By Myanmar Builders Guide, Shweproperty.com
Updated at 22 July 2019
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ယခုနှစ်မေလကုန်ပိုင်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်း ၁၃၀၀ ကျော် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရန်ကုန်တိုင်းဒေသကြီးမှာ လုပ်ငန်းစုစုပေါင်း တစ်ထောင်ကျော်နှင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှာ ၉၆ ခုဖြင့် ဒုတိယအများဆုံး ဝင်ရောက်လုပ်ကိုင်နေကြသည်။ ချင်းပြည်နယ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုလုံးဝမရှိသေးဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ကယားပြည်နယ်သည် အနည်းငယ်သာ ဝင်ရောက်လုပ်ကိုင်မှုရှိကြောင်း အဆိုပါ စာရင်းများအရသိရသည်။
ယခုနှစ်မေလကုန်အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုံး၀ မပြုလုပ်ရသေးသော ကဏ္ဍမှာ ဆောက်လုပ်ရေးကဏ္ဍဖြစ်ပြီး စက်မှုကဏ္ဍတွင် လုပ်ငန်းပေါင်း ကိုးရာကျော်နှင့် အများဆုံးဝင်ရောက်လုပ်ကိုင်နေကြသည်။
သို့သော်လည်း အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ ခန့် တန်ကြေးရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့သစ်တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက လာရောက်ဆွေးနွေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောသည်။
“သူတို့လာမေးမြန်းတယ်။ ကျွန်တော်တို့ ဒါလုပ်မယ်ဆိုဘယ်လိုလုပ်ရသလဲ။ မြို့သစ်တည်ဆောက်မယ်ဆိုရင် ဘယ်အချက်ဘယ်အချက်တွေလိုလဲ။ ရင်းနှီးမြှုပ်နှံမှု ကြီးမားတယ်ဆိုရင် ပြည်ထောင်စုအစိုးရကိုတင်ပြရမယ်။ သူတို့ကို ရှင်းပြစရာရှိတာတွေရှင်းပြတာပေါ့။ လာရောက်မေးမြန်းတာပဲရှိပါသေးတယ်။ ”ဟု ၎င်းကပြောသည်။
ယခုဘဏ္ဍာနှစ်မှာ အောက်တိုဘာ ၁ ရက် မှ ဇူလိုင် ၁၀ ရက်အထိ ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀၇ ခုကို ခွင့်ပြုပေးထားကြောင်း သိရသည်။ ခွင့်ပြုပေးထားသည့် လုပ်ငန်း ၂၀၇ ခု၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကျော်ရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ