By 7Day Daily, Shweproperty.com
Updated at 20 June 2019
အချိုးသင့်ပိုင်ဆိုင်မှု တန်ဖိုးနှင့် နိုင်ငံခြားငွေအဝင်၊ အ ထွက်စီမံခန့်ခွဲမှုများ ဆောင်ရွက် နိုင်မည်ဆိုပါက ဆောက်ပြီးသား ကွန်ဒိုများကို နှစ်လအတွင်း နိုင်ငံခြားသားများထံ ရောင်းချခွင့်ရရှိ မည်ဟု မြန်မာနိုင်ငံ ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ကွန် ဒိုများ နိုင်ငံခြားသားများထံ ရောင်းချနိုင်ရေး အမြန်ဆုံးဆောင်ရွက် နေကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ဇွန်လဆန်းတွင် သတင်းမီဒီယာများအား အသိပေးခဲ့ သည်။
ဆောက်လုပ်ရေးလုပ်ငန်း ရှင်များနှင့် အိမ်ခြံမြေအကျိုး ဆောင်များ မျှော်လင့်နေသည့် နိုင်ငံခြားသားများကို ကွန်ဒိုရောင်း ချခွင့် လာမည့်ဇွန်လတွင် စတင်ခွင့်ပြုနိုင်မည်ဟု မျှော်မှန်းကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်မြို့ပြခန်း(Yangon City Gallery) ဖွင့်ပွဲ၌ ပြောကြားထားသည်။
နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့်ရရှိရေးက ရန်ကုန်အိမ်ခြံမြေဈေးကွက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်တိုးတက်ရေး တွန်းအားတစ်ခုဖြစ် နိုင်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက မျှော်လင့်နေသည်။
ထိုကြောင့် အချိုးသင့်ပိုင် ဆိုင်မှုတန်ဖိုး သတ်မှတ်နိုင်ရေး နှင့်ပတ်သက်၍ အသင်းချုပ်က လည်း အင်ဂျင်နီယာကောင်စီ၊ ဗိသုကာကောင်စီတို့နှင့် ညှိနှိုင်း ဆောင်ရွက်နေသည်ဟု ဦးမျိုးမြင့် က ပြောသည်။ လက်ရှိအချိုးသင့် ပိုင်ဆိုင်မှုတန်ဖိုး သတ်မှတ်နိုင်ရေး ကို အာဆီယံနိုင်ငံမှ ပညာရှင်များ ဖြင့် ဆောင်ရွက်ရန်စီစဉ်ထား ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် နိုင်ငံခြားငွေ ဝင်၊ ထွက်မှုနှင့်ပတ်သက်၍ ဗဟိုဘဏ်၊သက်ဆိုင်ရာ အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်နေသည်ဟု ဆိုသည်။
‘‘ဆောက်ပြီးသား ကွန်ဒိုတွေ နဲ့ ဆောက်လုပ်ဆဲတွေက ဒီနှစ် ချက်ပြီးရင် တစ်လ၊ နှစ်လအ တွင်း ရောင်းချခွင့်ရမှာပါ’’ဟု ဦးမျိုးမြင့်က ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကွန်ဒိုများကို နိုင်ငံခြားသားများ အား ရောင်းဝယ်ခွင့်ပြုထားခြင်း မရှိသဖြင့် အငှားဈေးကွက်တစ်ခု ကိုသာ အားထားနေရသည်။
ရန်ကုန်မြို့ အိမ်အငှားဈေး ကွက်တွင် နိုင်ငံခြားသားများ ငှား ရမ်းနေထိုင်မှု ၂၀ ရာခိုင်နှုန်း ခန့်ရှိနေသည်ဟု ဦးနေမင်းသူက ပြောသည်။ အများဆုံးငှားရမ်းမှုက မီနီကွန်ဒိုများဖြစ်ပြီး ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအကြားပေး၍ ငှားရမ်း နေထိုင်သည်ဟုဆိုသည်။
ရိုးရိုးတိုက်ခန်းများကို နိုင်ငံ ခြားသားများ ငှားရန်းရာတွင် တစ် လကျပ် ငါးသိန်းခန့်သာ သုံးစွဲသည် ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
လက်ရှိ ရန်ကုန်တွင် တိုက်ခန်းငှားရမ်းနေထိုင်သည့် နိုင်ငံခြား သားအများစုသည် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး အနောက်နိုင်ငံ သားများ နည်းပါးသည်ဟု ၎င်းက ဆိုသည်။
Ref & Photo Credit : 7Day Daily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ