By Messenger, Shweproperty.com
Updated at 1 October 2015
လက်ရှိရေးဆွဲနေသည့် ကွန်ဒိုမီနီယံ ဥပဒေတွင် နိုင်ငံခြားသားများ ကွန်ဒို တရားဝင် ဝယ်ယူခွင့်ကို (၄၉ ရာခိုင်နှုန်း) ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“နိုင်ငံခြားသား ကွန်ဒိုဝယ်ယူခွင့်ကို ရာခိုင်နှုန်းပြည့်တော့ မဟုတ်ဘူး။ ကန့်သတ်ထားတယ်။ အခုဝန်ကြီးဌာနရဲ့ အဆိုပြုချက် ကတော့ တက်သွားပြီ။ လွှတ်တော်တင်ဖို့ပဲ ကျန်တယ်လို့ သိရတယ်”ဟု အထက်ပါ လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသာအေးက ပြောသည်။
နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့် ပြုရာတွင် နိုင်ငံတကာ သတ်မှတ်ချက်များနည်းတူ ခုနှစ်ထပ်နှင့် အထက်ကိုသာ ဝယ်ယူခွင့်ပြုမည် ဖြစ်ပြီး၊ ကွန်ဒိုဝယ်ယူရာတွင်လည်း (၄၉)ရာခိုင်နှုန်းသာ ဝယ်ယူခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဝယ်ယူခွင့်ပြုပါက ဆက်စပ်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် အပြင် အခြေခံ အဆောက်အအုံများနှင့် နည်းပညာများကိုပါ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။
“သတိထားရမယ့် အချက်ကတော့ ဘယ်နှထပ်ရဲ့ အပေါ်မှာပဲ ဝယ်ယူခွင့် ပြုသင့်တယ်။ ဒီလိုမဟုတ်ရင် ကွန်ဒိုရဲ့အောက်ခြေတွေနဲ့ နေရာကောင်းတဲ့ အထပ်တွေကို နိုင်ငံခြားသားတွေ လွှမ်းမိုးသွားနိုင်တယ်”ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
လက်ရှိရေးဆွဲနေသည့် ကွန်ဒိုဥပဒေကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက်များကို ရယူရေးဆွဲထားပြီး၊ အတည်ပြဋ္ဌာန်းရန်သာ ကျန်ရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ