By mizzima, Shweproperty.com
Updated at 29 September 2014
စက်မှုဇုန်နယ်မြေအတွင်း မြေနေရာ ပိုင်ဆိုင်မှုအရှုပ်အရှင်းများနှင့် ကျူးကျော်ပြဿနာများ ရှိနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုထိခိုက်မည်ကို စိုးရိမ်မိကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။
စက်တင်ဘာ ၂၄ ရက်က ရွှေပြည်သာ စက်မှုဇုန် အပိုင်း(၂)တွင် ဖြစ်ပွားသည့် မြေကွက်ပိုင်ရှင်နှင့် ဒေသခံ အကြား အငြင်း ပွားမှုနှင့်ပတ်သက်၍ ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအေးသောင်း က ပြောသည်။
ဦးအေးသောင်းက “မနေ့ညနေက ရွှေပြည်သာစက်မှုဇုန် အပိုင်း(၂)က မြန်မာ လုပ်ငန်းရှင်ပိုင်တဲ့ စက်ရုံမြေ ကွက်လွတ်မှာ ဒေသခံလူတွေက ကျူးကျော်ပြီး တဲထိုးတဲ့ ကိစ်္စ အငြင်းပွားတာကနေ လူအုပ်ကကြီးလာပြီး တုတ်၊ ဓားတွေနဲ့ဖြစ်လာလို့ မြေကွက် ပိုင်ရှင်က ရှောင်ပေးလိုက်ပေမယ့် ရင်းနှီးမြှုပ်နံှမှုကို သွားပြီးထိခိုက် တယ်”ဟု ဆိုသည်။
အဆိုပါပြဿနာမှာ ရွှေပြည်သာစက်မှု ဇုန်အပြင် ဝါးတစ်ရာစက်မှုဇုန်တွင်လည်းရှိနေခြင်းကြောင့် မြေကွက်လွတ် ၁,၀၀၀ ကျော်အထိရှိသောဇုန်များ၌ စက်ရုံအနည်း ငယ်သာရှိနေကြောင်း၊ မြေကွက်များမှာ လုပ်ငန်းရှင်အမည်ပေါက် ဖြစ်သော်လည်း ဒေသခံလယ်သမားများက လယ်စိုက်ပျိုးလုပ် ကိုင်နေမှုပင်ရှိနေကြောင်း ၎င်းင်းက ထပ်မံ ပြောဆိုသည်။
အစိုးရက မြေကွက်များကို လုပ်ငန်းရှင်များအား ချထားပေးသော်လည်း ပိုင်ဆိုင်မှုအပိုင်းတွင် နယ်မြေခံနှင့် အငြင်းပွားမှုများ ရှိနေခြင်းကြောင့် ယင်းဇုန်နေရာတွင် မည်သည့်လုပ်ငန်းရှင်ကမှ လုပ်ငန်းမစတင် နိုင်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။
စက်မှုဇုန်လုပ်ငန်းရှင် ဦးကျော်ကျော်က “မြေကွက်လွတ်တွေရှိလည်း ဆောက်လို့ရတာမှ မဟုတ်တာ။ အဲဒီအတွက် ဘယ်သူမှလည်း မဆောက်ကြဘူးပေါ့” ဟု ဆိုသည်။
နိုင်ငံခြားလုပ်ငန်းရှင်များ ဝင်ရောက်ရေးအတွက် မြေဈေးကြီးမြင့်နေခြင်းနှင့် စက်မှုမြေပိုင်ဆိုင်မှု မတည် ငြိမ်ခြင်းတို့ကြောင့် ခက်ခဲမှုများဖြစ်ပေါ်လျက်ရှိသည်။
ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်မြေ ကွက် ၁၀,၃၂၇ ကွက်အထိ ရှိနေသော်လည်း စက်ရုံဂိုဒေါင်နှင့် မြေကွက်အလွတ်မှာ ၃,၆၀၀ ကျော်အထိရှိနေသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ