By Myanmar Times, Shweproperty.com
Updated at 26 December 2018
ကျပ်ငါးဘီလီယံဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဝန်ထမ်းအိမ်ရာ၊ အငှားအိမ်ရာများဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
ပူးပေါင်းတည်ဆောက်ရန်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်းတို့ပူးပေါင်း၍ ဝန်ထမ်းအိမ်ရာ၊ အငှားအိမ်ရာများ တည်ဆောက်ရန်စီမံချက် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့်တည်ဆောက်ခြင်းဖြစ်သည်။
ဆောက်လုပ်ရန်အဆင်သင့်ဖြစ်
လက်ရှိ မန္တလေးတွင် ၁၀ဝ ရာခိုင်နှုန်းခန့်ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း၊ နေပြည်တော်တွင်ဆောက်လုပ်မည့် ကုမ္ပဏီရွေးချယ်နေပြီး ရန်ကုန်တွင်လည်းဆောက် လုပ်မည့်ကုမ္ပဏီရွေးချယ်ပြီးဖြစ်ကာ ဆောက်လုပ်ရန်အဆင်သင့်ဖြစ်နေကြောင်း သိရသည်။
မြေ ၁၈၃ ဧက
"ရန်ကုန်မှာကတော့ ဒဂုံ(ဆိပ်ကမ်း)က မြေ ၁၈၃ ဧကမှာ တည်ဆောက်မှာပါ။ မန္တလေးမှာတော့ မင်းကွန်းမှာတည်ဆောက်မှာဖြစ်ပါတယ်"ဟု ဦးရှိန်ဝင်းက ပြောဆိုသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ