By Lae' Moe, Shweproperty.com
Updated at 25 August 2015
ကြယ်စင်မြို့တော်အိမ်ရာရဲ့ တတိယမြောက်စီမံကိန်းဖြစ်တဲ့ Galaxy Tower အိမ်ရာအခန်းတွေကို နှစ်ရှည်အရစ်ကျစနစ်နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။
"ဒီအိမ်ရာတွေကို ကန်ဒေါ်လာသန်း (၂၀၀) နဲ့ ရင်းနှီးမြှုပ်နှံထားတာပါ၊ ဇုန်ဒီကိုလည်း ဆက်လက် အကောင်အထည်ဖော်ဖို့ရှိပါတယ်"လို့ Yoma Strategic Holdings အိမ်ရာ ဖော်ထုတ်တည်ဆောက်မှု ဂဏ္ဍရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Busch က ပြောပါတယ်။
သည်ဇုန်စီ အိမ်ရာစီမံကိန်းကို ရိုးမဘဏ်နဲ့ ချိတ်ဆက်ကာ ချေးငွေစနစ်နဲ့ ရောင်းချပေးသွားမှာပါ။ ၎င်းဇုန်စီအိမ်ရာ စီမံကိန်းမှာ အခန်းပေါင်း (၉၅၄) ခန်းပါဝင်ကာ တစ်စတုရန်းပေကို ကန်ဒေါ်လာ (၁၈၀) ကနေ (၂၈၀) ကြားရှိတယ်လို့ သိရပါတယ်။
အဆောက်အအုံပေါင်း (၆) လုံးပါဝင်ကာ (၂၅) ထပ်၊ (၂၈) ထပ် အမြင့်ရှိတဲ့ အဆောက်အအုံတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းအိမ်ရာစီမံကိန်းကို ကန်ဒေါ်လာ သန်း (၂၀၀) ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ပြင်သစ်ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်လို့ သိရပါတယ်။
သည်အိမ်ရာစီမံကိန်းကို (၂၀၁၅) ခုနှစ်မှာ စတင်ကာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး (၂၀၁၇) ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
ကြယ်စင်အိမ်ရာ စီမံကိန်းတစ်ခုလုံးရဲ့ မြေဧကအကျယ်မှာ (၄၅၆) ဧကရှိပြီး ဟိုတယ်၊ စာသင်ကျောင်း နှစ်ကျောင်းနဲ့ အိမ်ရာစီမံကိန်းတွေအပြင် ဆေးရုံတစ်ရုံလည်း ထည်သွင်းတည်ဆောက်ဖို့ လျာထားတယ်လို့ သိရပါတယ်။
Written By : Lae' Moe
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ