By မင်းသိင်္ခ - Min Thein Kha, Shweproperty.com
Updated at 17 February 2025
ရှေးတရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေအယူအဆများမှာ ကြည့်မှန်ကိုထားသိုတဲ့အခါမှာ လွန်စွာအရေးပါလှပါတယ်။ ကြည့်မှန်သည် ဖုန်းရွှေပညာတွင် တွန်းအားတစ်ခုအဖြစ် အမြဲရပ်တည်လျှက်ရှိပါသည်။ တွန်းအားဟုဆိုရာဝယ် ကောင်းသောအရာကို ဆတိုးတိုးကာ တွန်းအားပေးသကဲ့သို့ မကောင်းသောအရာဆိုလျှင်လည်း ဆတိုးတွန်းအားပေးတတ်သောကြောင့် အထူးဂရုပြုသင့်ပါသည်။ ကြည့်မှန်ကို ရုံးခန်းနှင့် နေအိမ်တို့တွင် နေရာမှန်ကန်စွာတပ်ဆင်ခြင်းဖြင့် ကောင်းသောခွန်အားစီးဆင်းမှုနှင့် မင်္ဂလာရှိသော ဖုန်းရွှေစီးဆင်းမှုတို့ကို ဖြစ်ပေါ်စေမည်ဖြစ်သောကြောင့် လေ့လာမှတ်သားထားသင့်ပါသည်။ ဖုန်းရွှေကို နေရာချခြင်း အနုပညာလို့လည်း တချို့က တင်စားကြပါသေးတယ်။ သင့်ရဲ့ ပရိဘောဂတွေ ပိုင်ဆိုင်မှုတွေ၊ ပြီးတော့ သင်ကိုယ်တိုင်ကိုပါ ပတ်ဝန်းကျင်မှာ ဘယ်လိုနေရာချထားတယ် ဆိုတာကနေ သင့်နေ့စဉ်ဘဝ ကြုံတွေ့မှုတွေရဲ့ အခြေအနေ အရပ်ရပ်ကိုပါ ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရွှေက သင်ကိုယ်တိုင်ရော၊ သင့်ပတ်ဝန်းကျင်ကိုပါ ပြန်လည်သုံးသပ်နိုင်အောင် ဖန်တီးပေးတဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုလို့လည်း ဆိုနိုင်ပါသေးတယ်။ သင်နဲ့ သင့်ပတ်ဝန်းကျင်ကြားမှာ သဟဇာတဖြစ်ဖို့၊ သက်တောင့်သက်သာဖြစ်ဖို့၊ စည်းစနစ်ကျနဖို့ တခြားနည်းလမ်းတွေက ဆောင်ရွက်ဖို့ ခက်ပေမယ့် ဖုန်းရွှေက ဆောင်ယူဖန်တီးပေးနိုင်ပါတယ်။ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေထိုင်ပြီး နေ့စဉ် တိုးတက်မှုတွေ ရှိအောင် ဖန်တီးပေးတဲ့ ဒီနည်းစနစ်ကို ရာစုနှစ်ပေါင်းများစွာ ပညာရှင်တွေ လက်တွေ့အသုံးချခဲ့ကြပါတယ်။ ဖုန်းရွှေပညာနဲ့ ကြည့်မှန် (Mirror)ထားသိုတဲ့နေရာမှာ ကိုယ့်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ့်အိမ်ထက်ပိုပြီး အရှိန်အဝါကြီးတဲ့ အဆောက်အဦး တစ်ခုရှိနေတယ်၊ ဒါမှမဟုတ် လူစည်ကားတဲ့ လမ်းမတွေ ရှိနေတယ် ဆိုရင် " ချိဓာတ်တွေ" လွန်ကဲနေတတ်ပါတယ်။ ဒီအခါမှာ ကြည့်မှန်ကို တံခါးမှာမှာ ချိတ်လိုက်ချင်းဟာ အတွေ့ရများတဲ့ လက်တွေ့ ဖုန်းရွှေပညာရပ် တစ်ခုပါပဲ။ အခြားတစ်ဘက်မှာတော့ ကြည့်မှန်ကို အိမ်ထဲမှာ ချပြီး အိမ်ရဲ့ ပြင်ပမှာ ရှိနေတဲ့ မိမိ လိုအပ်တဲ့ ဓာတ်ကို အိမ်ထဲကို ဖမ်းယူထည့်သွင်းခြင်းဟာလည်း နည်းဗျူကောင်း တစ်ခု ဖြစ်ပါတယ်။ နမူနာဆိုရမယ် ဆိုရင် သင့်အိမ် အပြင်ဘက်မှာ ရှိနေတဲ့ လှပတဲ့ ပန်းခြံလေးကို ကြည့်မှန်ရဲ့ အကူအညီနဲ့ အိမ်ထဲကို ပုံရိပ်ဟပ်လာအောင် ဖန်တီးနိုင်ခြင်းပါ။ ဖုန်းရွှေနည်းပညာ အယူအဆများတွင် ကြည့်မှန်များသည် ကောင်းသောခွန်အားသာမက တပ်ဆင်အသုံးပြုသည့် နေရာအထားအသို မမှန်ကန်ပါက မကောင်းသောခွန်အားများကိုပါ သယ်ဆောင်လာတတ်သည့် သဘောသဘာဝလည်းရှိပါသေးသည်။ “ပါ့ကွ”သဘောတရားအရ မှန်မထားသင့်တဲ့အဓိကကျတဲ့ နေရာနှစ်ခုရှိပါသည်။ ထိုနေရာများကတော့ အိမ်ထဲဝင်သည့်ဝင်ပေါက်နှင့် တည့်တည့်နေရာ၊ အိပ်ယာနှင့်မျက်နှာမူနေသည့်နေရာတို့ဖြစ်ကြပါသည်။ ကြည့်မှန်ကိုအိမ်ဝင်ပေါက်ရဲ့ တည့်တည့် (အိမ်ဝင်ပေါက်နှင့်မျက်နှာချင်းဆိုင်) မှာထားတယ်ဆိုလျှင် အိမ်အထဲကို ဝင်လာမည့် ခွန်အားစီးဆင်းမှုတွေကို အဟန့်အတားဖြစ်စေပါသည်။ အိမ်ဝင်ပေါက်ရဲ့ တည့်တည့် မှာ တပ်ဆင်ထားပါက နေရာရွေ့လိုက်ပါ။ နေအိမ်များမှာ ကြည့်မှန်ကိုတပ်ဆင်ရန် နေရာများစွာရှိသည့်အနက်တွင် အဝတ်ဘီရိုတွင် ဒေါင်လိုက်အနေအထားဖြင့် တပ်ဆင်ထားသည့် ကြည့်မှန်သည် ကောင်းသောအင်အားရရှိမှုကို ဖြစ်ပေါ်စေပါသည်။ ပြတင်းပေါက်အနီးတွင်ကြည့်မှန်ကိုချိတ်ဆွဲမည်ဆိုပါက ပြတင်းပေါက်မှမြင်ရသည့် မြင်ကွင်းသည် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပေသည်။ ကြည့်မှန်တွင် ပုံရိပ်ထင်မည့်အပြင်ပတ်ဝန်းကျင်သည် စိမ်းလန်းစိုပြေသောရှုခင်းမျိုးဖြစ်လျှင် အိမ်အတွင်းသို့ ကောင်းသောအရာတို့ကို ယူဆောင်ပေးနိုင်ပါသည်။ မီးဖိုခန်းတွင် ကြည့်မှန်ချိတ်ဆွဲခြင်းကို ရှောင်ကျဉ်ရပါမည်။ မီးဖိုခန်းများသည် မီးနှင့် မီးဖိုချောင်အမှိုက်သရိုက်များကြောင့် အနှုတ်လက္ခဏာဆောင်သောတွန်းအားများရှိသည်ဟု ယူဆသောကြောင့် မကောင်းသောခွန်အားတို့တိုးပွားခြင်းကို ဖြစ်စေနိုင်သောကြောင့် ရှောင်ကျဉ်ရမည်ဖြစ်ပါသည်။ ကြည့်မှန်ကို ရေချိုးခန်းတွင်ချိတ်ဆွဲသည့်အခါ ဝင်ပေါက်တံခါးနှင့် တည့်တည့် နေရာသော်လည်းကောင်း၊ အိမ်သာနှင့် တည့်တည့်နေရာတွင်သော်လည်းကောင်း ချိတ်ဆွဲခြင်းကို ရှောင်ကျဉ်ရပါမည်။ မကောင်းသောခွန်အားတို့ တိုးပွားခြင်းကို ဟန့်တားနိုင်ရန် ဖြစ်ပါသည်။ ကဲ မိတ်ဆွေတို့ရေ အထက်ဖော်ပြပါ မှန်တစ်ချပ် ရဲ့ အသုံးဝင်ပုံကလည်း အံ့မခန်းပါပဲ ခင်ဗျာ။ မိတ်ဆွေတို့ရဲ့ စီးပွားလာဘ်လာဘတွေ တိုးပွားစေပြီး လုပ်သမျှ ကြံစည်အောင်မြင်နိုင်ဖို့ အတွက် မှန်ကို ဖုန်းရွှေနည်းအရ နည်းလမ်းမှန်မှန်နှင့် ချိတ်ဆွဲနိုင်ကြပါစေခင်ဗျာ။ "အောင်စေ ၊ ပိုင်စေ၊ နိုင်စေ " ဆရာဦး၀င်ဇော် (သစ်တော) ၏သင့်သီရိဂေဟာအတွက် ဖုန်းရွှေမင်္ဂလာစာအုပ်မှ ကောက်နုတ်ဖော်ပြအပ်ပါသည်။ Creidit By : မင်းသိင်္ခ - Min Thein Kha
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ