By Sint Sint, Shweproperty.com
Updated at 23 November 2020
Unicode
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အိမ်ခြံမြေရောင်းဝယ်ရာ၌ ပါမစ်အတု၊ ဂရန်အတုများ အသုံးပြုကာ လိမ်လည်ရောင်းချမှုများရှိလာသဖြင့် သေချာစွာစုံစမ်းပြီးမှ အရောင်းအဝယ် ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနောက်ပိုင်း အိမ်ခြံမြေများ လိမ်လည်ရောင်းချရာတွင် အသုံးပြုသော ပါမစ်အတု၊ ဂရန်အတုများသည် အစစ်နှင့်ခွဲခြားမရအောင် ပုံတူပြုလုပ်ထားခြင်းကြောင့် အိမ်ခြံမြေဝယ်လိုသူများအနေနှင့် ဂရုတစိုက် ကြည့်ရှု လေ့လာစုံစမ်းပြီးမှ ဝယ်ယူသင့်ကြောင်း၊ အဆိုပါ အိမ်ဂရန်များ၊ ပါမစ်များသည် သက်ဆိုင်ရာ မြို့နယ် များရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများတွင် သွားရောက်စုံစမ်း စစ်ဆေးမှသာ အတုအစစ် ကွဲပြားသိရှိနိုင်ကြောင်း သိရသည်။
ထိုသို့ စာရွက်စာတမ်းအတုများဖြင့် ရောင်းချရာတွင် အိမ်ဂရန်များ၊ ပါမစ်များကို အစစ်နှင့်ခွဲခြားမရအောင် ပုံတူပြုလုပ်၍ လိမ်လည်ရောင်းချသူများရှိသလို ပါမစ်များ၊ ဂရန်များကို ပျောက်ဆုံးသွားသည်ဟု အကြောင်းပြ ကာ အသစ်ပြန်လည် လျှောက်ထားပြီးနောက် ဂရန်နှစ်ခုဖြင့် ဝယ်သူနှစ်ဦးကို တစ်ပြိုင်နက်တည်း ရောင်းချ၍ လိမ်လည်သူများလည်းရှိသည်။
ပါမစ်အတု၊ ဂရန်အတုများဖြင့် အိမ်ခြံမြေများ လိမ်လည်ရောင်းချသူများသည် အများအားဖြင့် အုပ်စုဖွဲ့ ကာ လိမ်လည်နေကြခြင်းဖြစ်ပြီး ထိုသို့ လိမ်လည်ရောင်းချနေမှုများကို သက်ဆိုင်ရာအနေဖြင့် တိုင်ကြားသူ ရှိမှသာ အရေးယူဆောင်ရွက်ပေးပြီး ယခုလက်ရှိတွင် သီးသန့်စုံစမ်းဖော်ထုတ်သည့်အဖွဲ့ ဖွဲ့စည်းကာ လိုက်လံ အရေးယူခြင်းများ မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။
အိမ်ခြံမြေများ ဝယ်ယူကြသောအခါ သတ်မှတ်ထားသည့် အဆင့်အလိုက် စစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်သော်လည်း ဝယ်ယူသူအများစုသည် ယင်းကဲ့သို့ စနစ်တကျစစ်ဆေးမှုများ မပြုလုပ်ကြခြင်းကြောင့် အလိမ်ခံရသောပြဿနာများ ကြုံတွေ့ရခြင်းဖြစ်ကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက နားလည်တတ်ကျွမ်းသူများ အကူအညီဖြင့် သက်ဆိုင်ရာသို့ ချက်ချင်းတိုင်ကြားသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ပြောသည်။
နောက်ဆုံးရ သတင်းများ
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
မိုးပျံ အမြန်လမ်းစီမံကိန်းအပိုင်း( ၁)အတွက် အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်း
အင်းလျားကန်ရေရှည်တည်တံ့ခိုင်မြဲစေရေး နည်းပညာဆိုင်ရာလုပ်ငန်းများ EOI တင်ပြရန် ဖိတ်ခေါ်
Zawgyi
ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ အိမ္ၿခံေျမေရာင္းဝယ္ရာ၌ ပါမစ္အတု၊ ဂရန္အတုမ်ား အသုံးျပဳကာ လိမ္လည္ေရာင္းခ်မႈမ်ားရွိလာသျဖင့္ ေသခ်ာစြာစုံစမ္းၿပီးမွ အေရာင္းအဝယ္ ျပဳလုပ္သင့္ေၾကာင္း ျမန္မာႏိုင္ငံ အိမ္ၿခံေျမအက်ိဳးေဆာင္ လုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ယခုေနာက္ပိုင္း အိမ္ၿခံေျမမ်ား လိမ္လည္ေရာင္းခ်ရာတြင္ အသုံးျပဳေသာ ပါမစ္အတု၊ ဂရန္အတုမ်ားသည္ အစစ္ႏွင့္ခြဲျခားမရေအာင္ ပုံတူျပဳလုပ္ထားျခင္းေၾကာင့္ အိမ္ၿခံေျမဝယ္လိုသူမ်ားအေနႏွင့္ ဂ႐ုတစိုက္ ၾကည့္ရႈ ေလ့လာစုံစမ္းၿပီးမွ ၀ယ္ယူသင့္ေၾကာင္း၊ အဆိုပါ အိမ္ဂရန္မ်ား၊ ပါမစ္မ်ားသည္ သက္ဆိုင္ရာ ၿမိဳ႕နယ္ မ်ားရွိ ၿမိဳ႕႐ြာႏွင့္ အိုးအိမ္ဖြံ႕ၿဖိဳးေရး ဦးစီးဌာနမ်ား၊ စည္ပင္သာယာေရးေကာ္မတီမ်ားတြင္ သြားေရာက္စုံစမ္း စစ္ေဆးမွသာ အတုအစစ္ ကြဲျပားသိရွိႏိုင္ေၾကာင္း သိရသည္။
ထိုသို႔ စာ႐ြက္စာတမ္းအတုမ်ားျဖင့္ ေရာင္းခ်ရာတြင္ အိမ္ဂရန္မ်ား၊ ပါမစ္မ်ားကို အစစ္ႏွင့္ခြဲျခားမရေအာင္ ပုံတူျပဳလုပ္၍ လိမ္လည္ေရာင္းခ်သူမ်ားရွိသလို ပါမစ္မ်ား၊ ဂရန္မ်ားကို ေပ်ာက္ဆုံးသြားသည္ဟု အေၾကာင္းျပ ကာ အသစ္ျပန္လည္ ေလွ်ာက္ထားၿပီးေနာက္ ဂရန္ႏွစ္ခုျဖင့္ ၀ယ္သူႏွစ္ဦးကို တစ္ၿပိဳင္နက္တည္း ေရာင္းခ်၍ လိမ္လည္သူမ်ားလည္းရွိသည္။
ပါမစ္အတု၊ ဂရန္အတုမ်ားျဖင့္ အိမ္ၿခံေျမမ်ား လိမ္လည္ေရာင္းခ်သူမ်ားသည္ အမ်ားအားျဖင့္ အုပ္စုဖြဲ႕ ကာ လိမ္လည္ေနၾကျခင္းျဖစ္ၿပီး ထိုသို႔ လိမ္လည္ေရာင္းခ်ေနမႈမ်ားကို သက္ဆိုင္ရာအေနျဖင့္ တိုင္ၾကားသူ ရွိမွသာ အေရးယူေဆာင္႐ြက္ေပးၿပီး ယခုလက္ရွိတြင္ သီးသန႔္စုံစမ္းေဖာ္ထုတ္သည့္အဖြဲ႕ ဖြဲ႕စည္းကာ လိုက္လံ အေရးယူျခင္းမ်ား မလုပ္ေဆာင္ႏိုင္ေသးေၾကာင္း သိရသည္။
အိမ္ၿခံေျမမ်ား ၀ယ္ယူၾကေသာအခါ သတ္မွတ္ထားသည့္ အဆင့္အလိုက္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ရန္ လိုအပ္ေသာ္လည္း ၀ယ္ယူသူအမ်ားစုသည္ ယင္းကဲ့သို႔ စနစ္တက်စစ္ေဆးမႈမ်ား မျပဳလုပ္ၾကျခင္းေၾကာင့္ အလိမ္ခံရေသာျပႆနာမ်ား ႀကဳံေတြ႕ရျခင္းျဖစ္ေၾကာင္းႏွင့္ ျပႆနာတစ္စုံတစ္ရာ ျဖစ္လာပါက နားလည္တတ္ကြၽမ္းသူမ်ား အကူအညီျဖင့္ သက္ဆိုင္ရာသို႔ ခ်က္ခ်င္းတိုင္ၾကားသင့္ေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားက ေျပာသည္။
ေနာက္ဆုံးရ သတင္းမ်ား
ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္အျပင္ပတ္လမ္းစီမံကိန္း ဦးေဆာင္ေကာ္မတီ၏ စတုတၳအႀကိမ္ အစည္းအေဝးက်င္းပ
မိုးပ်ံ အျမန္လမ္းစီမံကိန္းအပိုင္း( ၁)အတြက္ အေမရိကန္ေဒၚလာသန္း ၈၀၀ ခန္႔ကုန္က်မည္ဟု ခန္႔မွန္း
အင္းလ်ားကန္ေရရွည္တည္တံ့ခိုင္ၿမဲေစေရး နည္းပညာဆိုင္ရာလုပ္ငန္းမ်ား EOI တင္ျပရန္ ဖိတ္ေခၚ
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ