By SMMK, Shweproperty.com
Updated at 11 February 2016
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်တွင် တည်ဆောက်နေသည့် Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်း အဆင့်(၂)မှ တိုက်ခန်းများကို (၄)နှစ်ကြာ အတိုးမဲ့နှုန်း အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
စီမံကိန်းအဆင့်(၂)တွင် တိုက်ခန်းများကို ဖေဖော်ဝါရီလ ပထမအပတ်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ Golden City တွင် ဖေဖော်ဝါရီလ(၃)ရက်နေ့က ကျင်းပသည့် စီမံကိန်းအဆင့်(၁)အကြမ်းထည်ပြီးစီးကြောင်း သတင်းစာရှင်းပွဲမှ သိရခြင်း ဖြစ်သည်။
“အခုပြုလုပ်ထားတဲ့ ပရိုမိုးရှင်းကတော့ နောက်ထပ်အသစ် ဝယ်ယူမယ့်သူတွေအတွက် လုပ်ပေးထားတာပါ။ စီမံကိန်းအဆင့်(၂)ရဲ့ တိုက်ခန်းဈေးနှုန်းတွေက စီမံကိန်းအဆင့်(၁)ရဲ့ ဈေးနှုန်းထက် အနည်းငယ်မြင့်တဲ့ အတွက် အထူးအခွင့်ရေးတစ်ရပ်အနေနဲ့ (၄၈)လအကြာ အရစ်ကျစနစ်နဲ့ အတိုးမဲ့ငွေပေးချေရမှာ ဖြစ်တယ်။” ဟု Golden City၏ စီမံကိန်းရှယ်ယာပိုင်ရှင်နှင့် ကိုယ်စားလှယ်ဖြစ်သူ Mr.Jeffrey Lu ကပြောသည်။
Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းတွင် ဟိုတယ်များ၊ ကုမ္ပဏီရုံးခန်းများ၊ ဈေးဝယ်စင်တာများပါဝင်ပြီး စီမံကိန်းအဆင့်(၁)အတွက် တိုက်ခန်းသော့များကို စက်တင်ဘာလအတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“Golden Cityက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ အိမ်ခြံမြေနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ထွက်ရှိလာတဲ့အတွက် ဝယ်ယူသူတွေက စိုးရိမ်စိတ်တွေ ဖြစ်နေကြတာရှိတယ်။ ဒါကိုလည်း ရင်းနှီးမြုပ်နံှမှုကော်မရှင်က ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါတယ်” ဟု Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းဖောင်ဒေးရှင်းဒုဥက္ကဌ ဒေါက်တာအောင်ဇေယျာမြင့်က ပြောသည်။အဆိုပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းသည် အထပ်မြင့် (၃၃)ထပ်ရှိပြီး တိုက်ခန်းပေါင်း(၅၀၂) ခန်းပါဝင်ကာ အိမ်ရာစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းကို စင်္ကာပူအခြေစိုက် Uni Global Power Companyမှ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref : SMMK
Photo Credit : SMMK
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ