By Social Media, Shweproperty.com
Updated at 5 June 2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာပြုလုပ်နိုင်သည့် စီမံကိန်း ၃ဝ ရှိကြောင်းသိရသည်။ ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ် သော ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အ ကြောင်း ရှင်းလင်းခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြောသည်။
project bank ထဲတွင် စီမံကိန်း စုစုပေါင်း ၈ဝ ရှိပြီး၊ ယင်း ၈ဝ အနက် ၃ဝ မှာ စီမံကိန်းဖြစ် မြောက်နိုင်ရေးလေ့လာမှု (Feasibility Study) နှင့့် စီမံကိန်းဖြစ် မြောက်နိုင်ရေး အကြိုလေ့လာမှု (Pre-Feasibility Study) ဆောင်ရွက်ပြီးသားဖြစ်ကြောင်း သိရသည်။ ''အဲဒီ ၃ဝ ကတော့ တစ်ခါတည်း နိုင်ငံခြားသားများလာလို့ရှိ ရင် အလွယ်တကူ လေ့လာကြည့်ရှု ပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ စီမံကိန်းဖြစ်ပါတယ်''ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောသည်။ Yangon Project Bank တွင် ထည့်သွင်းထားသည့် ဖွံ့ဖြိုးမှု စီမံကိန်း ၈ဝ တွင် နိုင်ငံတော်မှ အ ကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများပါဝင်သကဲ့သို့ PPP ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများလည်း ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရာတွင် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်စီမံကိန်းများ ရေးဆွဲခဲ့ကြောင်းသိရသည်။ Yangon Project Bank တွင် ထည့်သွင်းထားသည့် စီမံကိန်း ၈ဝ တွင် Dala City Develop ၊ ရန်ကုန်မြို့သစ်စီမံကိန်း အပိုင်း(၁)၊ ရန်ကုန်မြို့သစ်စီမံကိန်းအပိုင်း(၂)၊ ရန်ကုန်အထူးစီးပွားရေးဇုန်၊ အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးမှု စက်မှုန်ဇုန် ၂၉ ဇုန်အဆင့်မြှင့်တင်ရေးစီမံ ကိန်းများ၊ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပ ၁၁ မြို့နယ်တို့တွင် စက်မှုဇုန်သစ်များ အကောင်အထည် ဖော်ရေးစီမံကိန်းများ၊ ရန်ကုန်တိုင်းအတွင်းရှိ ဈေးပေါင်း ၂ဝ ကျော် အဆင့်မြှင့်တင်မည့်စီမံကိန်း များပါဝင်ကြောင်း သိရသည်။
Ref : Social Media
Photo Credit : Theculturetrip
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ