By Myanmar Builders Guide, Shweproperty.com
Updated at 5 March 2019
သိမ်းဆည်းခံလယ်ယာမြေများကို တောင်သူများလက်ဝယ်သို့ ပြန်လည်ရောက်ရှိရန်ဆောင်ရွက်ပေးလျက်ရှိရာ မြေဧကပေါင်းလေးသိန်းကျော်ကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ကျန်စွန့်လွှတ်မြေများကိုလည်း တောင်သူများ
လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိရန်လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မတ် ၂ ရက်တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
သိမ်းဆည်းခံလယ်ယာ ခြံမြေများကို ပြန်လည်ရရှိရေးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်အထိ ဧကပေါင်း ၄၂၅,၄၀၆ ဧကကို ပြန်လည်စွန့်လွှတ်ပေးအပ်နိုင်ခဲ့ပြီး အဆိုပါမြေများအနက် ဧကပေါင်း ၄၀၆,၇၁၉ ဧကအား တောင်သူများလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။
ဦးစားပေး
တောင်သူများ၏လူနေမှုဘဝမြင့်မားတိုးတက်ရေးအတွက် မြေပိုင်ဆိုင်ခွင့်လက်မှတ်များကို တစ်နှစ်အတွင်းရရှိရေး၊ လယ်ယာမြေသွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပေး ရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိသည်။
ကြပ်မတ်ဆောင်ရွက်
ဥပဒေမဲ့သိမ်းဆည်းထားသည့်လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးနှင့် နစ်နာကြေးရရှိရေး၊ စွန့်လွှတ်ပြီးမြေများကို မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်လည်အပ်နှံရေး၊ မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံလယ်ယာမြေများကို ကော်မတီအသီးသီးက အမြန်ဆုံးပြန်လည်စိစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏သဝဏ်လွှာ၌ ဖော်ပြပါရှိသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ