By Myanmar Builders Guide, Shweproperty.com
Updated at 1 July 2019
ဆောက်လုပ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှုနှင့် တိုင်းဒေသကြီးတစ်ခုလျှင် စုပေါင်းပိုင်အဆောက်အအုံ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်။၎င်းကော်မတီကို လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ်ပါဝင်၍ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းနှင့်စီပွားရေးလုပ်ငန်းရှင်များနှင့်ဖွဲ့စည်းထားကြောင်းသိရသည်။
၎င်း စုပေါင်းပိုင် အဆောက်အအုံ စီမံခန့်ခွဲမှုကော်မတီထံက ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ နှင့်အိမ်ခြံမြေ အကျိုးဆောင် များအနေနှင့် နှစ်လအတွင်း နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့်ရတော့မည်ဖြစ် ကြောင်းသိရသည်။
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေအသက်ဝင်ဖို့ နှောင့်နှေးနေရခြင်းသည်လည်း လုပ်ထုံး လုပ်နည်းနှင့် နောက်ဆက်တွဲနှင့် အမိန့်ကြေညာ ညွှန်ကြားချက်များ ဆက်လက်လုပ်ဆောင်ရန်ရှိနေခြင်းနှင့် စုပေါင်းပိုင်အဆောက်အအုံ စီမံခန့်ခွဲရေးကော်မတီဖွဲ့၍ လိုအပ်ချက်များကို ညှိနှိုင်းနေသောကြောင့် နှောင့်နှေး ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ၂၉ ရက်နေ့က ကွန်ဒို ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး၊၂၀၁၈ခုနှစ်ဒီဇင်ဘာလတွင်နည်း ဥပဒေထွက်ရှိခဲ့ပြီး နည်းဥပဒေအနေနှင့်လိုအပ်ချက်တွေရှိနေသဖြင့် နောက် နှစ်လလောက်မှအသက်ဝင်မှာ ဖြစ်ကြောင်း၊ဝယ်ယူသူတွေအနေနဲ့အချိုးသင့်ပိုင်ဆိုင်ဖို့ကို အခန်းအကျယ်အဝန်း၊တည်နေရာအလိုက် ပိုင်ဆိုင် မှုတွက်ချက်ဖို့လိုကြောင်း၊၎င်းတွက်ချက်မှုလုပ်ရာတွင် ပညာရှင်မရှိ၍ နိုင်ငံခြားကခေါ်ရမည်ဖြစ်ကြောင်း၊ အဲဒီ အတွက် အမိန့်ကြေညာစာများထုတ်ရန်နှင့်နိုင်ငံခြားငွေ အဝင်အထွက်နှင့်ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဗဟိုဘဏ်တို့ဘဏ်အသင်းတို့နှင့် ဆွေးနွေးရန်ရှိကြောင်း၊ထိုဆွေးနွေးမှုလုပ်ပြီးလျှင် နောက်နှစ်လ လောက်တွင် ရောင်းချ၍ရနိုင်မည်ဖြစ်ကြောင်းသိရပါသည်။
ကွန်ဒို အဆောက်အအုံတစ်ခု၏ (၄၀) ရာခိုင်နှုန်းသာနိုင်ငံခြားသားကို ဥပဒေကရောင်းချခွင့်ပြုထားရာ နည်းဥပဒေ လိုအပ်ချက်များကို စုပေါင်းပိုင် အဆောက်အအုံစီမံခန့်ခွဲမှု ကော်မတီအနေနှင့် မြန်မြန်ဆန်ဆန်လုပ် လာနိုင်မည်ဆိုလျှင် အသက်ဝင်လာပြီး ကွန်ဒိုခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်မည်ဆိုလျှင် ဆောက်လုပ်ရေးနှင့်ဆက်စပ်နေသော လုပ်ငန်းများပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး၊အိမ်ခြံမြေလုပ်ငန်းများ လည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအနေနှင့်ယူဆမျှော်လင့်နေကြသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ