By ခိုင်ဇာသွင်, Shweproperty.com
Updated at 18 April 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးကြီးအိမ်ရာများကို နိုင်ငံခြားသားများက ပိုမိုငှားရမ်းလာကြကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။“အိမ်ခြံမြေက အငှားပိုသွက်နေတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံဖို့လာမယ့် သူတွေက ခုကတည်းက စက်မှုဇုန်တွေနဲ့ အိမ်တွေကို လိုက်ငှားနေကြတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်မှ ဦးသန်းဦးက ပြောသည်။
ယင်းကဲ့သို့ ငှားရမ်းမှုများ ပြုလုပ်ရာတွင် လုံးချင်းအိမ်ရာများ၊ ကွန်ဒိုများကိုသာ အများဆုံး ငှားရမ်းကြပြီး စက်မှုဇုန်မြေကွက်များကလည်း လုပ်ငန်းလုပ်ကိုင်ရန် ကြိုတင်ငှားရမ်းမှုများ ပြုလုပ်နေကြကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။ အငှားသွက်သော မြို့နယ်များမှာ ကမာရွတ်၊ လှိုင်၊ သဃန်းကျွန်း၊ မရမ်းကုန်း၊ ဗဟန်းမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
“အိမ်ခြံမြေ ဈေးကွက်လည်း ပြည်ပလုပ်ငန်းရှင်တွေရဲ့ အခြေအနေကို ကြည့်နေရတယ်။ ဧပြီလ ကျော်မှပဲ ဈေးကွက်က ပြန်ပြီး လှုပ်ရှားလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ အိမ်ခြံမြေဈေးကွက်သည် ၂၀၁၁ ခုနှစ်ကုန်ခါနီးအချိန်မှစ၍ ယခုနှစ် ဧပြီလထိ ဈေးကွက်တည်ငြိမ်မှု မရှိပဲ အတက်အကျ လျှင်မြန်စွာ ဖြစ်ပေါ်ခဲ့ကြောင်း လက်ရှိအချိန်တွင် အရောင်းအဝယ်အနည်းငယ် အေးနေခဲ့ပြီး အငှားများသာ ပိုမိုသွက်လာခဲ့ကြောင်း၊ တန်ဖိုးကြီး အိမ်ခြံမြေ အငှားဈေးနှုန်းများအနေဖြင့် ကွန်ဒိုတိုက်ခန်း တစ်ခန်းလျှင် ကျပ်နှစ်သိန်းမှ ကျပ်ဆယ်သိန်းဝန်းကျင်ထိ ရှိပြီး လုံးချင်းအငှားဈေးနှုန်းများမှာ နေရာဒေသပေါ် လိုက်ပြီး ဈေးနှုန်းများ ကွဲပြားကြောင်း သိရသည်။
Source: The Messenger
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ