By EMG, Shweproperty.com
Updated at 8 December 2013
ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနှင့် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန် တိုက်ရှေ့တို့တွင် လူကူးခုံးကျော် တံတားများကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်သွားရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ပန်းဆိုးတန်းသည် ယခင်ကထက် ယာဉ်ကြောရှုပ်ထွေးမှု ပိုမိုလာပြီး ကမ္ဘာအေး ဂမုန်းပွင့် ကုန်တိုက်ရှေ့တွင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုများ ရှိလာခြင်းကြောင့် လမ်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် လူကူခုံးကျော် တံတားများ တည်ဆောက်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။
ပန်းဆိုးတန်း လူကူးခုံးကျော်တံတား တည်ဆောက်ရေးအတွက် ငွေကျပ်သန်း ၄၅၀ နှင့် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့် ကုန်တိုက်ရှေ့ရှိ လူကူးခုံးကျော်တံတား တည်ဆောက်ရေးအတွက် ငွေကျပ်သန်း ၃၀၀ တို့ကို သုံးစွဲရန် လျာထားကြောင်း သိရသည်။ ထို့ပြင် လမ်းမတော်မြို့နယ် လမ်းသစ်လမ်းတွင် လူကူးတံတား တည်ဆောက်ခြင်းအတွက် ငွေကျပ်သန်း ၂၇၀ နှင့် အင်းစိန်လမ်းမကြီး လှည်းတန်းမီးပွိုင့်အနီး လူကူးတံတား တည်ဆောက်ခြင်းအတွက် ငွေကျပ်သန်း ၈၀ တို့ကိုလည်း လျာထားသည်။
ဆီးဂိမ်းစ်တွင် လာရောက်မည့် နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ရန်ကုန်မြို့ရှိ ကမ္ဘာအေး ဂမုန်ပွင့်ရှေ့၊ ပန်းဆိုးတန်းနှင့် လမ်းမတော် စသည့်နေရာ သုံးခုတွင် စက်လှေကား ပါဝင်သော လူကူးခုံးကျော် တံတားများကို ဆီးဂိမ်းစ်အမီ အပြီးတည်ဆောက်မည်ဟု လျာထားခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည် ဖော်သည်ကို မတွေ့ရသေးကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ