By Myanmar Builders Guide, Shweproperty.com
Updated at 23 April 2019
မရမ်းကုန်းမြို့နယ်အတွင်းရှိ မီးဘေးသင့် အိမ်ထောင်စု ၃၇ စုအားပြန်လည်နေရာချထား ပေးရန်အတွက် မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက် ဇေယျာခေမာလမ်းသွယ် (၅) ၌သုခိတာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီမှ သိရသည်။
အဆိုပါ သုခိတာတန်ဖိုးနည်းအိမ်ရာ အဆောက်အအုံ ခုနစ်လုံးပါဝင်ပြီး လူနေ အိမ်ခန်းစုစုပေါင်း ၉ဝ ပါဝင်ဆောက်လုပ်မည် ဖြစ်ကာ မီးဘေးသင့် အိမ်ထောင်စု ၃၇ စုအား ပြန်လည် နေရာချထားပေးရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောက်လုပ်aနခြင်းလည်း ဖြစ်သည်။
ယခင်မူလမြေနေရာဖြစ်သော ခန့်မှန်းမြေ ဧကအကျယ်စတုရန်းပေ၂၉၀၀၀(သုည ဒသမ ၆ ဧက) ပေါ်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ငွေကျပ်၁ဒသမ၅ဘီလီယံအကုန်အကျခံကာ ဆောက်လုပ်နေကြောင်းလည်း သိရသည်။
စီမံကိန်းအတွင်းရှိ အဆောက်အအုံ သုံးလုံး မှာ ယခုအခါ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး အချောသပ်လုပ်ငန်းများသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း၊ အဆောက်အအုံနှစ်လုံးဆောက်လုပ်နေမှုမှာလည်း စတုတ္ထထပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျန်အဆောက်အအုံနှစ်လုံးကိုလည်း ဖောင်ဒေးရှင်း လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း သုခိတာတန်ဖိုး နည်းအိမ်ရာ စီမံကိန်းလုပ်ငန်းခွင်ရှိ ဆန်းမြတ် ထွန်း ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ နေလင်းထွန်းက ရှင်းပြသည်။
အမှတ်(၆)ရပ်ကွက်၏ဆယ်အိမ်မှူး မီးဘေး သင့်အိမ်ထောင်စုမှ ဦးတင်လှက “အရင်တုန်း ကတော့ ဒီနေရာဟာဆွေဗမာရုပ်ရှင်ခြံကြီး ပေါ့။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ည ၁ဝ နာရီဝန်းကျင်မှာ ပေါ့ဆမီးကြောင့် မတော်တဆမီးလောင်မှုဖြစ်ပွားခဲ့လို့ ကျွန်တော့်အိမ် လည်း မီးထဲပါခဲ့ရပါတယ်။ အဲဒီအရင် အိမ်တွေ ကတော့ ပျဉ်ထောင်အိမ်တွေပါ။ ဒါနဲ့ ကျွန်တော်အပါအဝင် အခြားမီးဘေးသင့် ပြည်သူတွေကတော့ နိုင်ငံတော်ကပေးတဲ့ အလှူငွေနဲ့ ဒီအနီးတစ်ဝိုက်မှာပဲ အိမ်ငှားနေကြ ပါတယ်။ ခုလိုမျိုး မိမိနေရာမှာ အိမ်ပြန်ရရှိတဲ့ အတွက်ကောင်း သွားပါတယ်။ ခုတော့ မဲနှိုက် ပြီးပြီမို့ ကျွန်တော်က မြေညီထပ် ကို ပြန်ရပါ တယ်။ ဇွန်လမှာ နေရတော့မှာပါ။ ခုတော့ ခဏနေရတာကသီကလင်ဖြစ်ပေမယ့်နေအိမ် ခန်းသစ်တွေ ပြန်ရတော့မှာမို့ ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ပါတယ်”ဟု ပီတိစကားဆိုသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ မီးဘေးသင့် အိမ်ထောင်စု ၃၇ စုအားလာမည့်ဇွန်လတွင် နေအိမ်များပြန်လည်နေရာချထားပေးမည် ဖြစ်ပြီး သုခိတာတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းလုပ်ငန်းခွင် မှ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ