By 7daydaily, Shweproperty.com
Updated at 20 June 2016
ကမ္ဘာ့ရွှေဈေးအတက် အကျများသဖြင့် ပြည်တွင်းရွှေ ဈေးသည် ယခုရက်ပိုင်းအတွင်း အပြောင်းအလဲများ၍ အဝယ်ကျ ဆင်းနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောကြား သည်။
အမေရိကန် ဗဟိုဘဏ်က ဘဏ်အတိုးနှုန်း လျှော့ချလိုက် ခြင်း၊ ရုရှားနိုင်ငံမှ ရွှေဝယ်ယူစုဆောင်းမှု များပြားနေခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက် တွင် ရွှေဈေးမြင့် တက်ပြီး ကန်ဒေါ်လာ တန်ဖိုး ကျဆင်းနေကြောင်း အ ထက်ပါ အသင်းမှ ဗဟိုအလုပ် အမှုဆောင် ဦးမျိုးမြင့်က ပြော ကြားသည်။
‘‘မနေ့က ပြည်တွင်းဈေး ရုတ်တရက် တက်သွားတော့ ရောင်းတဲ့သူများတယ်။ အဝယ် က နည်းတော့ ဒီနေ့ဈေးပြန်ဆင်း လာတယ်’’ဟု ဇွန်လ ၁၇ ရက် တွင် ဦးမျိုးမြင့်ကပြောသည်။
ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁၆ ရက်တွင် တစ်အောင်စလျှင်အ မေရိကန်ဒေါ်လာ ၁,၃၁၀ ခန့်အထိ မြင့်တက်လာသဖြင့် ပြည်တွင်း ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ရှစ်သိန်းတစ်သောင်းကျော် အထိ မြင့်တက်လာသည်။ ဇွန်လ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁,၂၈၄ သို့ ပြန်လည် ကျဆင်းလာချိန်တွင် ပြည်တွင်းရွှေဈေးမှာ ရှစ်သိန်း လေးထောင်ကျပ်သို့ ကျဆင်းလာ သည်။
‘‘ဒီရက်ပိုင်းမှာ ရွှေဈေးက အတက်အကျများလာတော့ အ ဝယ်အရမ်းနည်းလာတယ်’’ ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူးဦးကျော် ဝင်းကပြောကြားသည်။
ကန်ဒေါ်လာ တန်ဖိုး သည် နိုင်ငံတကာတွင် အနည်းငယ် ကျဆင်းလာသဖြင့် ရွှေ ဈေး ဆက်လက်မြင့်တက်နိုင် သည်ဟု ပြည်တွင်းရွှေ လုပ်ငန်းရှင် များက ခန့်မှန်းနေကြသည်။
ပြည်တွင်းဈေးကွက် ငွေလဲ နှုန်းသည် ဇွန်လ ၁၇ ရက်တွင် ဗဟိုဘဏ်က တရားဝင်သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာ လျှင် ၁,၁၈၆ကျပ်ဖြစ် ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ် လာလျှင် ၁,၁၈၅ ကျပ်ဈေးရှိနေ သည်။
ကန်ဒေါ်လာ တန်ဖိုးသည် ပြီးခဲ့သည့် နှစ်ရက်နှင့် နှိုင်းယှဉ်ပါက ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ခုနစ်ကျပ်ခန့် ဈေးကျသွားသည်။ ဇွန်လ ၁၅ ရက်တွင် ပြင်ပဈေးကွက်၌ ငွေလဲ နှုန်းမှာ တစ်ဒေါ်လာလျှင် ၁,၁၉၂ ကျပ် ဖြစ်ခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ