By Ra Wai, Shweproperty.com
Updated at 18 March 2022
သင်ရဲ့အိမ်လေးပြန်လည်အသက်ဝင်သွားစေဖို့ငွေကုန်ကြေးကျခံနေစရာမလိုပါဘူး။ အချက်အလက်လေးအနည်းငယ်ကို ဂရုစိုက်လုပ်ဆောင်ပေးရုံနဲ့ သင့်အခန်းလေးက အချိန်တိုအတွင်းလှပသပ်ရပ်ပြီး ဆွဲဆောင်မှုရှိသွားစေမှာဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ လှပသပ်ရပ်သွားစေဖို့ အဆင့်ငါးဆင့်ကိုတော့ လိုက်နာဖို့ လိုအပ်ပါတယ်။ ပစ္စည်းအသစ်တွေသိပ်များများမသုံးရဘဲ အခန်းသစ်သဖွယ် သပ်ရပ်လှပသွားစေဖို့ ဒီအဆင့်ငါးဆင့်ကိုတော့ လိုက်နာဖို့ လိုအပ်ပါတယ်။ ပစ္စည်းအသစ်တွေသိပ်များများ မသုံးရဘဲ အခန်းသစ်သဖွယ် သပ်ရပ်လှပသွားစေဖို့ ဒီအဆင့်ငါးဆင့်က အက္ခရာအကျဆုံးပါပဲ။ အဆင့်ငါးဆင့်ကတော့ ဖယ်ရှားရှင်းလင်းခြင်းပြင်ဆင်မွမ်းမံခြင်း၊ ဆေးသုတ်ဆေးခြယ်ခြင်း၊ ပာင်းရွှေ့နေရာချခြင်းနဲ့ ဝယ်ယူခြင်းတို့ပဲဖြစ်ပါတယ်။ ၁။ ဖယ်ရှားရှင်းလင်းခြင်း အခန်းကိုအသွင်အပြင်အသစ်ပြောင်းလဲသွားဖို့ချည်းပဲ စိတ်စောမနေသင့်ပါဘူး။ ပစ္စည်းပစ္စယတွေ အရမ်းများပြားနေလွန်းရင်အခန်းထဲက အပြင်အဆင်ပြောင်းလဲသွားဖို့ ပထမဦးဆုံးအနေနဲ့ သင့်အခန်းထဲကမလိုအပ်ဘဲ ရှုပ်ရှက်ခက်နေတဲ့ ပစ္စည်းတွေကိုဖယ်ရှားရှင်းလင်းလိုက်ပါ။ဟောင်းနွမ်းလွန်းနေပြီးခေတ်မမီတော့တဲ့ ပရိဘောဂတွေကနေစတင်လိုက်ပါ။ အခန်းကို အလှဆင်ဖို့ ရည်ရွယ်တပ်ဆင်ထားခဲ့ပေမယ့်ခတ်ကာလ ကြာရှည်လွန်သွားလို့ဟာင်းနွမ်းပျက်စီးနေတဲ့ အခန်းအလှဆင်ပစ္စည်းတွေက သင့်အခန်းကို အလှတွေတပ်ဆင့်ဆောင်ကျဉ်းပေးမလာတော့ဘူးဆိုတာ အသေအချာပဲမို့ သင့်အနေနဲ့ မာတသဖြစ်နေမယ့်အစား ဖယ်ရှားရှင်းလင်းလိုက်တာက သင့်ရဲ့ အခန်းကို အသက်ရှုချောင်သွားစေမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကုလားထိုင်အောက် ဖုန်အလိမ်းလိမ်းနဲ့ သင်ရဲ့ ငယ်ကျွမ်းဆွေမွေးပွအရုပ်လေးတွေကိုတာ့ လွှင့်မပစ်ရက်ဘူးဆိုရင်ဖြင့် နောက်ဖေးကလျှော်စက်ထဲ ခဏလောက်သွားထည့်ပြီးလျှော်ထားလိုက်ပါ။ အခန်းလေးရှင်းပြီးရင် လျှော်စက်ထဲကလျှော်ဖွတ်သန့်စင်ပြီးသားအရုပ်တွေကိုပြန်ထုတ်လို့ နေလှန်းခြောက်သွေ့စေပြီးတာနဲ့သစ်လွင်တောင်ပြောင်နေတဲ့ သင့်အခန်းလေးထဲမှာ ပြန်ပြီး အကျအနထားလိုက်လို့ရပါတယ်။ပြတင်းပေါက်ဘောင်ပေါ်က ဖုန်တွေကိုလည်းသန့်ရှင်းပစ်ဖို့ မမေ့လိုက်ပါနဲ့ဦး။ ဒီလိုပြတင်းပေါက်ဘောင်ပေါ်မှာ ဖုန်တွေကို သန့်ရှင်းပြီးသား အိမ်ခန်းထဲကို ဖုန်တွေပြန့်နှံ့သွားရင် အကုန်လုံးအချည်းနှီးဖြစ်ရမှာပါ။ ပြီးရင်တော့အခန်းထဲက ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အစီအရီညှိထားလိုက်ပါ။ ပထမဦးဆုံးအဆင့်လေးပြီးသွားရင်တောင်သင့်ရဲ့ အခန်းလေးက အတော်အသင့်လေးကြည့်ကောင်းသွားမှာ အသေအချာပါပဲ။ ၂။ ပြောင်းရွှေ့နေရာချခြင်း ဆေးသုတ်ဆေးခြယ်ပြီးရင်တော့ ပရိဘောဂတွေနဲ့ အခန်းအပြင်အဆင်ပစ္စည်းတွေကို နရာချရတော့မှာပါ။ အသွင်သစ်အမြင်သစ်ဖြစ်ဖို့အတွက် ပရိဘောဂပစ္စည်းတွေကို ခါတိုင်းနေရာမှာမထားတော့ဘဲနေရာနည်းနည်းလေးပြောင်းပေးရမှာပဲဖြစ်ပါတယ်။ TV စင်ကနေ မီးလင်းဖို့ နေရာနဲ့ ပြတင်းပေါက်နေရာတွေနဲ့ ချိန်ညှိပြီးအခန်းထဲကပစ္စည်းတွေကိုအလိုက်သင့်နေရာပြောင်းရွှေ့ပေါ်ပေးမယ်ဆိုရင် ခံစားမှုအသစ်တွေကို ဖြစ်ပေါ်စေမှာသေအချာပါပဲ။ အခန်းနံရံဘက်မှာ ခါတိုင်းချောင်ထိုးတဲ့သလွန်စောင်းခုံလေးကို အခန်းအလယ်နားထိအောင် ထုတ်လိုက်ပါ။ သူ့နောက်မှာ ဆိုဖာစားပွဲလေးနဲ့ မီးအိမ်လေးကို တင်ထားလိုက်ပါ။ ပြီးရင်တော့ အိပ်ရာဘေးနေရာလွတ်မှာ စားပွဲခုံအသေးနဲ့ ထိုင်ခုံတွေ၊ အိမ်တွင်းအလှဆင်ပန်းအိုးလေးတွေကို စိတ်ကြိုက်ပုံစံနဲ့ ထားလိုက်မယ်ဆိုရင် အသစ်သစ်တွေနဲ့အရာအားလုံးလတ်ဆတ်သွားဦးမှာပါ။ ပြီးရင်ဆေးသုတ်ထားတဲ့ နံရံပေါ်မှာ မိသားစုအမှတ်တရ ဓာတ်ပုံကြီးတွေပဲဖြစ်ဖြစ် အနုပညာလက်ရာမြောက်ပန်းချီကားတွေပဲဖြစ်ဖြစ် ပုံစံအသစ်အဆန်းနဲ့ ချိန်ထားလိုက်ရင်တော့ အားလုံးပြည့်စုံသလောက်နီးပါးဖြစ်သွားပါပြီ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် သန့်ရှင်းဖို့လိုကို လိုအပ်တဲ့ အိမ်တွင်းပစ္စည်း(၆)မျိုး အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ Credit By:MM Home Decor Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ