By 7Day Daily, Shweproperty.com
Updated at 21 February 2019
နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့်ရရှိပါက တုံ့နှေးနေသော အိမ်ခြံမြေ ဈေးကွက်အ တွက် ထွက်ပေါက်တစ်ခုဖြစ်လာနိုင်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်အချို့က မျှော်မှန်းနေသည်။
ကွန်ဒိုဥပဒေတွင် နိုင်ငံခြား သားများ ဝယ်ယူပိုင်ဆိုင်ခွင့် ၄၀ ရာခိုင်နှုန်းခွင့်ပြုထားသော်လည်း မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးနေရခြင်းကြောင့် လက်ရှိဝယ်ခွင့်မရရှိသေးပေ။ သို့ သော် ယခုနှစ်ဧပြီတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူပိုင်ဆိုင်ခွင့် ရရှိနိုင်မည်ဟု မြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ် ငန်းရှင်များအသင်း (MDA) အ တွင်းရေးမှူး ဦးဇော်ရဲဝင်းက ခန့် မှန်းပြောကြားသည်။
နိုင်ငံခြားသားများ ကွန်ဒို ဝယ်ယူခွင့်ရရှိမည်ဆိုပါက ပြည် တွင်း အိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားကို ပြန်လည်မျှော်လင့် နိုင်မည်ဟု အိမ်ခြံမြေ အကျိုး ဆောင်အချို့က မှန်းဆသည်။
‘‘အိမ်ခြံမြေကဏ္ဍမှာ တစ် စိတ်တစ်ပိုင်းတော့ အရောင်းအ ဝယ်တွေရှိလာမယ့် သဘောပါ’’ ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုး ဆောင်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
တရုတ်နှစ်သစ်ကူးကာလအပြီးတွင် အိမ်ခြံမြေအရောင်းအဝယ် အနည်းငယ်ပြန်လည်ရှိလာသော်လည်း ဈေးကွက်တစ်ခုလုံး အေးစက်နေကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့၏ နေရာဒေသအလိုက် လျှော့ဈေးများဖြင့် ကျပ်သိန်းရာချီတန် အိမ်မြေယာအချို့နှင့် ကျပ်သိန်းထောင်ဂဏန်းအိမ်မြေအချို့ အရောင်းအဝယ်ရှိနေသည်ဟု အကျိုးဆောင်အချို့က ပြောသည်။
နိုင်ငံစီးပွားရေးအခြေအနေ ကြောင့် အိမ်ခြံမြေဈေးကွက်တွင် သာမန်တိုက်ခန်း ဝယ်လိုအား များစွာလျော့ကျနေကြောင်း အ ကျိုးဆောင်အချို့က ပြောသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရှိခဲ့သော ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေး လျှော့ရောင်းသော်လည်း ဝယ်လို သူ နည်းပါးကြောင်း ၎င်းတို့က ဆိုသည်။
အိမ်ခြံမြေအပါအဝင် ကွန်ဒို၊ တိုက်ခန်းများကို ပြည်တွင်းမှ ဝယ်လိုအား ကျဆင်းခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ခက်ခဲစွာရုန်းကန်နေရ သည်ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။
ဒလတံတားစီမံကိန်းများအ ပါအဝင် ရန်ကုန်တိုင်းတွင် ဆောင် ရွက်မည့် စီမံကိန်းများတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသား များ၏ ကွန်ဒို၊ တိုက်ခန်းငှားရမ်း လိုသူများ ယခုရက်ပိုင်းတွင် ရှိ လာသည်ဟု အကျိုးဆောင်အချို့ က ပြောသည်။
တစ်လကျပ်ငါးသိန်းမှ ၁၈ သိန်း၊ သိန်း ၂၀ အထိရှိသော ကွန်ဒိုတိုက်ခန်းငှားရမ်းမှု အနည်းငယ်ရှိလာကြောင်း ၎င်းတို့က ပြောသည်။
Ref : 7Day Daily
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ