By 7daydaily, Shweproperty.com
Updated at 19 December 2016
ဧဒင်ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံ၌ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ရန်နှင့် ချေးငွေများထုတ်ချေးရန် စီစဉ်နေ ကြောင်း သတင်းရရှိ သည်။
‘‘အဓိကကတော့ ကျေး လက်ကို ဦးစားပေးပြီး တည် ဆောက်သွားမယ်။ တန်ဖိုးကမျှတ ပြီး ပြည်သူတွေဝယ်ပြီး နေနိုင် အောင် တည်ဆောက်ဖို့ အခု ကျွန် တော်တို့ ကုမ္ပဏီက လေ့လာမှု တွေ လုပ်နေပါတယ်’’ဟု ဧဒင် ကုမ္ပဏီ အုပ်စု အမှုဆောင်ဒါရိုက် တာ ကိုရဲမင်းအောင်က 7Day Daily အား ပြောသည်။
ဧဒင်ကုမ္ပဏီအုပ်စု လက် အောက်ရှိ ဘဏ်လုပ်ငန်းစုဖြစ် သည့် Myanmar Apex Bank က လည်း ပြည်တွင်းမှ အိမ်ရာများကို ပြည်သူများဝယ် ယူနိုင်ရန် ငွေချေး မည့် အစီအစဉ်များလည်း လုပ် ကိုင်ရန် ရည်မှန်းထားကြောင်း ကိုရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ရာဝယ် ယူရန် ချေးငွေထုတ်ချေးရာ၌ ကာ လတိုချေးငွေသာ ထုတ်ချေးနိုင်ပြီး ကာလရှည်ချေးငွေ ဝန်ဆောင်မှု မပေးနိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ကာလရှည် နှစ် ၂၀ နှစ် ၃၀ အထိ အိမ်ရာဝယ်ယူ ရန် ချေးငွေများထုတ်ချေးနိုင်ရန် ဗဟိုဘဏ်နှင့် ဆွေးနွေးမှုအချို့ ပြုလုပ်မည်ဖြစ်ကြောင်း ဧဒင် ကုမ္ပဏီအုပ်စုက ရည်ရွယ်ထား သည်။
ဆောက်လုပ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ လုပ်ကိုင်နေ သည့် ဧဒင်ကုမ္ပဏီသည် မြို့စွန် ဧရိယာများတွင် တန်ဖိုးနည်းအိမ် ရာစီမံကိန်းများ အကောင်အထည် ဖော်ရန် အစီအစဉ်များမရှိကြောင်း ဧဒင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဇင်ဘာအတွင်း ဂျပန်နိုင်ငံ တို ကျိုမြို့တွင် ပြုလုပ်သည့် မြန်မာ့ စီးပွားရေးဆွေးနွေးပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။
မြို့လယ်ကောင်တွင် နေရာ ကျဉ်းမြောင်းပြီး အကန့်အသတ် များရှိနေခြင်းအတွက် မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံရာတွင် ရွေးချယ် စရာ အခွင့်အလမ်းနည်းပါးကြောင်း ဦးချစ်ခိုင်က ပြောကြားခဲ့သည်။
နိုင်ငံ၏ စီးပွားရေးမှာ ကိန်း ဂဏန်းများနှင့် ခန့်မှန်းချက်များအ ရ တိုးတက်မည်ဟု ဆိုထားသော် လည်း အိမ်ခြံမြေဈေးကွက်မှာ လတ်တလောတွင် အခြေအနေမ ကောင်းကြောင်း ဦးချစ်ခိုင်၏ ပြောကြားချက်ကို ဂျပန်နိုင်ငံအ ခြေစိုက် Nikkei Asia Review သ တင်းဌာနက ပြန်လည်ရေးသား ဖော်ပြသည်။
၁၉၉၀ ပြည့်နှစ်ကစတင်ပြီး ပြည်တွင်း၌ စီးပွားရေးလုပ်ငန်း များ လုပ်ကိုင်သည့် ဧဒင်ကုမ္ပဏီ သည် ဆောက်လုပ်ရေး၊ ဘဏ် လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ ဆန်စပါးလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံထားသော ထိပ် သီးကုမ္ပဏီတစ်ခုဖြစ်သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ