By နန်းမြင့်, Shweproperty.com
Updated at 30 December 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားသည့်ထဲမှ နိုင်ငံခြားသားအမည်ပေါက် မြေကွက်များတွင် အဆောက်အအုံဆောက်လုပ်ရန် မြေကွက် ၁၉၀ ကျော်ရှိနေ၍ ပြည်ထဲရေးဝန်ကြီးဌာ န ဒုတိယဝန်ကြီးဦးဆောင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ကန့်သတ်သော စစ်ဆေးရေးအဖွဲ့ သို့ တင်ပြထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။
နိုင်ငံသားအမည်ပေါက်၊ ဂရန်မြေတွင် အဆောက်အအုံဆောက်လုပ်လိုပါက စည်ပင်သို့တင်ပြကာ အ ဆောက်အဦးဆောက်နိုင်သော်လည်း နိုင်ငံခြားသားအမည်ပေါက် မြေကွက်များတွင် အဆောက်အအုံ လုပ်လိုပါက မြေပိုင်ရှင်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့် မရွှေ့မပြောင်း နိုင်သောပစ္စည်းများ ကန့်သတ်သော စစ်ဆေးရေးအဖွဲ့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားအမည်ပေါက် မြေကွက်များကို ပိုင်ဆိုင်ထားသည့် နိုင်ငံသားများအနေနှင့် စည်ပင်သို့ လျှောက်ထားမှုများ ရှိနေသဖြင့် ပြန်လည်အကြောင်းပြန်ခြင်း မရှိသည့်အတွက် နားလည်မှု လွဲမှားနေ ခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခြင်းသာလျှင် အကျုံးဝင်မည်ဖြစ်ကြောင်း ဦးမောင်မောင် ဇော်က ပြောသည်။
၎င်းက “ပိတ်ပင်ထားတာမဟုတ်ဘူး။ လျှောက်လို့ရတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်ငံခြားသားအ မည်ပေါက်ဆိုပြီး တင်ရပါတယ်။ ဘယ်နှစ်ထပ်ဆောက်မယ်။ သဘောထားမှတ်ချက် ပြန်ကြားပေးပါလို့ တင်ရပါတယ်”ဟု ပြောသည်။
နိုင်ငံခြားသားအမည်ပေါက် မြေကွက်နှင့်ပတ်သက်ပြီး မရှင်းလင်းသေးသည့် ပြဿနာများကို ပြည်ထဲရေး ဝန်ကြီးဌာနက နိုင်ငံတော်သမ္မတထံ နိုဝင်ဘာ၂၁ ရက်က သဘောထားမှတ်ချက်ပေးရန် တင်ပြထားပြီး ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အဆောက်အအုံဆောက်လုပ်ရန်တင်ပြလျှင် သုံးထပ် နှင့်အထက် အဆောက်အအုံများကို အဆောက်အအုံအင်ဂျင်နီယာမှ သတ်မှတ်ထားသည့် အဆောက်အ အုံ၏ ခိုင်ခံမှုဆိုင်ရာတွက်ချက်မှုပုံစံတစ်စုံနှင့် မြေခံနိုင်အားစမ်းသပ်မှုတို့ကို ပူးတွဲတင်ပြရပြီး လေးထပ်နှင့် အထက် အဆောက်အအုံများကို အထက်ပါ အချက်အလက်များအပြင် မြေပိုင်ရှင်၊ ကန်ထရိုက်တာ၊ လိုင် စင်အင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာတို့၏ အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိတို့ တင်ပြရမည်ဖြစ်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ