By Buildersguide, Shweproperty.com
Updated at 19 January 2018
ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်ထားသည့်အဆောက်အအုံများ၊သတ်မှတ်ထားသည့်အထပ်ထက် အထပ်ကျော် လွ န်ဆောက် လုပ်ထား သည့် ကန်ထရိုက်တိုက်များကို မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကျသင့်ဒဏ်ကြေးငွေ ၇ဝ ရာခိုင်နှုန်း လျှာ့ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ လွှတ်တော် ကိုယ်စားလှယ်မှ ပြောကြားကြောင်း သိရသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် ၂ဝ၁၄ခုနှစ်တွ င် ခွင့်ပြုချက် မကျသေးဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ၊သတ်မှတ် ထားသည့် အထပ်ထက်ကျာ်လွန်ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက်များအား ဒဏ်ကြေးေ ငွ ချမှတ်ြ ခင်းများ ၊အဆောက်အအုံဖြိုချခိုင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ယခုတွင် ယင်းကဲ့သို့ဒဏ်ကြေးငွေများကို ၇ဝရာခိုင်နှုန်း အထိလျှော့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော အစိုးရလက်ထက် ၂ဝ၁၄ခုနှစ်က ဒဏ်ရိုက်သည့် ကိစ္စများစတင်ဆောင်ရွက်ခဲ့သည်။ ခွင့်ပြုချက်မကျသေးခင် ဆောက် သည့် အဆောက်အအုံများ ၊အထပ်ကျော်ဆောက်သည့် အဆောက်အအုံများ ထိုအဆောက်အအုံများနှင့် ပတ်သက်ပြီး ဒဏ် ရိုက်ခြင်းများ ၊အဆောက်အအုံရပ်ခိုင်းခြင်းများ ၊ပြန်ဖြိုချခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်မှ စ၍ ပထမတစ်ရစ်အနေဖြင့် ဒဏ်ဆောင်ပြီး အဆောက်အအုံများ န်ဆောက်ခွင့်ပေးခဲ့သည်။ယခုနှစ်တွင် ထိုအရာများ ဆက်လက်မလုပ်နိုင်ခြင်းများနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် အထူးစဉ်းစားခြင်းဖြစ်သည်။
ချမှတ်ထားသော ဒဏ်ကြေးမှ သိန်းတစ်ရာကျလျှင် ၇ဝရာခိုင်နှုန်းလျှော့လိုက်သည့်အတွက် သိန်း ၃ဝဒဏ်ကြေးဆောင်ရမည်ဖြစ်သည်။
ယင်းကဲ့သို့ ဒဏ်ကြေးငွေလျှော့ချပေးသည့် အဆောက်အအုံများတွင် အုပ်စုသုံးခုရှိကြောင်း ၊ပထမတစ်ခုမှာ အစိုးရနှင့် ဌာနဆိုင် ရာ များအပေါ်တွင် ကျူးကျော်ဆောက်လုပ်သည့် အဆောက်အအုံများ၊ ဒုတိယမှာ မြေပိုင်ဆိုင်မှု မရှင်းလင်းခြင်း ၊တိုင်ကြား ခံ ထားရသည့် အဆောက်အအုံများဖြစ်ပြီး တတိယတစ်ခုမှာ မြေယာပိုင်ဆိုင်မှုရှိသော်လည်း ခွင့်ပြုချက်မကျမှ သို့မဟုတ် ခွင့်ပြုချက် မယူဘဲဆောက်လုပ်သည့် အဆောက်အအုံများဖြစ်ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွ င် ခွင့်ပြုချက်မကျသေးဘဲေ ဆာက်လုပ်ထားသည့် အဆောက်အအုံများ၊ သတ်မှတ်ထားသည့် အထပ် ထက်ကျော်လွန်ဆောက်လုပ်ထားသည့်အတွက် ဒဏ်ကြေးငွေချမှတ် အရေးယူခံထားရသည့် အဆောက်အအုံပေါင်း ၄၅ဝ ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဏ်ကြေးငွေ ချမှတ်ခံရထားသည့် အဆောက်အအုံ ၂ဝဝဝနီးပါးရှိကြောင်း ၊ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ၁ဝထပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Buildersguide Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ