By Yangon Media Group, Shweproperty.com
Updated at 29 August 2017
အိမ်ရာလို အပ်ချက်ကိုဖြည့်တင်းနိုင်ရန်အတွက် ရန်ကုန်မြို့နယ်လေးခုတွင် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၈ဝဝဝ ကျော် ထပ်မံဆောက်လုပ်မည်ဖြစ် ကြောင်းသိရသည်။
ယင်းတန်ဖိုးနည်းအိမ်ရာများကို နှစ်နှစ်အတွင်းအပြီးဆောက်လုပ်ရန်လျာထားပြီး နေရာတချို့၌စတင် ဆောက်လုပ်နေပြီဖြစ်ကြောင်း သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့နှင့် လှိုင်သာယာတို့တွင်ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
''အိမ်ရာတွေကမြို့နယ်လေး မြို့နယ်ဆိုပေမယ့် သန်လျင်မှာတော့ ပိုများမယ်။ စီမံကိန်းက နှစ်နှစ်အတွင်းပဲ။ တချို့ဆိုစတောင်စနေ ပြီ''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနညွှန်ကြားရေးမှူး ဦးယုခိုင်ကပြောသည်။ လာမည့် စက်တင်ဘာ ၂ ရက် မှ ၄ ရက်အထိ ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာတို့ရှိဆောက်လုပ်ပြီး တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၁၅ဝဝ ကျော်ကို မဲဖောက်ရောင်းချရန်ရှိ ကြောင်းသိရသည်။
ဆောက်လုပ်ပြီးအိမ်ရာများနှင့် ဆောက်လုပ်ဆဲအိမ်ရာများကို ဝယ်ယူလိုရန်လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) တွင် Housing saving account ဖွင့်ရမည်ဖြစ်ကာ ယင်းအကောင့်တွင် မိမိဝယ်ယူမည့် အိမ်ရာတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝ စု ငွေပြည့်မီရမည်ဖြစ်သည်။
Ref & Photo Credit : Yangon Media Group
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ