By နီလာ, Shweproperty.com
Updated at 8 October 2012
ရန်ကုန်မြို့ရှိ FMI ပဒေသာပင်မြို့တော်သစ် စီမံကိန်းအမည်ဖြင့် ကုမ္ပဏီတစ်ခုမှ အိမ်ရာများဖော် ထုတ်ရောင်းချရာ၌လူအများစိတ်ဝင် စားမည့်အစီအစဉ်များဖြင့် ဆွဲဆောင် ရောင်းချခဲ့သော်လည်း Master Plan နှင့်အညီ အမှန်တကယ်ပြုလုပ်ပေး ခြင်းမရှိသည့်အပေါ် ဝယ်ယူသူများ ကဝေဖန်နေကြကြောင်းသိရှိရသည်။
FMI ပဒေသာပင်မြို့တော်စီမံ ကိန်းကို S.P.A Group of Companies အောက်ရှိ First Myanmar Investment(F.M.I) Garden Developemnt Limited မှ ၁၉၉၅ခု နှစ်မှစတင်ကာ လှိုင်သာယာမြို့နယ် အတွင်း ဖော်ထုတ်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
၁၉၉၈ခုနှစ်တွင် ဆောက်လုပ် ပြီးစီးသောအိမ်ရာများကို ဝယ်ယူ ထားသောအိမ်ရှင်များထံသို့ အကွက် လိုက်စတင်လွှဲပြောင်းပေးခဲ့ပြီး အိမ်ရှင်အိမ်ငှားများ ဝင်ရောက်နေထိုင် ခဲ့သည့်မြို့တော်ဖြစ်သည်။
အဆိုပါ FMI ပဒသာပင်မြို့တော်သစ်စီမံကိန်းတည်ဆောက်ပြီး ၁ဝနှစ်ကျော်လာချိန်တွင် Master Plan တွင်ပါဝင်သည့် အပန်းဖြေ ဥယျာဉ်နေရာများတွင် အိမ်ရာများတည်ဆောက်ရောင်းချနေခြင်း၊ မီးသတ်စခန်းနေရာတွင်မီးသတ်စခန်း မတည်ဆောက်ဘဲအခြားအဆောက် အအုံတစ်ခုတည်ဆောက်ရန် စီစဉ်နေ မှုများကြောင့် အိမ်ရာဝယ်ယူခဲ့သူ အများစုစိတ်အနှောင့်အယှက်များ နှင့်ကြုံတွေ့နေရကြောင်းသိရသည်။
''ကျွန်တော်တို့ က FMI City မှာနေထိုင်တဲ့ အငြိမ်းစားအစိုးရဝန် ထမ်းတွေပါ။ကျွန်တော်တို့ဒီမှာ အိမ် ဝယ်ဖို့လုပ်တုန်းကအပန်းဖြေဥယျာဉ် တွေ၊မီးသတ်စခန်းတွေ၊ Green Area တွေပါတယ်။ အခုလည်းကျရော အဲဒီနေရာတွေမှာအိမ်ရာတွေဆောက် ပြီးရောင်းချနေတယ်။ အပန်းဖြေ ဥယျာဉ်လည်း အခု၁ဝနှစ်သာ ကျော် သွားတယ်။ မဆောက်သေးဘူး''ဟု ပဒေသာပင်မြို့တော်အိမ်ရှင်များအသင်းမှဥက္ကဌဦးစိန်လှိုင်က ပြော ကြားခဲ့သည်။
FMI Garden Develpment အနေဖြင့် ပင်အိမ်ရာကို ဖော်ထုတ်ရာ၌ မူလပုံစံအတိုင်းမဟုတ်ဘဲ မြေလွတ်မြေလပ် Green Area များအား အိမ်ရာ မြေထုတ်ရောင်းချခဲ့ရာ ဓမ္မာရုံနှင့် ရေစင်အနီးရှိ Public Park နှင့် Nursery ဧရိယာအား အိမ်ရာများ ဖော် ထုတ်ရောင်းချခြင်း၊အမှတ်(၂)ဂိတ်ဝင် ပေါက်အတွင်းရှိ မြေလပ်ဧရိယာ တွင် Car Show Room ဆောက်လုပ် လျက်ရှိခြင်း၊ F-Lot ရှိ မြေလပ်ဧရိ ယာတွင် အိမ်ရာများတိုးချဲ့ဆောက် လုပ်ခြင်း၊ မီးသတ်စခန်းမြေနေရာ တွင် မီးသတ်အဆောက်အဦဆောက် လုပ်မပေးဘဲ ကုမ္ပဏီ၏ဥယျာဉ်ပြု လုပ်ထားခြင်းနှင့်ဈေးဧရိယာအား လျှော့ချ၍ အိမ်ကွက်များဖော်ထုတ် ခြင်းများပြုလုပ်ခဲ့ကြောင်းလည်းပဒေ သာပင်မြို့တော်အိမ်ရှင်များအသင်း မှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။
''ကုမ္ပဏီရဲ့ဒီလိုလုပ်ရပ်တွေကိုကျွန်တော်တို့ကန့်ကွက်တဲ့အကြောင်းအိုး/အိမ်ကိုတင်ပြထားတယ်။အပန်းဖြေဥယျာဉ်ကို အမြန်ဆုံးဆောင်ရွက်ဖို့ ဆောက်လုပ်ရေးဝန်ကြီးရဲ့ မှတ်ချက်နဲ့ ဆောလျင်စွာဆောင် ရွက်ဖို့ ညွှန်ကြားထားတာကိုလည်း မလိုက်နာဘဲအခုထိဘာမှမလုပ်ဘူး။အဆိုးဆုံးက မီးသတ်စခန်းနေရာမှာ မီးသတ်စခန်းမဟုတ်တဲ့ တခြား အဆောက်အအုံ တည်ဆောက်နေ ခြင်းပါပဲ''ဟုလည်းပဒေသာပင်မြို့ တော်အိမ်ရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးစိန်လှိုင်ကပြောခဲ့သည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ