By Chan Myae, Shweproperty.com
Updated at 2 June 2022
အိမ်ဆိုတာ နံရံလေးဘက် အမိုးနဲ့ကြမ်းပြင်တွေ ပါတဲ့ နေထိုင်ရာအဆောက်အဦတစ်လုံးဆိုပေမယ့် လူတွေဟာ ချမ်းသာရင် ချမ်းသာသလောက် ကိုယ့်ရဲ့ နေမှုထိုင်မှုကို အကျယ်ချဲ့ကြတာပါပဲ။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ လူချမ်းသာတွေကတော့ ကိုယ်နေတဲ့အိမ်ကို နန်းတော်တမျှ ဇာချဲ့ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ သူတို့ရဲ့ ဘဝပုံစံကိုက Luxury ဆန်လွန်းတာ ဖြစ်လို့ သူတို့နေထိုင်ရာအိမ်တွေ ဈေးကြီးတာ အထူးအဆန်းတော့လည်း မဟုတ်ပါဘူး။ ဒီလို ဈေးကြီးပါတယ်ဆိုတဲ့ ဆယ်လ်လီတွေရဲ့ အိမ်တွေထဲကမှ ဈေးအကြီးဆုံးအိမ် ၅ လုံးကို ဒီတစ်ခေါက် မိတ်ဆက်ပေးလိုက်ပါတယ်။ (၁) ဆီဗက်စတာ စတားလုံး နာမည်ကျော်ရုပ်ရှင်မင်းသားကြီး စတားလုံးရဲ့အိမ်ဟာ ဆယ်လ်လီတွေ ပိုင်ဆိုင်တဲ့အိမ်ထဲမှာ ဈေးအကြီးဆုံးပါပဲ။ တခြား ဆယ်လီတွေနဲ့ မတူတာက ဒေါ်လာသန်း ၁၁၀ တန် ဒီစံအိမ်မဟာကြီးကို ၁၉၉၄ ခုနှစ်မှာ သူကိုယ်တိုင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်ဆင်ခြေဖုံးမှာ ရှိပါတယ်။ ၉၀ ပြည့်လွန်နှစ်တွေက ဒီအိမ်ကို ဆောက်ချိန်မှာ ဘယ်လောက် ကုန်ကျလဲ မသိရပေမယ့် ၂၀၂၁ ဇန်နဝါရီမှာမှာ ဒီစတုရန်းပေ ၂၁၀၀၀ ကျပြီး အိပ်ခန်းနှစ်ခန်းပါ အိမ်ကို အိမ်ခြံမြေဈေးကွက်မှာ ဒေါ်လာ သန်း ၁၁၀ ဈေးနဲ့ တင်ထားတာ တွေ့ရပါတယ်။ အိမ်ထဲမှာ နှစ်ယောက်အိပ်ဧည့်ဆောင်ထားထားတဲ့အပြင် ကျယ်ဝန်းတဲ့ အိပ်ခန်း ၈ ခု ၊ ရေချိုးခန်းအိမ်သာ ၁၂ ခု ၊ မီးဖိုချောင် ၊ မနက်စာစားခန်း ၊ ဧည့်တွေ့ဆောင် ၊ အလှပြင်ခန်း နှစ်ခု ၊ ညစာစားခန်းတွေလည်း ပါပါတယ်။ အတွင်းခန်းတွေထဲမှာ ဆေးလိပ်သောက်နိုင်တဲ့အခန်းထည့်ထားပြီး ဒီအခန်းမှာ လေသန့်စင်စနစ် ၊ ပစ္စည်းအပြည့်အစုံ သုံးနိုင်တဲ့ Gym နဲ့ ရုပ်ရှင်အနုပညာခံစားဖို့ အခန်းတစ်ခန်းလည်း ပါရှိပါတယ်။ (၂) အော်ဖရာဝင်းဖရေး ဆင်းဆင်းရဲရဲ ကြီးပြင်းလာပြီး ထိပ်တန်းရောက်အောင်မြင်ခဲ့တဲ့ မီဒီယာအကျော်အမော် အော်ဖရာဝင်းဖရေးရဲ့ စံအိမ်ကြီးက ဒုတိယမြောက် ဈေးအကြီးဆုံးဆယ်လီဘရစ်တီပိုင် အိမ်ကြီးပါပဲ။ ဒီအိမ်ကြီးဟာ ဒီနေ့အိမ်ခြံမြေဈေးနဲ့ဆို ဒေါ်လာ ၁၀၁ သန်း တန်ပြီး အရင်ပိုင်ရှင်တွေ လက်ထဲကနေ ဒေါ်လာ ၅၄ သန်းနဲ့ ဝယ်ခဲ့တာပါ။ နောက်မှ အဆောက်အဦတွေ ထပ်တိုးတာ ၊ ပြင်ဆင်တာတွေ လုပ်ခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမှာ တည်ရှိပြီး ဧကအားဖြင့် ၇၀ နီးပါး ရှိပါတယ်။ အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၁၄ ခန်း ၊ ရုပ်ရှင်ရုံ ၂ ခု နဲ့ မီးလင်းဖို ၁၀ ခု အပြင် ရေကူးကန် ၂ ခု ၊ တင်းနစ်ကွင်း ၊ အလှမွေးငါးကန်တစ်ခုတို့လည်း ပါရှိပါတယ်။ အော်ဖရာဝင်းဖရေးဟာ သူမခန္ဓာကိုယ်ပုံစံအတိုင်း အထူးဖန်တီးထားတဲ့ ရေချိုးစလုံနဲ့ ဇိမ်ခံရေချိုးခန်းတည်ဆောက်ဖို့ ဒီဇိုင်နာတစ်ဖွဲ့သီးသန့် ထားထားတယ်လို့လည်း ဆိုပါတယ်။ (၃) ပီးယားစ် ဘရော့စ်နန် နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယားစ်ဘရော့စ်နန် ဟာ တန်ဖိုးအကြီးဆုံး ဆယ်လီဘရစ်တီအိမ်ပိုင်ရှင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဘရော့စ်နန်ဟာ ဒေါ်လာ ၁၀ သန်း ဝန်းကျင်တန် မြေနှစ်ကွက်ကို ဝယ်ထားပြီး အိမ်ထက် ကြယ်ငါးပွင့်ဇိမ်ခံဟိုတယ်တစ်လုံးနဲ့ ပိုဆင်ပါတယ်။ အိမ်ထဲမှာ ဂျပန်စတိုင် Spa ထည့်ထားပါတယ်။ စတုရန်းပေ ၁၃၀၀၀ ကျယ်တဲ့ ထိုင်းပုံစံအိမ်ကို ပင်လယ်ဘက် မျက်နှာမူထားပါတယ်။ ၂၀၂၀ အောက်တိုဘာလ ဈေးကွက်မှာ တင်ထားတဲ့ ဈေးအရ ဒီအိမ်ဟာ ဒေါ်လာသန်း ၁၀၀ တန်တယ်လို့ ဆိုပါတယ်။ သဘာဝအလင်းတွေကို တစ်နေ့လုံး ရအောင် ဖန်တီးထားတဲ့ ဒီဇိုင်းနဲ့ လာပြီး အခန်းတိုင်းမှာ လက်မှုသစ်သားအနုပညာတွေကို ကြမ်းပြင်ကနေ မျက်နှာကြက်တွေ ပြတင်းပေါက်တွေအထိ အနုစိတ်ဖန်တီးထားပါတယ်။ ခေတ်မီအသုံးအဆောင်တွေကိုလည်း စားဖိုမှူးအခန်းမှာ ထည့်ထားတဲ့အပြင် ဇိမ်ခံရေချိုးခန်း ၁၄ ခု နဲ့ အပူချိန် ထိန်းညှိစနစ်ပါ ဝိုင်ထားရာ အခန်းတွေလည်း ပါဝင်ပါတယ်။ ဘရော့စ်နန်ရဲ့ အိမ်ထဲမှာ အသံဖမ်းစတူဒီယို ၊ ဘားနဲ့တွဲလျက် ရုပ်ရှင်ခန်း ၊ ဆားငံရေ ရေချိုးခန်း ၊ ရေနွေးငွေ့အပူပေးခန်း စတာတွေလည်း ပါဝင်ပါတယ်။ ရှေ့ မျက်နှာစာ ၁၁ ၇ ပေကလည်း ပုဂ္ဂလိကပိုင် ကမ်းခြေနေရာ ဖြစ်ပါတယ်။ (၄) ဂျော့ချ်ကလူးနီ မင်းသားကြီး ဂျော့ချ်ကလူးနီရဲ့ စံအိမ် Villa Oleandra ကို ၁၈ ရာစုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ခေတ်နဲ့အညီ အဆင့်ဆင့် မွမ်းမံသွားတာပါ။ ရှေးက ခေတ်ပြိုင်နဲ့ ရှေးရိုး အတွင်းပိုင်း ဒီဇိုင်းပုံစံနဲ့ အပြင်အဆင်တွေ ပါဝင်တဲ့ ဒီအိမ်ဟာ အီတလီနိုင်ငံမှာ ရှိပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် စံအိမ်ကြီးမှာ အခန်းပေါင်း ၂၅ ခန်း ၊ ဈေးကြီးတဲ့ ဂိုဒေါင် ၊ သီးသန့် Gym နဲ့ များပြားလှတဲ့ ရေချိုးဆောင်တွေလည်း ထည့်ထားပါတယ်။ (၅) ဂျေဇက် ဂျေဇက်နဲ့ ဘီရွန်းစေး ဇနီးမောင်နှံကို သူတို့ရဲ့ အနုပညာစွမ်းရည် ၊ အရှိန်အဝါနဲ့ ကြွယ်ဝချမ်းသာမှုတွေကြောင့် လူသိများပါတယ်။ သူတို့ရဲ့ စံအိပ်ကတော့ နည်းပညာမြင့်ပြီး ခေတ်ဆန်တဲ့ Bel Air စံအိမ်ကြီးမှာ နေပါတယ်။ အိမ်မကြီးထဲမှာ အိပ်ခန်း ၈ ခန်း နဲ့ ရေချိုးခန်း ၁၁ ခန်း ပါရှိပြီး ဘေးမှာ ဖျော်ဖြေရေးအတွက် သုံးတဲ့အဆောက်အဦ ၊ ကိုယ်ပိုင် Gym ၊ Spa နဲ့ ကား ၁၅ စီးဆန့် ဂိုဒေါင်တို့လည်း ပါရှိပါတယ်။ အိမ်ဘေးမှန်ပြတင်းတွေဟာ ကျည်ဒဏ်ခံနိုင်ပြီး ဟယ်လီကော်ပတာဆင်းဖို့ နေရာလည်း ပါရှိပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ စိတ်ဖိစီးမှုတွေကိုဖြေလျှော့အနားယူနိုင်မယ့်နေရာငယ်လေးတစ်ခုဖန်တီးကြရအောင် မိမိတို့၏ နေအိမ်အလှကို ဖျက်ဆီးနေသောအရာဝတ္ထု(၉)ခု အိမ်တွင်းသစ်ပင်လေးတွေနဲ့ ကျန်းမာရေး ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး Credit By : Kwee Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ