၁၃ဝ ရပ်ကွက်ရှိ မြေ ၁၁ ဧကပေါ်တွင်လည်းကောင်း၊ တဒဂုံ(တောင်) ရိုးမရိပ် သာလမ်းအနီးရှိ မြေ ၁၁ ဧကနှင့် ကျီစုအနောက်ရပ်ကွက်အနီး လှော်ကားလမ်းမြေ ၄ ဧကကျော်တို့တွင် လည်းကောင်း အသီးသီးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယင်းမြို့နယ်တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
ထို့ပြင် စီမံကိန်းအတွက် သက်ဆိုင်ရာမြို့နယ်များရှိ အိမ်ရာဝယ်လိုသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာဗိသုကာ ပညာရှင်များ၊ ထိုင်း၊ ဖိလစ် ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများမှ ဗိသုကာပညာရှင်များနှင့် ပျိုမေ့အိမ်အသင်းတို့တွေ့ဆုံ၍ ဒီဇိုင်းရေးဆွဲခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
''နှစ် ၃ဝ နေထိုင်ခွင့်ရမယ်ဆိုတော့ လူထုကစိတ်ဝင်စားကြတယ်။ နောက်ပြီးတော့ မြေနဲ့အိမ်နဲ့ရမယ် ဆိုတဲ့အပေါ်မှာ တော်တော်လေးအားတက်သရောရှိကြပါတယ်။ မြေနေရာအတည်ပြုပြီးတာနဲ့ အကောင် အထည်ဖော်မယ်လို့ ပြောတယ်''ဟု ဒဂုံ (တောင်)တိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းနိုင်က ပြောကြားခဲ့သည်။
အလားတူ ဒဂုံ(အရှေ့)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်ကလည်း ''ပြည်သူတွေက ကိုယ်ပိုင် နေအိမ်လေးနဲ့ နေရမယ်ဆိုတော့ စိတ်ဝင်စားကြပါတယ်''ဟု ပြောသည်။
ယင်းမြို့နယ်နှစ်ခုရှိ နေအိမ်ဝယ်ယူလိုသူ ၇ဝဝ ကျော်အတွက် KEB Hana Microfinance Limited ထံမှ ချေးငွေရရှိရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယခုလအကုန်တွင် ချေးငွေရရှိရေးမှာ အဆင်သင့်ဖြစ်နေပြီဖြစ် ကြောင်း၊ မိသားစုဝင်အရေအတွက်နှင့် ဝင်ငွေအနည်းအများအပေါ်မူတည်ကာ အိမ်ဒီဇိုင်းရေးဆွဲတည် ဆောက်မည်ဖြစ်ကြောင်း ဒေါ်ဗန်လီဇာအောင်က ပြောသည်။
''ဝင်ငွေနိမ့်ပါးတဲ့သူတွေကို ရည်ရွယ်တာဖြစ်တဲ့အတွက် စစ်တမ်းအရဆိုရင် သိန်း ၃ဝ ဝန်းကျင်ရှိတဲ့ အိမ်ရာစီမံကိန်းတွေပဲ လုပ်ဖို့များပါတယ်။ တချို့လူတွေကျတော့လည်း ၃ဝ တော့မဟုတ်ဘူး။ ၂ဝ ဝန်းကျင် လောက်နဲ့ အဆင်ပြေတယ်ဆိုရင် အဲဒီလောက်နဲ့ဆောက်ဖို့ စီစဉ်ထားတယ်'' ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် ရွှေပြည်သာမြို့နယ်တွင် အကောင်အထည်ဖော်နေသည့် ကျပ်သိန်း ၃ဝ တန် အိမ်ခြေ ၂ဝဝ ကျော်စီမံကိန်းကို နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကိုယ်တိုင်သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ သည်။ ထိုစီမံကိန်းမှာလည်း ဒီဇင်ဘာတွင်ပြီးစီးမည်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလပိုင်းတွင် လူနေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ပျိုမေ့အိမ်အသင်းမှ သိရသည်။
#Zawgyi
ရန္ကုန္တိုင္းေဒသႀကီးရွိ ဒဂုံၿမိဳ႕သစ္ (အေရွပိုင္း)ႏွင့္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္တုိ႔တြင္ ေနထိုင္ေရးအခက္အခဲရွိေနသည့္ ဝင္ေငြနည္းျပည္သူမ်ားအတြက္ သိန္း ၃ဝ၊ သိန္း ၂ဝ တန္ ေနအိမ္အလံုး ၇ဝဝ ေက်ာ္ ၆ လအတြင္းအၿပီးတည္ေဆာက္မည္ျဖစ္ေၾကာင္း သိရွိရသည္။
ဒဂုံ(အေရွ႕)တြင္ ေနအိမ္ ၃ဝ၈ လုံးႏွင့္ ဒဂုံ(ေတာင္)တြင္ ေနအိမ္ ၄ဝဝ ဝန္းက်င္တည္ေဆာက္ရန္အတြက္ ေျမေနရာရရိွထားၿပီးျဖစ္၍ ဒီဇင္ဘာလဆန္းပိုင္းတြင္ စတင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ပ်ဳိေမ့အိမ္ လူမႈဖြံ႕ၿဖိဳးတုိးတက္ေရးအသင္းတည္ေထာင္သူေဒၚဗန္လီဇာေအာင္က ေျပာၾကားခဲ့သည္။
''ေနအိမ္တည္ေဆာက္ေရးကေတာ့ ႏွစ္လ၊ သုံးလေလာက္ ခန္႔မွန္းပါတယ္။ ဒါေပမဲ့ အေျခခံအေဆာက္အအုံ ျဖစ္တဲ့ လမ္းတို႔၊ မီးတို႔၊ ေရေျမာင္းတို႔နဲ႔ ဆိုရင္ စီမံကိန္းက ႏွစ္ၿမိဳ႕နယ္စလုံး အနည္းဆုံး ၆ လဝန္းက်င္ ခန္႔မွန္းထားတယ္''ဟု ၎ကေျပာသည္။
ထိုေနအိမ္မ်ားမွာ လူထုအေျချပဳအိမ္ရာစီမံကိန္းအျဖစ္ တိုင္းေဒသႀကီးအစိုးရႏွင့္ ပ်ဳိေမ့အိမ္အသင္းတို႔ပူးေပါင္း အေကာင္အထည္ေဖာ္ေနျခင္းျဖစ္သည္။တိုင္းအစိုးရကေျမေနရာေပးျခင္း၊ ေရ၊ မီး၊ လမ္း စသည့္ အေျခခံ အေဆာက္အအုံမ်ားပံ့ပိုးေပးျခင္းမ်ားျပဳလုပ္မည္ျဖစ္ကာပ်ဳိေမ့အိမ္က ေနထိုင္ေရးအခက္အခဲရွိသူမ်ား စာရင္းျပဳစုေကာက္ခံျခင္း၊ ေငြစုေငြေခ်းဖြဲ႕စည္းျခင္းႏွင့္ ေခ်းေငြရရွိေရးေဆာင္ရြက္ေပးျခင္းမ်ား ေဆာင္ရြက္လ်က္ရွိသည္။
ထုိစီမံကိန္းမ်ားကုိ ဒဂုံ(အေရွ႕)၊ ၁၃ဝ ရပ္ကြက္ရိွ ေျမ ၁၁ ဧကေပၚတြင္လည္းေကာင္း၊ တဒဂုံ(ေတာင္) ႐ိုးမရိပ္ သာလမ္းအနီးရိွ ေျမ ၁၁ ဧကႏွင့္ က်ီစုအေနာက္ရပ္ကြက္အနီး ေလွာ္ကားလမ္းေျမ ၄ ဧကေက်ာ္တုိ႔တြင္ လည္းေကာင္း အသီးသီးအေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ယင္းၿမိဳ႕နယ္တုိင္းလႊတ္ေတာ္ ကုိယ္စားလွယ္မ်ားက ဆိုသည္။
ထုိ႔ျပင္ စီမံကိန္းအတြက္ သက္ဆုိင္ရာၿမိဳ႕နယ္မ်ားရိွ အိမ္ရာဝယ္လုိသူမ်ား၊ ဌာနဆုိင္ရာမ်ား၊ ျမန္မာဗိသုကာ ပညာရွင္မ်ား၊ ထုိင္း၊ ဖိလစ္ ပုိင္၊ အိႏၵိယ၊ အင္ဒုိနီးရွား၊ ဘဂၤလားေဒ့ရွ္ စသည့္ႏုိင္ငံမ်ားမွ ဗိသုကာပညာရွင္မ်ားႏွင့္ ပ်ဳိေမ့အိမ္အသင္းတုိ႔ေတြ႕ဆုံ၍ ဒီဇုိင္းေရးဆြဲျခင္း၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား ျပဳလုပ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
''ႏွစ္ ၃ဝ ေနထိုင္ခြင့္ရမယ္ဆိုေတာ့ လူထုကစိတ္ဝင္စားၾကတယ္။ ေနာက္ၿပီးေတာ့ ေျမနဲ႔အိမ္နဲ႔ရမယ္ ဆိုတဲ့အေပၚမွာ ေတာ္ေတာ္ေလးအားတက္သေရာရွိၾကပါတယ္။ ေျမေနရာအတည္ျပဳၿပီးတာနဲ႔ အေကာင္ အထည္ေဖာ္မယ္လို႔ ေျပာတယ္''ဟု ဒဂုံ (ေတာင္)တုိင္းလႊတ္ေတာ္ ကုိယ္စားလွယ္ဦးသိန္းႏိုင္က ေျပာၾကားခဲ့သည္။
အလားတူ ဒဂုံ(အေရွ႕)တိုင္းလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္ေက်ာ္ေမာင္ကလည္း ''ျပည္သူေတြက ကိုယ္ပိုင္ ေနအိမ္ေလးနဲ႔ ေနရမယ္ဆိုေတာ့ စိတ္ဝင္စားၾကပါတယ္''ဟု ေျပာသည္။
ယင္းၿမိဳ႕နယ္ႏွစ္ခုရိွ ေနအိမ္ဝယ္ယူလုိသူ ၇ဝဝ ေက်ာ္အတြက္ KEB Hana Microfinance Limited ထံမွ ေခ်းေငြရရိွေရး ျပင္ဆင္ေဆာင္ရြက္လ်က္ရိွရာ ယခုလအကုန္တြင္ ေခ်းေငြရရိွေရးမွာ အဆင္သင့္ျဖစ္ေနၿပီျဖစ္ ေၾကာင္း၊ မိသားစုဝင္အေရအတြက္ႏွင့္ ဝင္ေငြအနည္းအမ်ားအေပၚမူတည္ကာ အိမ္ဒီဇုိင္းေရးဆြဲတည္ ေဆာက္မည္ျဖစ္ေၾကာင္း ေဒၚဗန္လီဇာေအာင္က ေျပာသည္။
''ဝင္ေငြနိမ့္ပါးတ့ဲသူေတြကို ရည္ရြယ္တာျဖစ္တဲ့အတြက္ စစ္တမ္းအရဆုိရင္ သိန္း ၃ဝ ဝန္းက်င္ရိွတဲ့ အိမ္ရာစီမံကိန္းေတြပဲ လုပ္ဖုိ႔မ်ားပါတယ္။ တခ်ဳိ႕လူေတြက်ေတာ့လည္း ၃ဝ ေတာ့မဟုတ္ဘူး။ ၂ဝ ဝန္းက်င္ ေလာက္နဲ႔ အဆင္ေျပတယ္ဆုိရင္ အဲဒီေလာက္နဲ႔ေဆာက္ဖုိ႔ စီစဥ္ထားတယ္'' ဟု ၎ကေျပာသည္။
လက္ရိွအခ်ိန္တြင္ ေရႊျပည္သာၿမိဳ႕နယ္တြင္ အေကာင္အထည္ေဖာ္ေနသည့္ က်ပ္သိန္း ၃ဝ တန္ အိမ္ေျခ ၂ဝဝ ေက်ာ္စီမံကိန္းကုိ ႏုိဝင္ဘာ ၁၈ ရက္ေန႔က ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း ကုိယ္တုိင္သြားေရာက္ ၾကည့္႐ႈစစ္ေဆးခဲ့ သည္။ ထုိစီမံကိန္းမွာလည္း ဒီဇင္ဘာတြင္ၿပီးစီးမည္ျဖစ္ၿပီး လာမည့္ ၂ဝ၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလပုိင္းတြင္ လူေနထုိင္ခြင့္ေပးမည္ျဖစ္ေၾကာင္း ပ်ဳိေမ့အိမ္အသင္းမွ သိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ