By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 8 May 2018
မြို့သစ်စီမံကိန်းတွေ၊ အိမ်ခြံမြေနဲ့ သက်ဆိုင်တဲ့ အရေးကြီး ဥပဒေတွေ ထွက်ပေါ်လာပြီး ဖြစ်တာကြောင့် ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာနိုင်တယ်လို့ ဧပြီလ ၂၄ ရက် ရန်ကင်းမြို့နယ် သစ္စာလမ်းက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှုး ဦးအောင်နိုင်ဦးက ပြောခဲ့ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းစေဖို့ ရန်ကုန်တိုင်းအတွင်း မြို့သစ်စီမံကိန်းတွေ၊ စက်မှုဇုန်တွေ၊ လမ်းတွေနဲ့ အခြေခံလိုအပ်ချက်တွေကို လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်(NYDC) ဖွင့်ပွဲ အခမ်းအနားတွင် ပြောခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ရဲ့ စာရင်းအရ တရုတ်နိုင်ငံမှ ကုမ္ပဏီ ၂၃၅ ခုက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါး ၊ စင်ကာပူနိုင်ငံက ကုမ္ပဏီ ၂၇၉ ခုက ၁၉ ဘီလီယံ ၊ ထိုင်းနိုင်ငံက ကုမ္ပဏီ ၁၁၇ ခုက ၁၁ ဘီလီယံနဲ့ ပြင်သစ်နိုင်ငံက ကုမ္ပဏီ ၂၀ ခုက ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ထားပါတယ်။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အိမ်ရာ အဆောက်အအုံ ကဏ္ဍမှာ တရုတ်၊ စင်ကာပူ နဲ့ ပြင်သစ် နိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁၁ ခုက အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Jigglar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ