By Sint Sint, Shweproperty.com
Updated at 6 October 2020
အိမ်တစ်အိမ်ကို အလှဆင်တဲ့အခါ လှလည်းလှ ကိုယ့်အတွက်ကောင်းကျိုးလည်းပြုစေမယ့် နည်းလေးတွေသုံးပြီး အလှဆင်မယ်ဆိုရင် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။ ဒါကြောင့် ကံကောင်းခြင်းတွေဖြစ်စေမယ့် အိမ်အလှဆင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တံခါးကိုဒီအရောင်လေးတွေသုတ်ပါ
အိမ်ရဲ့ တံခါးမကြီးက မြောက်ဘက်မှာဆို အပြာ ဒါမှမဟုတ် အနက်ရောင်၊ တောင်ဘက်မှာဆိုရင် အနီ ဒါမှမဟုတ် လိမ္မော်ရောင်၊ အရှေ့မှာဆိုရင် အညို ဒါမှမဟုတ် အစိမ်းရောင်၊ အနောက်ဘက်ကို မျက်နှာလှည့်ထားရင် မီးခိုးရောင် ဒါမှမဟုတ် အဖြူရောင်ဆေးသုတ်မယ်ဆိုရင် ကံကောင်းစေတယ်လို့ ယူဆကြပါတယ်။
(၂) ပန်းအိုးနဲ့သစ်သီးလေးတွေ
အိမ်ရဲ့ပြတင်းပေါက်နားမှာ ပန်းအိုး ၊ သစ်သီးဗန်းလေးတွေထားပေးခြင်းက အိမ်သားတွေကို ကံကောင်းစေပြီး ပိုက်ဆံလည်းပိုဝင်စေနိုင်ပါတယ်။
(၃) ဧည့်ခန်းထဲက ပရိဘောဂတွေကိုထားသိုနည်း
ဧည့်ခန်းထဲက စားပွဲတွေထိုင်ခုံတွေကို စက်ဝိုင်းပုံထားတာက ဝင်ငွေကောင်းစေပြီး ကံကောင်းစေတယ်လို့ဆိုပါတယ်။ တကယ်လို့ အဝိုင်းပုံမဟုတ်ဘူးဆိုရင်တောင် ထိုင်ခုံတွေကိုတစ်တန်းတည်းမထားဘဲ ဝိုက်ဝိုက်လေးထားပေးပါ။
(၄) ဝါးနဲ့အလှဆင်ပါ
အိမ်ထဲကပရိဘောဂတချို့ကို ဝါးနဲ့အလှဆင်တာမျိုး၊ ဝါးနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေ အိမ်ထဲမှာထားတာမျိုးကလည်း ကံကောင်းခြင်းကို ဖြစ်စေပါတယ်။
(၅) ရှင်းရှင်းလင်းလင်းထားပါ
အိမ်ထဲမှာ ရှုပ်ပွနေတာက ကိုယ်လုပ်သမျှအရာတွေ လျှောလျှောရှုရှုမပြီးဘဲ ကြန့်ကြာနေတာမျိုး၊ ဝင်ငွေနှောင့်နှေးတာမျိုးကိုဖြစ်စေတာကြောင့် အိမ်ထဲမှာ ရှင်းရှင်းလင်းလင်းထားပါ။
(၆) အမွှေးနံ့လေးတွေ
အိမ်ထဲမှာ အနံ့အသက်ကောင်းလေးတွေရှိနေတာကလည်း ကံကောင်းခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် အိမ်ထဲက လိုက်ကာလေးတွေကို အမွှေးနံ့လေးတွေဆွတ်ထားတာမျိုး၊ အမွှေးနံ့ထွက်တဲ့ဖယောင်းတိုင်ထွန်းတာမျိုး စသဖြင့်လုပ်ပေးပါ။
(၇) ကြာကန်လေးတွေထားပါ
ရေကန်သေးသေးလေးနဲ့ ကြာပန်းလေးတွေစိုက်ထားတာက ငွေကြေးကံကောင်းစေတဲ့အပြင်၊ တခြားကံကောင်းခြင်းတွေကိုလည်းဖြစ်စေနိုင်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်မှာမထားသင့်တဲ့ လာဘ်လာဘပိတ်စေနိုင်တဲ့အရာများနှင့် အပြုအမူများ
သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အိမ်တွင်းအန္တာယ် (၈) အခုအကြောင်း
အိမ်တွေမှာ အသုံးများတဲ့ ဒယ်အိုးနီရဲ့ မာယာ အန္တရာယ်အကြောင်း
ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာ(၅)မျိုး
Credit : Aunty May
Photo Credit : Nerolac
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ