By Shwe Kyaw, Shweproperty.com
Updated at 23 June 2021
အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ လူတိုင်းက အစားအစာချက်ပြုတ်တာ ၊ စားသောက်တာတွေ ပြုလုပ်ကြတဲ့အပြင် တစ်ခါတစ်လေမှာ စကားစမြည်ပြောဆိုဖို့ နေရာတစ်ခုအဖြစ် အသုံးချကြပါတယ်။ မီးဖိုချောင်ဆိုတာ အလွယ်တကူညစ်ပတ်နိုင်ပြီး ပိုးမွှားတွေကူးစက်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်တာကြောင့် မကြာခဏ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ အခုရေးသားမယ့် အကြောင်းအရာကတော့ မီးဖိုချောင်သန့်ရှင်းပြီး ဘက်တီးရီးယားပိုးမွှားတွေ ကင်းစင်ဖို့ သတိထားပြီး လုပ်ဆောင်ပေးရမယ့် အချက်တွေ ဖြစ်ပါတယ်။ ပန်းကန်ဆေးတဲ့ အဝတ်နဲ့ ရေမြှုပ်ဖတ် မကြာခဏ ဆပ်ပြာနဲ့ထိတွေ့လိုက် ရေနဲ့ထိတွေ့လိုက်ဖြစ်နေတာကြောင့် ပန်းကန်ဆေးရာမှာ အသုံးပြုတဲ့ အဝတ်ဖတ်နဲ့ ရေမြှုပ်ဖတ်တွေက သန့်ရှင်းနေမှာပဲလို့ လူတိုင်းက ထင်တတ်ကြပါတယ်။တစ်ခါတစ်ရံမှာ ဒီ ရေမြှုပ်ဖတ်တွေမှာ ကပ်နေတဲ့ ဘက်တီးရီးယားပိုးမွှားတွေက အိမ်သာထဲက ရေဆွဲချတဲ့ ခလုတ်မှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေထက် ခြောက်ဆလောက် များပြားနေတတ်ပါတယ်။ ပန်းကန်ဆေးတဲ့ အဝတ်နဲ့ ရေမြှုပ်ဖတ်တွေမှာ ဘက်တီးရီးယားတွေ ကင်းစင်နေဖို့ဆိုရင် သုံးပတ်တစ်ခါ လဲလှယ်ပေးသင့်ပြီး သုံးပြီးတဲ့အခါတိုင်း လေဝင်လေထွက်များတဲ့ နေရာမျိုးမှာ ထားရှိပေးဖို့ လိုအပ်ပါတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်တဲ့ လက်ဆေးခြင်း ငယ်ရွယ်စဉ်တုန်းက စာအုပ်တွေမှာရော ကျောင်းမှာရော အိမ်မှာရော သင်ပေးထားတဲ့ လက်ဆေးခြင်းက ဘက်တီးရီးယားတွေကို ကာကွယ်နိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လက်တွေက ဘက်တီးရီးယားပိုးမွှား အမျိုးပေါင်း (၃၀၀၀)လောက်ကို သယ်ဆောင်နိုင်ပါတယ်။အစားအစာတွေကို ကိုင်တွယ်ချက်ပြုတ်တဲ့အခါမှာ မသန့်ရှင်းတဲ့လက်တွေက ကပ်ပါလာတဲ့ ပိုးမွှားတွေကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ဒါ့ကြောင့် မီးဖိုချောင်ထဲဝင်ပြီး အစားအသောက်တွေ ပန်းကန် ခွက်ယောက်တွေကို မကိုင်တွယ်ခင်မှာ လက်ကို ဆပ်ပြာနဲ့ပဲ ဖြစ်ဖြစ် လက်သန့်ဆေးရည်ပဲ ဖြစ်ဖြစ် အသုံးပြုပြီး သေချာသန့်စင်ပေးပါ။ အစားအစာမပြင်ခင်နဲ့ ပြင်ဆင်ပြီးတိုင်းမှာ စားပွဲတွေကို သန့်ရှင်းပေးပါ မီးဖိုချောင်တံခါးကို ဖွင့်ထားတာတို့ မသန့်ရှင်းတဲ့လက်တွေနဲ့ ထိမိတာတို့ကြောင့် မီးဖိုချောင်ထဲက စားပွဲတွေမှာ မကောင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ကပ်နေတတ်ပြီး အစားအစာ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ ပိုးမွှားတွေ ရောက်ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် မီးဖိုချောင်သုံး Anti-Bacteria ဆေးရည် ဒါမှမဟုတ် ဆပ်ပြာကိုအသုံးပြုပြီး စားပွဲတွေကို အဝတ်နဲ့ပွတ်တိုက်ပြီး သန့်ရှင်းပေးသင့်ပါတယ်။ပန်းကန်ခွက်ယောက်တွေကိုလည်း အသုံးမပြုခင် ရေအသန့်နဲ့ တစ်ထပ်လောက် ဆေးပြီးမှ အသုံးပြုပါ။ အသုံးပြုပြီးသား ပန်ကန်ခွက်ယောက်တွေကို ချက်ချင်းဆေးကြောပါ။ အစားအသောက်တွေ ချက်ပြုတ်စားသောက်ပြီးတဲ့ အခါမှာ စာရေးသူအပါအဝင် တော်တော်များများက ပန်းကန်တွေကို ချက်ချင်းဆေးကြောဖို့ ပျင်းတတ်ကြပါတယ်။ ဥပမာ ညနေစာစားပြီး ချက်ချင်းမဆေးပဲ နောက်နေ့မနက်မှ ဆေးမယ်ဆိုပြီး ပန်းကန်တွေကို ဒီတိုင်းပစ်မထားလိုက်ပါနဲ့။ပန်းကန်ခွက်ယောက်တွေကို ဒီလိုချက်ချင်းမဆေးဘဲနဲ့ ညသိပ်လိုက်ခြင်းအားဖြင့် ဘက်တီးရီးယားတွေကို ပေါက်ဖွားဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ဒါ့ကြောင့် ပန်းကန်ခွက်ယောက်တွေကို အသုံးပြုပြီးတဲ့အခါမှာ ချက်ချင်းဆေးကြောဖို့ မပျင်းပါနဲ့။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက် အိမ်ထဲမှာ ရေစိုအဝတ်လှန်းခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ