By Lily, Shweproperty.com
Updated at 28 November 2024
အိမ်ကို decoration အမျိုးမျိုး ပြင်ဆင်ကြတဲ့အခါ ပန်းတွေကိုလည်း မေ့ထားလို့ မရဘူးနော်။ ဒါအပြင် ပန်းတွေနဲ့ အလှဆင်တာက အိမ်ရဲ့ ကောင်းမွန်တဲ့ ဖုန်းရွှေဓာတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ လတ်ဆတ်လှပတဲ့ ပန်းတွေက ပျော်ရွင်စရာကို ဆောင်ယူလာတတ်တယ်လို့ ဆိုရိုးရှိပါတယ်။ ဖုန်းရွှေပညာရပ်အရလည်း ပန်းတွေဟာ ကံကောင်းမှုကို ဆောင်ယူလာတတ်ပြီး စိတ်ကိုအေးချမ်းစေတယ်လို့ ဆိုထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သင့်အိမ်ကို ပန်းတွေနဲ့ လွယ်ကူရိုးရှင်းစွာ ဘယ်လို အလှဆင်နိုင်မလဲ ဆိုတာကို ဖော်ပြထားပါတယ်။ ကြာပန်း ကြာပန်းတွေက သန့်ရှင်းစင်ကြယ်ခြင်း၊ကျော့ရှင်းတဲ့အလှတရား၊ စည်းစိမ်ဥစ္စာ ကြွယ်ဝခြင်းကို ရည်ညွှန်းပါတယ်။ နေအိမ်ရဲ့စီးပွားကို မြင့်တင်ပေးတယ်လို့လည်း အဓိပ္ပာယ်ရှိတာကြောင့် ဈေးထဲမှာ ကြာပန်းလေးတွေ ရောင်းနေတရတွေ့ရင် အိမ်မှာ အလှဆင်ဖို့ ဝယ်ခဲ့ဖို့သင့်တယ်နော်။ နောက်ပြီး ကြာပန်းတွေက ရေရှိရုံနဲ့ စိုက်ပျိုးရလွယ်ကူပြီး ပန်းပွင့်ဖို့လည်း လွယ်တာကြောင့် သင့်အိမ်မှာ လုံလောက်တဲ့ခြံအကျယ်အဝန်း ရှိမယ်ဆိုရင် ပန်းအိုးကြီးကြီးတစ်လုံးထဲကို ရေထည့်ပြီး စိုက်ပျိုးနိုင်ပါတယ်။ ချယ်ရီပန်း ချယ်ရီပန်းတွေကတော့ လန်းဆန်းတက်ကြွခြင်း၊ သစ်လွင်လန်းဆန်းခြင်း၊ ချစ်ခြင်းတရား၊ကျန်းမာပျော်ရွင်မှု ဆိုတဲ့အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ဟိုတယ်တွေမှာ ချယ်ရီပန်းတွေနဲ့ အလှဆင်ထားတာမျိုး တွေ့ရလေ့ ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ နေရာအနှံ့စိုက်ပျိုးရ မလွယ်ကူတာကြောင့် ချယ်ရီပန်း အတုလေးတွေနဲ့ ကိုယ်အိမ်ခန်းလေးမှာ အလှဆင်ထားလို့ ရပါတယ်။ သစ်ခွ "တံစက်မြိတ်က သစ်ခွပန်းတွေ" ဆိုသလို မြန်မာအိမ်တွေမှာ သစ်ခွပန်းကို တံစက်မြိတ်အောက်နေရာတွေ၊ အိမ်ထဲကသစ်ပင်တွေမှာ ဖြစ်ဖြစ်စိုက်ပျိုးတတ်ကြပါတယ်။ သစ်ခွပန်းတွေဟာ ပြီးပြည့်စုံမှုကိုကိုယ်စားပြုတာကြောင့် အိမ်မှာ သစ်ခွပန်းလေးစိုက်ထားတာက သင့်အိမ်ကို ကျတ်သရေ တိုးစေပါတယ်။ ပန်းအိုး သင့်အိမ်က တိုက်ခန်းလေးဖြစ်နေလို့ ပန်းပင်ကြီးကြီးတွေ စိုက်ဖို့နေရာမရှိဘူးဆိုရင်လည်း နည်းလမ်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်။ အဲဒါကတော့ အလှပန်းအိုးလေးဝယ်ပြီး ပြတင်းပေါက်ဘောင်ပေါ်မှာ ထိုးထားပေးဖို့ပါပဲ။ ဈေးထဲမှာ ဘုရားပန်းအတွက်ဝယ်ရင်း ဘုရားပန်းထိုးတဲ့ထဲက ပိုတဲ့ပန်းတွေကို အလှပန်းအိုးလေးနဲ့ သင့်အိမ်ပြတင်းပေါက်မှာ အလှဆင်နိုင်ပါတယ်။ အပိုအကုန်အကျ မများတဲ့အပြင် အိမ်ကိုလည်း ကျတ်သရေရှိစွာ လှပစေပါတယ်။ ဒါဆိုရင်တော့ သင့်အိမ်မှာ ပန်းတွေနဲ့ ဝေဆာစေဖို့ idea ကောင်းကောင်း ရမယ်လို့ ထင်ပါတယ်။ ဒါဆို ပန်းလေးတွေနဲ့ အိမ်ကိုလှအောင် ပြင်ကြစို့နော်။ တကယ်တော့ ပန်းတွေရှိတဲ့အိမ်က ဘယ်ပန်းတွေပဲ ဖြစ်ဖြစ် အေးမြသာယာတဲ့ နိမိတ်ကို ဖော်ဆောင်ပေးနိုင်ပါတယ်။ Written By : Lily ( ShweProperty.com )
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ