By Venus News Weekly, Shweproperty.com
Updated at 12 March 2013
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်သည် လက်ရှိအချိန်တွင် ရောင်းအဝယ်အေးလျက်ရှိပြီး ကွန်ဒိုနှင့်တိုက်ခန်းအချို့သာ အဌားပုံမှန်အနေအထားလောက် သာရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှစုံစမ်းသိရသည်။
“ဒီမှာအရောင်းအဝယ်ကတော့ခပ်အေးအေး၊လုံးချင်းနဲ့မြေကွက် တစ်ချို့လောက်ပဲ အလုပ်ဖြစ်ကြတယ်၊
မြေကွက်ထဲမှာဆိုရင်၇ မိုင်၊ ၈ မိုင်၊၉ မိုင် အဲဒီဘက်မှာဖြစ်တာများတယ်၊သိန်း ၁၀၀၀၀ ဝန်းကျင်အကွက်တွေလောက်ပဲ အရောင်းအဝယ်လိုက်ကြတယ်၊လုံးချင်းထဲမှာဆိုရင်လည်း ၊ဝယ်သူတွေကမရမ်းကုန်းမြို့နယ်ထဲမှာပဲ အဝယ်လိုက်ကြဝာယ်၊ သူလည်းဈေးက သိန်း၁၀၀၀၀ ကျော် ဈေးလောက်ပေါက်တဲ့လုံးချင်းတွေ အရောင်းအဖြစ်များတယ်၊
ကွန်ဒိုထဲမှာဆိုရင်တော့သိန်း၁၀၀၀ က နေ သိန်း၂၀၀၀ ဝန်းကျင်ဈေးရှိတဲ့ ကွန်ဒိုတွေက အရောင်းအဝယ်ဖြစ်တယ်။ အဌားက အခုသီမင်္ဂလာ ဈေးဟောင်း ကြည့်မြင်တိုင် ကမ်းနားလမ်းမှာ အဌားသွက်တယ်၊ ဈေးလည်းနည်းနည်းတတ်သွားတယ်၊အရင်က တစ်လ၅ သိန်း အခန်းက ၁၀ သိန်းလောက ်အထိဈေးတက်သွားတယ်၊
မြေညီထပ ်အရောင်းဆိုရင်တော့ သိန်း၁၅၀၀ ဝန်းကျင် ဈေးလောက်ရှိတယ်”ဟု Perfect World အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ ကိုနိုင်ကပြောသည်။
ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်ယခုကဲ့သို့ငြိမ်သက်ခြင်းသည်အိမ်ရာစီမံကိန်းများ၏ဈေးနှုန်းကိုဝယ် ရောင်းသမားများမှ စောင့်ကြည့်သည့်အနေအထားတွင်ရှိနေခြင်း ဖြစ်နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် များက သုံးသပ်ကြသည်။
“အစ်ကိုဆီမှာတော့ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊တောင် ဥက္ကလာပ၊သင်္ဃန်းကျွန်း အဲဒီဘက် လောက်မှာတော့ အရောင်းအဝယ် အနည်းငယ်တော့လုပ်ရတယ်။ အခုအိမ်ခြံမြေဈေးက အေးနေတော့ တစ်လကျော် နှစ်လလောက်ရှိပြီပေါ့၊ဝယ်ရောင်းကတော့ တိုက်ခန်းတွေလောက်ပဲရှိတယ်၊ အဌားကတော့ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ အဌားနည်းနည်းတော့ သွက်လာတယ်၊ မြေညီထပ်ကို ၁၀ သိန်းကနေ ၁၅သိန်းဈေးအထိ ပေါက်တယ်၊အဓိက ကတော့ သိရီမင်္ဂလာ ဈေးဟောင်းဘက်မှာ ကားပွဲစားတွေ ရွှေ့လာတာလည်းပါမှာ ပေါ့ဗျာ၊ စီးပွားရေးသမားဆိုတာလည်း အရောင်းအဝယ်ကို ဈေးကွက်ကြည့်ပြီးလုပ်တာဆိုတော့ တွက်ခြေမကိုက်ရင်မလုပ်ဘူးပေါ့”ဟုမြဧကရီ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှကိုအောင်ဇော်ထိုက် ကပြောသည်။
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်သည် လက်ရှိအချိန်တွင်အရောင်းအဝယ် အေးစက်လျက်ရှိပြီး ဆက်လက်တည်ငြိမ်နိုင်သေးကြောင်း၊ အဌားဈေးကွက်သာပုံမှန်အနေအထားတွင် တည်ရှိနေပြီးတည် ဆောက်မည့်အထပ်မြင့် အဆောက်အအုံများပုံပေါ်လာပါက အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာ နိုင်သည်ဟုအိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ကြသည်။
Ref: Venus News Weekly Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ