By Messenger, Shweproperty.com
Updated at 26 October 2015
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ အငှားအိမ်ရာများ တည်ဆောက်ရန် ငွေကျပ်(၄၅)ဘီလီယံကျော် အသုံးပြု သွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
“အိမ်ပိုင် မရှိသေးတဲ့ သူတွေနဲ့ အစိုးရဝန်ထမ်းတွေ အတွက် အငှားအိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်”ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများ ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူကာ ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အငှားအိမ်ရာများကို အိမ်ရာ လိုအပ်ချက် မြင့်မားနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး၊ ယင်း စီမံကိန်းများမှ အခန်းပေါင်း (၅၀၀၀) ကျော် ထွက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာများကို ယခု ၂၀၁၅ ခုနှစ် အတွင်းမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ အိမ်ရာများ ပြီးစီးပါက အိမ်ရာမဲ့ ပြည်သူများကို နှစ်ရှည် အငှားချထားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
“အငှားအိမ်ရာက ဘယ်လို လာမလဲတော့ မသိဘူး။ အခုရောင်းနေတဲ့ တန်ဖိုးနည်းအိမ်ရာက အခန်းရဖို့ မဲနှိုက်တာလည်း တစ်ခါမှ မပေါက်သေးဘူး။ လျှောက်တဲ့ သူကလည်း များတော့ အခန်းရဖို့ သိပ်မလွယ်ဘူး”ဟု ရွှေလင်ပန်းအိမ်ရာ လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်း မအိကျော်က ဆိုသည်။
အစိုးရသစ် တာဝန်ယူချိန်တွင် ပြည်သူများ အိမ်ရာလိုအပ်ချက်များ လျော့နည်းစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာတစ်သန်း တည်ဆောက်ရန် စီစဉ်ထားကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref : Messenger
Photo Credit : Pathein City News
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ