By Sint Sint, Shweproperty.com
Updated at 28 September 2020
ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Forturne Plaza Expo ခန်းမ ကို ခုတင်(၁၀၀၀)ဆန့် ယာယီဆေးရုံအဖြစ်အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်မှုမျာစတင် ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆုိပါ ခုတင် ၁၀၀၀ ဆန့် ယာယီဆေးရုံတွင် ကိုဗစ် Positive လူနာ ၁၀၀၀ ခန့် ထားရှိနိုင်ရန် တာဝန်ယူထားပြီး Volunteer အနေဖြင့် We Love Yangon ကဆောင်ရွက်မည်ဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီမှ အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းလျက်ရှိကြောင်း Excellent Fortune Development Group မှ သိရသည်။
"Forturne Plaza Expo ခန်းမကို ကိုဗစ်ကာလပြီးဆုံးသည့်အထိ ယာယီဆေးရုံးအဖြစ် အသုံးပြုဖို့ ပြင်ဆင်ဆောင် ရွက်နေပါတယ်။ ဒါအပြင် ဒီခန်းမမှာ လာရောက်ကုသမယ့် ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့ ကျပ်သိန်း ၁၀၀၀ ကိုလည်း မတည်လှူဒါန်းထားပါတယ်" ဟု Excellent Fortune Development Group မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခင်ကအဆိုပါခန်းမကို ပြပွဲကြီးများ ကျင်းပပြုလုပ်ရာ တွင် တစ်ရက် ငှားရမ်းခ သိန်း ၃၀၀ ခန့် ဖြင့် ငှားရမ်းခဲ့သော ခန်းမတစ်ခုဖြစ်ပြီး ယခုအခါ ကိုဗစ်လူနာ ၁၀၀၀ အထိထားရှိနိုင်မည့် ယာယီဆေးရုံအဖြစ် ကိုဗစ်ရောဂါကာလပြီးဆုံး သည်အထိ အ သုံးပြုနိုင်ရန် Excellent Fortune Development Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက လှူဒါန်းခဲ့ခြင်းဖြစ်သည်။
လက်ရှိရန်ကုန်မြို့တွင် ကိုဗစ်ကူးစက်ခံရသူများပြားလာခြင်းကြောင့် ကိုဗစ် Positive လူနာများ ထားရှိဆေးကုသရန် နေရာအခက်အခဲများ မဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှဦးဆောင်၍ ရန်ကုန်မြို့ ပြပွဲနှင့် အခမ်းအနားများ ကျင်းပရာနေရာဖြစ်သည့် ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) နှင့် Fortune Plaza (Myanmar Expo Hall) တို့ကို ယာယီဆေးရုံများအဖြစ် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပြီးပါက YCC တွင် လူနာ (၁၀၀၀) နှင့် Fortune Plaza တွင် လူနာ (၁၀၀၀)စုစုပေါင်း ကိုဗစ်လူနာ (၂၀၀၀)အထိ လက်ခံကုသပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်မှာတော့ COVID-19 လူနာများပြားလာခြင်းကြောင့် အစိုးရဆေးရုံ၊ကုသရေးဌာနများအပြင် ပုဂ္ဂလိကနှင့် ပူး ပေါင်းသည့် ကုသရေးနေရာများ လိုအပ်သလို ထပ်မံတိုးချဲ့နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
လက်ရှိတွင် ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့ သုဝဏ္ဏမျက်ခင်းတုကွင်း ၊ ဘောလုံးကွင်း နှင့် အားကစားအဆောင် များတွင် COVID-19 လူနာ (၇၇၀) ဝန်းကျင် တိုးချဲ့၍လက်ခံကုသနိုင်ရန် ပြင်ဆင်နေပြီး ရိုးမရိပ်သာအိမ်ရာတွင် လူနာ(၁၀၀၀) နှင့် အောင် မြင့်မိုရ်အိမ်ရာတွင် လူနာ(၂၀၀၀)အထိ ကိုဗစ်လူနာတွေ စတင် ထားရှိ ကုသပေးနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ(၂ရ)ရက် ည (၈) နာရီအထိ COVID-19 အတည်ပြုလူနာ (၁၀၇၃၄) ဦးရှိကာ ယင်းရောဂါဖြင့် (၂၂၆)ဦးသေဆုံးပြီး အတည်ပြုလူနာများမှ (၂၈၆၂)ဦးကိုတော့ ရောဂါသက်၍ ဆေးရုံက ဆင်းခွင့်ပြုလိုက် ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နောက်ဆုံးရ သတင်းများ
ဈေးဝယ်ပြီး အိမ်ပြန်ရောက်ရင် အင်္ကျီ၊ ဖိနပ်၊ ဆံပင်၊ သတင်းစာတွေမှာ ကိုဗစ်ပိုး ကပ်ပါလာနိုင်သလား
ရန်ကုန်မြို့တွင် ကွာရန်တင်းဝင်နေသူ ၃၀၀၀ခန့် အထိလျော့နည်းသွား
ကိုဗစ်၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေနေစရာ အခက်အခဲမရှိစေရန်ပြင်ဆင်ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်း STAY AT HOME သတ်မှတ်ထားသည့် မြို့နယ်များကို RATION စနစ်ဖြင့် အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးပေးရန် စီမံနေကြောင်း သိရ
Credit : News Watch
Photo Credit : The Voice Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ