By Ra Wai, Shweproperty.com
Updated at 20 January 2022
“ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေ" ကို မြန်မာတစ်နိုင်ငံလုံးတွင် ၁၉၂၂ ခုနှစ်တွင် စတင်၍ အတည်ပြုခဲ့သည်။ ထိုနှစ်မှစ၍ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းလိုလျှင် ပစ္စည်းလွှဲပြောင်းခြင်း အက် ဥပဒေ အရ ပြုလုပ်ကြရသည်။ ၎င်းအက်ဥပဒေ ပုဒ်မ ၁၂၂ နှင့် ၁၂၃ အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို ပေးကမ်း လိုလျှင် - ၁။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ ၂။ အနည်းဆုံး သက်သေနှစ်ယောက် လက်မှတ်ထိုးရမည်။ ၃။ ပစ္စည်းရသူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်က ပေးကမ်းခြင်းကို သဘောတူ လက်ခံကြောင်း လက်မှတ်ရေး ထိုးရမည်။ ၄။ စာချုပ်ကို မှတ်ပုံတင်ရမည်။ ( မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ ) စိန်၊ ရွှေ အစရှိသော ရွှေပြောင်းနိုင်သည့်ပစ္စည်းများကို ပေးကမ်းလျှင် အထက်၌ ဖော်ပြသကဲ့သို့ စာချုပ်စာတမ်း ပြု လုပ်၍ ပေးရန်မလိုပေ။ လက်ရောက်ပေးပါက တည်မြဲခိုင်မာပေသည်။ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ခုခုကို “ ပစ္စည်းလွှဲပြောင်းခြင်းအက် ဥပဒေ” နှင့်အညီ အထက်ပါ အတိုင်းမှတ်ပုံ တင်စာချုပ် မပြုလုပ်ဘဲ ပေးကမ်းလျှင် တရားမဝင်။ ပစ္စည်းရသူသည် မှတ်ပုံတင်စာချုပ်မရှိဘဲ ပစ္စည်းကို တောင်းဆိုပိုင်ခွင့်မရှိပေ။ “ မောင်ပုနှင့် ဦးသာဖြေ ( ၁၉၄၈ မတစ ၇၁၇ ) “ ။ မရွှေ့ပြောင်းနိုင်သောပစ္စည်းကို အထက်၌ ဖော်ပြသကဲ့သို့ စာချုပ်ပြုလုပ်၍ ပေးကမ်းလျှင် လက်ရောက်ပေးအပ် ရန် မလို။ “ ဦးပဏ္ဍဝံ နှင့် ဦးစန္ဒိမာ ( ၂ ရန်ကုန် ၁၃၁) “။ မြန်မာဗုဒ္ဓဘာသာများသည် ဘာသာရေးအတွက် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို လှူဒါန်းလျှင်လည်း စာချုပ်စာ တမ်းလုပ်ရန် လိုအပ်ကြောင်း စီရင်ထုံးများ၌ တညီတညွတ်တည်း ပြဆိုသည်။ “ ဦးဟန်ထွန်းပါ ၄ နှင့် ဦးစံမြ ပါ ၁၁ ( ၁၉၉၈ မတစ ၂၈၆ )”။ မိခင်ဖြစ်သူသည် သားသမီးငါးယောက်အနက် သုံးယောက်အား လယ်ယာမြေများကို စာချုပ်ပြုလုပ်၍ ပေးသည်။ စာချုပ်တွင် ပေးသူမိခင် သေဆုံးသောအခါ အတည်ဖြစ်ရန်ဆိုသော စည်းကမ်းချက်တစ်ခုပါရှိသည်။ ထို စာချုပ်မှာ အပေးဟန်ဆောင်၍ သေတမ်းစာရေးခြင်းမျှဖြစ်သောကြောင့် ပျက်ပြယ်သည်ဟု ဆုံးဖြတ်သည်။” မသင်းမြိုင် နှင့် မောင်ကြီး ( ၁ ရန်ကုန် ၃၅၁ ) “ ။ (ဦးမြစိန် ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအခြေခံမူများ ၊ စာ ၂၀၉) ။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင် ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ Credit By: DVB LawLab Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ