By The Modern, Shweproperty.com
Updated at 9 September 2015
မြို့တွင်းက အိမ်ခြံမြေငှားရမ်းမှု ဈေးကွက်မှာတော့ နိုင်ငံခြားသား အများစုဟာ ကွန်ဒိုထက် အဆင့်မြင့်တိုက်ခန်းတွေကို စိတ်ဝင်စားမှုများနေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
"အငှားဈေးကွက်က လူကြိုက်အများဆုံး မြို့နယ်တွေမှာတောင် ဓာတ်လှေကားနဲ့ တိုက်ခန်းတွေလောက်ပဲ အဝင်များတယ်၊ တချို့နိုင်ငံခြားသားတွေဆိုရင် ကုန်ကျစရိတ်သက်သာတဲ့ ရိုးရိုးတိုက်ခန်းတွေတောင် ငှားလာကြတယ်"လို့ မြို့တွင်းအိမ်ခြံမြေ အကျိုးဆောင် အန်တီဝါက သူ့အတွေ့အကြုံကို ပြောပါတယ်။
အိမ်ခြံမြေဈေးကွက် တစ်ခုလုံးနီးပါး အေးစက်နေပြီး အငှားလောက်သာရှိပါတယ်။ အရင်က ဝါတွင်းမှာ အငှားဈေးကွက် လျော့ကျပြီး အဝယ်ဘက်လိုက်ပေမယ့် အခုနောက်ပိုင်းမှာတော့ ရောင်းလိုအားသာများပြီး ဝယ်ယူမှု မရှိသလောက် နည်းပါးပါးပါတယ်။
နိုင်ငံခြားသားအနေများတဲ့ စမ်းချောင်း၊ လှည်းတန်းအစရှိတဲ့ မြို့နယ်တွေကတော့ အဆောင်တွေပါ တခါတည်းငှားရမ်းတဲ့ ဈေးကွက် ဖြစ်ပေါ်နေပါတယ်။
သည်လိုပြင်ဆင်ပြီး ငှားရမ်းတဲ့ ဈေးကွက်ဟာ သာမန်အခန်းတန်ဖိုးထက် နှစ်ဆလောက်ဈေးပိုမို ရရှိပါတယ်။ အရင်က ဒီလိုပြင်ဆင်ပြီး ငှားရမ်းတဲ့ဈေးကွက်ဟာ အဆောင်တွေမှာသာ အများဆုံးပြုလုပ်ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားသားအငှားမှာပါ ပြင်ဆင်လာကြတယ်။
"အရင်က ကွန်ဒိုမှာ အနေများပေမဲ့ အခုနောက်ပိုင်း အခန်းပိုင်ရှင်တွေက နိုင်ငံခြားသား စိတ်ဝင်စားအောင် ဝန်ဆောင်မှုတွေထည့်တယ်၊ တချို့အိမ်တွေဆို အသင့်တက်နေရုံ ပြင်ထားတော့ ဈေးနှုန်းအရ သက်သာတဲ့ ဆီကို ပြောင်းလာကြတာ"လို့ စမ်းချောင်းမြို့နယ်က အိမ်ခြံမြေအကျိုးဆောင် မဝါဝါက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း အိမ်ခြံမြေဈေးကွက်ဟာ အရင်ကထက် ပိုမိုအေးစက်သွားပါတယ်။ ဝါတွင်းကာလအပြီး မှသာ အဝယ်ပြန်လိုက်ဖို့ မျှော်လင့်နေရ တယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ