By kumudra, Shweproperty.com
Updated at 30 April 2013
အခုရက်ပိုင်းအတွင်း ရွှေဈေးကွက်လှုပ်ခတ်မှုကြောင့် ပြည်တွင်း အိမ်ခြံမြေဈေးကွက်ပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။
“ရွှေဈေးကလဲကျ ၊ဒေါ်လာဈေးကလဲကျလာတော့ နောက်ဆိုရင် အိမ်ခြံမြေဘက်ကို စိတ်ဝင်စားမှုရှိလာကြမယ်ထင်တယ်၊ ရွှေစုတဲ့လူတွေက အိမ်ခြံမြေဘက်ကို လှည့်လာနိုင်တယ်”လို့ ကောင်းကောင်း (၂)အိမ်ခြံမြေအကျိုးဆောင်မှ ဦးအောင်မိုးကျော်က ပြောပါတယ်။
မြန်မာ့ရွှေဈေးဟာ ဧပြီလ ၁၈ ရက်နေ့မှာကျပ် ၆၆၀,၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ဝယ်လိုအား များလာတာကြောင့် ဈေးနှုန်းတဖြည်းဖြည်း ပြန်တက်လာပြီး ဧပြီလ ၁၉ ရက်နေ့ ညနေမှာ မြန်မာ့ရွှေဈေးဟာကျပ် ၇၃၈,၅၀၀ နဲ့ ဈေးကွက်ပိတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
ရွှေဈေးကျဆင်းမှုကြောင့် နှစ်ဆန်းတစ်ရက်နေ့နောက်ပိုင်းကစပြီး ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာ အရောင်းရော အဌားပါ သွက်လာပေမဲ့ ထူးထူးခြားခြားလှုပ်ခတ်မှုတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။
ပုံမှန်ဆိုရင် အိမ်ခြံမြေဈေးကွက်က သင်္ကြန်ပိတ်ရက်တွေကြောင့် အရောင်းအဝယ်၊ အဌားဈေးကွက် အေးပေမဲ့ စံချိန်တင်တဲ့ ရွှေဈေးလှုပ်ခတ်မှုကြောင့် အိမ်ခြံမြေဘက်ကို ပြန်လည်စိတ်ဝင်စားမှုရှိလာကြပြီး အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာနိုင်တဲ့ အနေအထားရှိတယ်လို့ သိရပါတယ်။
‘ရွှေဈေးက မငြိမ်တဲ့ အလားအလာတွေကလဲရှိနေတော့ နောက်ပိုင်းမှာ အိမ်ခြံမြေကလဲ ပိုပြီး ဦးမော့လာမယ့်သဘောရှိတယ်၊ ပိုပြီးလဲ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်’ လို့ အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက ပြောပါတယ်။
ရွေဈေးကွက်ကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အဌားဖြစ်တယ်ဆိုပေမဲ့ အခုချိန်ထိတော့ အရင်ခေါ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်တာတွေပဲ ရှိသေးတယ်။ အဓိက ဝယ်ယူတဲ့သူတွေကတော့ အထပ်မြင့်ဆောက်ဖို့ ၊ကွန်ဒိုတိုက်ခန်းတွေဆောက်ဖို့အတွက် ဝယ်ယူတာ များပါတယ်။
‘အခြေအနေကတော့ မြေကွက်ဘက်ကို ပြန်လှည့်လာပြီဆိုရင် တစ်လ နှစ်လအတွင်း အရောင်းအဝယ် ပြန်သွက်လာနိုင်တယ်၊ ရွှေဘက်ကနေ အိမ်ခြံမြေဘက်ကို လှည့်လာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်’လို့ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပါတယ်။
အခုလက်ရှိ အိမ်ခြံမြေဈေးကွက် အနေအထားက ရွှေဈေးကွက်ကြောင်း လှုပ်ရှားမှုရှိနေသလို မကြာခင်ကာလမှာ လက်ရှိသတ်မှတ်ထားတဲ့အခွန် ၃၇ ရာခိုင်နှုန်းထက် ပိုမို လျှော့ချဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးသမားတွေ ပိုစိတ်ဝင်စားလာနိုင်ပြီး သင်္ကြန်နောက်ပိုင်း အိမ်ခြံမြေဈေးကွက် ပိုမိုကောင်းမွန်လာနိုင်တယ်လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သုံးသပ်ပါတယ်။
Ref : kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ