By Ra Wai, Shweproperty.com
Updated at 16 December 2021
အိမ်သန့်ရှင်းရေးဆိုတာ အိမ်တိုင်း လုပ်ဖို့ လိုတယ်ဆိုပေမယ့် နေ့တိုင်း လုပ်ဖြစ်တတ်ကြတဲ့ အရာတော့ မဟုတ်ပါဘူး။ လူတိုင်းလည်း တစ်နေ့တာ ကိုယ်စီ လုပ်ငန်းခွင် ဝင်ကြရလို့ ပင်ပန်းရတာတွေကြောင့် အိမ်သန့်ရှင်းရေး မလုပ်ဖြစ်တဲ့သူတွေတောင် ရှိနေပါတယ်။ အိမ်သန့်ရှင်းရေးဆိုတာ အိမ်ကို သန့်ရှင်းအောင် လုပ်တာလို့ ဆိုရပေမယ့် တကယ်တမ်းမှာ အဲ့ထက် ပိုပါတယ်။ အိမ်သန့်ရှင်းရေး လုပ်တာက ဒီလို ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်နော်။ (၁) စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးတယ် အိမ်သန့်ရှင်းရေး လုပ်တာက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ဖုန်မှုန့်တွေကို ရှင်းလင်းရင်းနဲ့ သင့်ရဲ့ စိတ်ထဲမှာ ရှုပ်နေတဲ့ အရာတွေကို မတွေးမိ ဖြစ်သွားစေနိုင်လို့ စိတ်ကို အနားပေးတဲ့သဘောလည်း ဖြစ်သွားပြီး စိတ်ကို သက်တောင့်သက်သာ ဖြစ်သွားစေမှာပါ။ အိမ်မှာ ရှိတဲ့ ပစ္စည်းလေး တစ်ခုချင်းစီကို နေရာရွှေ့တာမျိုး၊ သန့်ရှင်းရေး လုပ်တာမျိုးက သင့်ရဲ့ ဖိစီးနေတာကို ပြေပျောက်သွားစေပါတယ်။ (၂) စိတ်ကြည်လင်သွားစေတယ် သန့်ရှင်းရေး လုပ်ပြီးတဲ့ အချိန်မှာ မြင်ရတဲ့ ပုံစံ မြင်ကွင်းက တကယ့်ကို စိတ်ကြည်နူးစေပါတယ်။ ကိုယ်တိုင် သန့်ရှင်းရေး လုပ်ထားလို့ ပြောင်းလဲသွားတဲ့ ကိုယ့်ပတ်ဝန်းကျင်သေးသေးလေးက ကိုယ့်ရဲ့ စိတ်ကို အကောင်းဆုံး ကြည်လင်သွားစေနိုင်ပါတယ်။ စိတ်တွေ ရှုပ်နေတာ နောက်နေတာမျိုး ဖြစ်နေပြီဆိုရင် သန့်ရှင်းရေး လုပ်ပြီး စိတ်ကို ကြည်လင်အောင် ပြန်လုပ်လို့ ရနေပါတယ်။ (၃) ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ရတယ် သန့်ရှင်းရေး လုပ်ထားလို့ သန့်ရှင်းနေတဲ့ အိမ်တစ်လုံးက သင့်ကို တကယ်ပဲ စိတ်လန်းဆန်းစေပါတယ်။ စိတ်တွေ ညစ်နေတဲ့အချိန်မှာ အိမ်က ရှုပ်ပွနေရင် ပိုပြီး စိတ်ညစ်လာတတ်သလို ရှုပ်ပွနေတဲ့ အိမ်မှာနေတဲ့အခါ စိတ်ဖိစီးမှုတွေက ပိုများလာလေ့ ရှိပါတယ်။ ဒါကြောင့် အိမ်သန့်ရှင်းရေး အမြဲ လုပ်ထားတတ်တယ်ဆိုရင် သင့်မှာ အမြဲ သင့်ပတ်ဝန်းကျင်ကောင်းလေး ရှိနေတယ်ဆိုတဲ့ စိတ်လန်းဆန်းမှုကိုပါ ရနေစေမှာပါနော်။ (၄) အကြံဉာဏ်ကောင်းတွေ ပေးတယ် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မြင်ကွင်းတွေက ကိုယ့်ရဲ့ အတွေးတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ရှုပ်ထွေး ညစ်ပတ်နေတဲ့ နေရာထိုင်ခင်းက သင့်ရဲ့ အတွေးတွေကို ရပ်တန့်နေစေနိုင်ပါတယ်။ ဖုန်မှုန့်လည်း မရှိဘဲ သန့်ရှင်းနေပြီး သပ်ရပ်နေတဲ့ ပစ္စည်းအထားအသို ရှိနေတဲ့ နေရာကတော့ သင့်ရဲ့ အလုပ်အတွက် ဖြစ်စေ၊ ဘဝအတွက် ဖြစ်စေ တွေးစရာ ရှိတဲ့ အရာတွေကို အကြံဉာဏ်ကောင်းတွေ ထွက်လာအောင် စွမ်းဆောင်ပေးနိုင်ကြပါတယ်။ (၅) ကျန်းမာရေးနဲ့ ကိုက်ညီတယ် သန့်ရှင်းမှုက ကျန်းမာရေးနဲ့လည်း ကိုက်ညီနေပါတယ်။ ဖုန်တွေက အသက်ရှူလမ်းကြောင်းအတွက် မကောင်းသလို ရှုပ်ပွနေတဲ့မြင်ကွင်းက စိတ်ကျန်းမာရေးကို သင် မသိသာတဲ့ နည်းလမ်းနဲ့ ထိခိုက်နေတတ်ပါတယ်။ ဒီအတွက် သန့်ရှင်းရေး လုပ်ထားလို့ သန့်ရှင်းနေတဲ့ အိမ်က လွယ်လွယ် ဖျားနာမှုတွေ ဖြစ်မလာနိုင်သလို စိတ်တွေ ပေါ့ပါး သွက်လက်နေတာမျိုးကိုလည်း အမြဲ ခံစားရစေမှာ ဖြစ်ပါတယ်နော်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ လွယ်ကူသော အိမ်သန့်ရှင်းနည်း ၁ဝ ချက် ဖုန်စုပ်စက်ကို ဘယ်လိုနေရာတွေနဲ့ ဘယ်လိုအခြေအနေတွေမှာ သန့်ရှင်းရေးလုပ်ဖို့အတွက် မသုံးသင့်ဘူးလဲ မကြာခဏသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အသုံးအဆောင်ပစ္စည်းများ (၁) အိမ်အတွင်း အပြင်မှာ အင်းဆက်ပိုးမွှား ကင်းဝေးစေမယ့် နည်းလမ်းများ Credit By: Aunt May Posted By : Ra Wai, ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ