By ဝင်းကျော်ကျော်, Shweproperty.com
Updated at 30 October 2017
ရုံးသွား ရုံးပြန် ကားလမ်းဘေးတစ်ဖက်တစ်ချက်မှာ အလှူခံမဏ္ဍများ ကားလမ်းမပေါ် ငွေဖလားများထဲ ခဲများ အကြွေစေ့များ ထည့်ပြီး တတောက်တောက်နဲ့ လှုပ်ရမ်းပြီး အလှုခံသူများဖောဖောသီသီ တွေ့ရသောအချိန်သည် တန်ဆောင်မုန်းလဖြစ်သည်။
သူတို့သည် ဘုံကထိန်အလှူပြုရန် အလှူခံနေခြင်းသာဖြစ်သည်။ဝါကျွတ်ကာလ ဟုလည်းမှတ်ယူထားကြသည်။ ထိုကာလသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အိမ်အပြောင်းအရွှေ့ လုပ်သည့်ကာလဖြစ်သည်။
သတင်းကျွတ်ကာလ တွင်အိမ်အပြောင်းအရွှေ့ မလုပ်သင့်ဆိုသည့် အယူအဆ ဗုဒ္ဓဘာသာမြန်မာများတွင်ရှိသည်။ ထို့ကြောင့် ဝါတွင်းကာလ အတွင်း အိမ်ခြံမြေ အငှားဈေးကွက်ထိုင်းမှိုင်းတတ်သည်။
ဝါကျွတ်ကာလဖြစ်သည့် တန်ဆောင်းမှန်းလမှသာ အိမ်အပြောင်းအရွှေ့လုပ်သူ များသည်ဟုဆိုနိုင်သည်။ ယခုအချိန်သည် အိမ်အငှားဈေးကွက် မြိုင်ဆိုင်လျက်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
ရန်ကုန်မြို့သည် စီးပွားရေးအရ အချက်အချာကျသည့်မြို့ဖြစ်သည်။ နိုင်ငံ့စီးပွားရေး လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းသည် ရန်ကုန်မြို့တွင်ရှိသည်။
ရန်ကုန်မြို့သည် အခြားမြို့ထက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားသောမြို့လည်း ဖြစ်သောကြောင့် အနယ်နယ် အရပ်ရပ်မှပြောင်းရွှေ့နေထိုင်သူများ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများနှင့်ပညာရေးအရပြောင်းရွှေ့လာသူများဖြင့် ပြည့်နှက်လျက်ရှိပြီး လူဦးရေလည်း ယခင်ကထက်ပို၍ သိပ်သည်းလာသည်။ ရန်ကုန်တွင် လူဦးရေ ခုနှစ်သန်းကျော်ရှိသည် ဟု ၂၀၁၄ သန်းခေါင်စာရင်းတွင်ဖော်ပြထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ အနောက်ပိုင်ခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့သည် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ ထိုနေရာများတွင် စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်သည့် သူများထူပျောသည်။ ထိုသူအများစုသည် အခြားမြို့များမှ လာရောက်အလုပ်လုပ်ကိုင်သူများ ဖြစ်သောကြောင့် ထိုနေရာများတွင် အိမ်အငှားအလုပ်သည် ပို၍အလုပ်ဖြစ်သည်။
စီပွားရေးအရ ပြောင်းရွှေ့လာသူတို့ကလည်း အဆမတန်ဈေးကြီးတဲ့ အိမ်ခြံမြေများကို ဝယ်ယူမည့်အစား တချို့က အငှားဖြင့်သာနေထိုင်ပြီး စီးပွားရေး လုပ်ကိုင်ကြသည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း Nld အစိုးရတက်လာချိန်တွင် အိမ်ခြံမြေ ကဏ္ဍသည် တစ်မျိုးတမြည် အပြောင်းအလဲဖြစ်ခဲ့သည်။ အစိုးရ၏ မူဝါဒများနှင့် လယ်သိမ်းမြေသိမ်း အရှုပ်အရှင်းများကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် ပို၍အေးခဲခဲ့သည် ဟုအိမ်ခြံမြေပွဲစားလုပ်ကိုင်သူ တချို့ကဆိုသည်။
မြေယာအငြင်းပွားမှုများက ယခင်အစိုးရလက်ထက်က စတင်ဖြစ်ပွားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးနောက်ပိုင်း ရန်ကုန်နှင့် မြန်မာနိုင်၏ စီးပွားရေး အချက်အခြာကျသော နေရာများရှိ အိမ်ခြံမြေဈေးနှုန်းများအဆမတန် မြင့်တက်ခဲ့ပြီး ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးဆုံးမြို့အဖြစ်စာရင်းဝင်ခဲ့သည်။
အဆမတန်မြင့်မားလာတဲ့ အိမ်ခြံမြေဈေးကွက်ကြောင့် အိမ်ခြံမြေရောင်းသူ ပိုများလာခဲ့သည်ဟု ဆိုရပေမည်။
ထိုချျိန်က စီပွားရေးသမားအများစုကလည်း အိမ်ခြံမြေများ အလုံးအရင်းနဲ့ အဝယ်လိုက်လာသည်။ အစိုးရ၏ မြို့သစ်စီမံကိနိးများ အခြားစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှပ်နှံမှုများကြောင့် အိမ်ခြံမြေကဏ္ဍသည် ထိုအချိန်က အရောင်းအဝယ် သွက်ပြီး ဈေးနှုန်းလည်း အဆမတန်မြင့်တက်ခဲ့သည်။ ယခုကာလများတွင် အရောင်းအဝယ်ထက် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းသည် ကမ္ဘာမှာ အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံးစာရင်းဝင်သည့်ပြင်သစ်နိုင်ငံနှင့် ပင်အနှိုင်းယှဉ်ခံရသည့်သတင်းများ ထွက်ပေါ်ခဲ့သည်။
ကမ္ဘာ့အိမ်ခြံမြေဈေးနှုန်းအမြင့်ဆုံး စာရင်းတွင်ပြင်သစ်နိုင်ငံသည် အဆင့် ၇ ဖြစ်သည်ဟု mansionglobal.com website မှာဖော်ပြခဲ့သည်။
ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးမြင့်မားမှုကြောင့် ုအိမ်ခြံမြေများကို ဝယ်ယူပြီးနေခြင်းထက် အငှားနေတဲ့သူများအဆုံး ရှိတဲ့ နိုငံတွေထဲမှာ ဆွစ်ဇာလန်၊ ဂျာမနီနဲ့သြစတြေးလျ တို့ဖြစ်ပြီး လူဦးရေ ၄၅ ရာခိုင်နှုန်းကျော်သည် ငှားရမ်းနေထိုင်ကြသူများဖြစ်ကြောင်း အိမ်ခြံမြေ စစ်တမ်းတစ်ရပ်မှာတွေ့ရသည်။
အိမ် ခြံ မြေ လုပ်ငန်း Savill က ပြုလုပ် တဲ့သုတေသနအရ ငှားပြီးနေသူ လူဦးရေ အနည်းဆုံး၁၀ရာခိုင်နှုန်းအောက် သာရှိတဲ့နိုင်ငံတွေ က ခရိုအေးရှာ။ မက်ဆီဒိုးနီးယားနဲ့ရိုးမေးနီးယားတို့ဖြစ်သည်။
ဆွစ်ဇာလန်သည် ငှားရမ်းနေထိုင်သူအများဆုံး ဖြစ်ပြီး လူဦးရေ ရဲ့ ၆၀ ရာခိုင်နှုန်း အငှားဖြင့် နေထိုင်ကြသည်။
ဂျာမနီက ၅၀ ရာခိုင်နှုန်းရှိပြီး သြစတြေးလျ က ၄၅ ရာခိုင်နှုန်းရှိပါတယ်။ တူရကီနဲ့ ဒိန်းမတ် က ၄၀ ရာခိုင်နှုန်း အောက်ဖြစ်ပြီး ယူကေ၊ ပြင်သစ်၊ နယ်သာလန်၊ သြစတြေးလျ တို့လည်းပါဝင်ကြသည်။
ဂျာမနီရဲ့ ငှားရမ်းမှု မြင့်မားခြင်းဟာ အရည်တွေးမြင့်နေရာနဲ့ ငှားရမ်း သူ စိတ်ကြိုက် ရောင်းလိုအားကောင်းစွာ ရှိနေတာ လည်းတစ်အကြောင်းအရင်းတစ်ခုဖြစ်သည်။
အလားတူ ဂလိုဘယ်မြို့ကြီးတွေဖြစ်တဲ့၊ လန်ဒန်၊ နယူးယောက်၊ ဆစ်ဒနီ၊ မဲလ်ဘုန်းတို့ဟာ ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ငှားရမ်းခနှုန်းအလွန်မြင့်လာခဲ့သည်ဟု ဈေးကွက်ဂျာနယ်မှာ ဖော်ပြထားသည်။
ရန်ကုန်မြို့တွင်လည်း ဝယ်ယူသုထက်အငှားနေထိုင်သူများပြားတာကြောင့် အိမ်အငှားဈေးနှုန်းများလည်းမြင့်တက်လျက်ရှိသည်။ လူဦးရေ၏ ခုနှစ်ရာခိုင်နှုန်းသည် အိမ်ယာ မပိုင်သူများဖြစ်သည်။
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် အေးခဲရခြင်း၏ အကြောင်းအရင်းမှာ အစိုးရ၏မူဝါဒအပြောင်းအလဲများ ဥပဒေများနှင့်လည်း သက်ဆိုင်သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင် အများစုက ဆိုသည် အရောင်းအဝဟ်ပြုလျင် အခွန်နှုန်းထားသည် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေပုဒ်မ ၂၄ အရ ၂ဝ၁၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်ခဲ့တဲ့ အိမ်ခြံမြေအခွန်နှုန်းထားက အိမ်မြေတန်ဖိုး တစ်ကျပ်က ကျပ်သိန်း ၁,ဝဝဝ အထိ သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ ကနေ ကျပ်သိန်း ၅,ဝဝဝအထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝ၁ က ကျပ်သိန်း ၁ဝ,ဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝ၁ က ကျပ်သိန်း ၁၅,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁၅,ဝဝ၁ နဲ့ အထက် ၃ဝ ရာခိုင်နှုန်း အခွန်ဆောင်ဖို့ သတ်မှတ်ခဲ့သည်။
၂ဝ၁၆ ခုနှစ်၊ ဧပြီ ၁ ရက်က စတင်အကျိုးသက်ရောက်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ အိမ်မြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝ၁ က ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ နဲ့အထက် ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ပါတယ်။ ဒီနှုန်းထားနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ၂ဝ၁၆၊ မတ်လကုန်အထိကျင့်သုံးခဲ့တဲ့ နှုန်းထားဟာ အိမ်မြေဝယ်ယူသူတွေအတွက် အများကြီး လုပ်သာကိုင်သာရှိခဲ့သည်။
ရန်ကုန်မြို့သည် စီးပွားရေးအချက်အခြာ ကျပြီး မြို့၏ယဉ်ကျေးမှုအဆောက်အဦးများကလည်း နိုင်ခြားသားရင်းနှီးမြှပ်နှံသူတွေကိုဆွဲဆောင်လျက် ရှိသော်လည်း နိုင်ငံခြားသားအိမ်ယာပိုင်ဆိုင်ခွင့်ဥပဒေကြောင့် အိမိခြံမြေဈေးကွက် အေးခဲနေရခြင်းလည်းဖြစ်ပြီး ကွန်ဒိုဥပဒေ အတည်ပြုပြီးပါက နိုင်ငံခြားသားဝယ်လက်များဖြင့် အိမ်ခြံမြေ အရောင်းအဝယ် အသက်ဝင်လာနိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူအများစုက သုံးသပ်ထားကြသည်။
ShweProperty Buy & Rent Journal တွင် ဝင်းကျော်ကျော် မှ ရေးသားသည်
Photo Credit : harrykih
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ