By Shwe Kyaw, Shweproperty.com
Updated at 22 May 2020
မြန်မာနိုင်ငံသို့ ရင်းနှီးမြှပ်နှံရန် လာရောက်ကြသော နိုင်ငံခြားသားများအတွက် မြေအသုံးပြုခွင့်ကို ကနဦး နှစ်(၅၀)အထိ ငှားရမ်းသုံးစွဲနိုင်ကြောင်းကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေတွင် ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံသားရင်းနှီးမြှုပ်နံှသူများကို ဥပဒေအရ အခွင့်အလမ်းပေးထားသကဲ့သို့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေအရ အခွင့်အလမ်းများ ဖန်တီးပေးထားသည်။
မြေအသုံးပြုခွင့်နှင့်ပတ်သက်၍လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အခွင့်လမ်းများဖန်တီးပေးထားသည်။
မြေအသုံးပြုခွင့်နှင့်ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံသူများသည် အစိုးရ (သို့) အစိုးရအဖွဲ့အစည်းများထံမှ ဖြစ်စေ၊ ပုဂ္ဂလိကမြေ (သို့) အဆောက်အအုံ ပိုင်ရှင်ထံမှ ဖြစ်စေ၊ ကော်မရှင် ခွင့်ပြုမိန့် (သို့) အတည်ပြုမိန့် ရရှိပြိးချိန်မှစ၍ နှစ်(၅၀)အထိ သတ်မှတ်ချက်နှင့်အညီ အဆောက်အအုံများ ငှားရမ်းနိုင်သည်။
ငှားရမ်းအသုံးပြုခွင့်ကာလ ကုန်ဆုံးပြီးနောက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်းတိုးခွင့် (၁၀)နှစ်နှင့် အဆိုပါသက်တမ်းထပ်မံကုန်ဆုံးပါကလည်း နောက်ထပ် (၁၀)နစ် ငှားရမ်းရန် သက်တမ်းတိုးနိုင်ပါသည်။
မြေငှားရမ်းခြင်းစာချုပ်အား စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေနှင့်အညီ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ