By 7daydaily, Shweproperty.com
Updated at 11 September 2015
မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ နယ်တွင်ပထမဦးဆုံးအငှားအိမ်ရာစီမံကိန်းစတင်အကောင်အ ထည်ဖော်မည် ဖြစ်ကြောင်း သ တင်းရရှိသည်။
အဆိုပါ စီမံကိန်းကို မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ အစီအစဉ်ဖြင့် ပြင်ဦးလွင်မြို့ ပေါ်နှင့် ငါးမိုင်ခန့်အကွာရှိ ဆင် လမ်းကျေးရွာအနီးတွင် အကောင် အထည်ဖော်မည်ဖြစ်ပြီး ရှစ်ခန်းတွဲလေးထပ် အဆောက်အအုံ(၁၅) လုံးပါဝင်မည် ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က ပြော သည်။
‘‘ပြင်ဦးလွင်မှာ ပထမဆုံး တည်ဆောက်တာဖြစ်ပါတယ်။ အခုတင်ဒါစခေါ်နေတယ်။ အိတ် ဖွင့်တင်ဒါပြီးတာနဲ့ စီမံကိန်းကို စတင်ဆောင်ရွက် သွားမှာပါ’’ဟု ဒုခရိုင်အုပ်ချုပ်ရေးမှူးက ပြော သည်။ အငှားအိမ်ရာတည်ဆောက် ပြီးစီးပါက မည်သည့်ပုံစံဖြင့် ငှားရမ်းမည်ကို မသိရှိရသေးဘဲ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ညွှန်ကြား ချက်အတိုင်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြင်ဦးလွင်မြို့နယ်တွင်အငှားအိမ်ရာစီမံကိန်းဆောင်ရွက်မည့်အကြောင်း ကြားသိရပြီး ဆင်းရဲသားများနှင့် ကျူးကျော်နေထိုင်သူများ အားစာရင်းကောက်ယူနေသည်ကို တွေ့ရှိရကြောင်း ပြင်ဦးလွင်မြို့၌ နေထိုင်သူအချို့က ပြောသည်။
‘‘ဘူတာဘက်မှာဆိုကျူး ကျော်နေထိုင်ရတဲ့သူတွေရှိတယ် လေ။ အဲဒီလူတွေကို အဓိကထား ပေးမယ်လို့လည်း ကြားတယ်။ တကယ်လိုအပ်ပြီး မတတ်နိုင်တဲ့ သူတွေကို ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ပိုက်ဆံရှိတဲ့သူ တွေပဲ ရသွားတာမျိုး မဖြစ်စေချင် ဘူး’’ဟု ပြင်ဦးလွင် ပြည်တော်သာ ရပ်ကွက်နေ အထက်တန်းနည်း ပြဆရာ ဦးပြည်ငြိမ်းဇော်က မှတ် ချက်ပြုသည်။
အငှားအိမ်ရာစီမံကိန်းကို ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင် များဖြင့် တည်ဆောက်သွားမည် ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ တင်ဒါပုံစံစတင်ရောင်း ချမည် ဖြစ်သည်။
စက်တင်ဘာ ၂၁ ရက်တွင် တင်ဒါပုံစံအရောင်း ပိတ်မည်ဖြစ်ပြီး အောက်တိုဘာ ၉ ရက်၌ တင်ဒါဖွင့်မည် ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ