By kumudra, Shweproperty.com
Updated at 10 July 2014
ကွန်ဒိုဥပဒေမှာ နိုင်ငံခြားသားတွေကို ဒေါ်လာငွေနဲ့ ကွန်ဒိုတိုက်ခန်းရောင်းချခွင့်ပြုဖို့ အဆိုတင်ပြထားတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဌေးသာက 'ကွန်ဒိုတွေကို နိုင်ငံခြားသားတွေပါ ဝယ်ယူခွင့်ရှိတယ်၊ ရာခိုင်နှုန်းတစ်ချို့တစ်ဝက် ရောင်းချခွင့်ရှိတယ်၊နိုင်ငံခြားသားက ဝယ်ယူခွင့်ရှိတယ်၊ ပိုင်ဆိုင်ခွင့်ရှိတယ်' လို့ ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ဒေါ်လာနဲ့ ရောင်းချရလို့ နိုင်ငံခြားငွေ လည်းရရှိမှာ ဖြစ်ပြီး တိုင်းပြည်ထဲ နိုင်ငံခြားငွေ စီးဝင်လာမှာဖြစ်ပါတယ်။ နိုင်ငံခြားသားဝယ်ယူတာနဲ့ နိုင်ငံသားဝယ်တာနဲ့က ကွာခြားချက်မရှိပါပါဘူး။ ရောင်းချတဲ့ ဈေးနှုန်းအတူတူပဲ ရောင်းချမှာဖြစ်ပါတယ်။ နိုင်ငံခြားသားဝယ်ယူရင်လည်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ဆိုလည်း နိုင်ငံခြားသားကို သင့်လျော်တဲ့ ငွေလဲလှယ်နှုန်းနဲ့ ရောင်းချမှာဖြစ်ပါတယ်။ ဈေးနှုန်း နှစ်ဆ၊ သုံးဆ မြှင့်ပြီး ရောင်းလို့ အဆင်မပြေနိုင်ဘူး။ နိုင်ငံတကာမှာ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကွန်ဒိုဝယ်ယူရင် ဈေးနှုန်းတစ်မျိးပဲ သတ်မှတ်ပြီး ရောင်းချတယ်လို့ သိရပါတယ်။ ကွန်ဒိုမီနီယံဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲလျက်ရှိပြီး ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအငှားဖြစ်နေတဲ့ ကွန်ဒိုတိုက်ခန်းဈေးနှုန်း တွေကတော့ ကျပ် ၁၀သိန်းမှ ကျပ် ၆၅သိန်းအထိဖြစ်ပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ