By MP ခိုင်, Shweproperty.com
Updated at 8 October 2012
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ် ခေါ်သည့်သဘောဖြင့် နိုင်ငံခြားသားများအား တိုက်ခန်းများဝယ်ယူ ရောင်းချခွင့်ပေးခဲ့ပါက ကွန်ဒိုတိုက် ခန်းဈေးနှုန်းများ မြင့်တက်လာနိုင် ပြီး နိုင်ငံသားများမှာကွန်ဒိုများနှင့် လက်ကမ်းမမီသောအခြေအနေတစ် ရပ်အထိရောက်ရှိသွားနိုင်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း မှ ဦးသန်းဦးကအောက်တိုဘာ ၂ ရက်တွင်ပြောသည်။
လက်ရှိပြည်တွင်းတွင်တိုက်ခန်း များအနည်းငယ်သာရှိပြီး ကွန်ဒို များမှာလည်း များများစားစားမရှိ သောကြောင့် ယခုအချိန်တွင် တိုက်ခန်းငှားခတစ်လလျှင် ခုနစ်သောင်းမှ တစ်သိန်းခွဲအထိရှိနေပြီး နိုင်ငံခြား သားများကိုတိုက်ခန်းဝယ်ယူရောင်း ချခွင့်ပေးလိုက်ပါက ဝယ်လိုမှုများ လာကာ လက်ရှိအခြေအနေထက် ဈေးနှုန်းမြင့်မားလာနိုင်ကြောင်း သိရသည်။
''အခုတောင်မှ ဈေးကတက်နေတာ ဒီလိုတိုက်ခန်းရောင်းဝယ်ခွင့်ပေးလိုက်တာနဲ့ ပြည်တွင်းတင်မကဘူး။ပြည်ပကပါ ပါလာတော့မယ် ဆိုတော့ ဈေးကပိုမြောက်သွားနိုင်တယ်။ ဒီလိုဆိုရင် ပြည်တွင်းကတိုင်းရင်းသားတွေအတွက် ကွန်ဒိုတိုက်ခန်းစတဲ့လူနေမှုအဆင့်မြင့်မြင့်နဲ့နေထိုင်ရဖို့အလှမ်းကွာဝေးသွားနိုင်တယ်''ဟု ဦးသန်းဦးကပြောသည်။ ထိုကဲ့သို့ တိုင်းရင်းသားများ အဆင့်မီစွာနေ ထိုင်နိုင်ရေးအတွက် ပြည်ပနိုင်ငံသားများအား ကွန်ဒိုတိုက်ခန်းများဝယ်ယူ ရောင်းချခွင့်မပေးနိုင်ခဲ့ပါက နိုင်ငံ တော်ကခွင့်ပြုထားသော ရင်းနှီးမြှုပ် နှံမှုဥပဒေသည်အတိုင်းအတာတစ်ခု အထိကျယ်ပြန့်လာနိုင်ကြောင်းသိရ သည်။
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ မြေဝယ်ခွင့်မရရင်တောင် တိုက်ခန်း တွေဝယ်ယူခွင့်ပေးမှာလားဆိုတာ အားလုံးကသိချင်နေကြတယ်။ ဒါက ကွန်ဒို Law နဲ့ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု Law ဘယ်မှာပါမလဲမသိသေး ဘူး။ အခုဆိုရင် စင်ကာပူတို့လို နေရာတွေကတောင် မြန်မာပြည်ကို လာပြီး တိုက်ခန်းအရောင်းအဝယ် လုပ်နေကြတယ်။ သူတို့လိုမျိုး ဝယ် ယူရောင်းချခွင့်တော့ရမရမသိသေး ဘူး'' ဟု ယင်းကဆက်ပြောသည်။ Source : TMP
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ