By The Modern, Shweproperty.com
Updated at 29 February 2016
နိုင်ငံခြားသားအငှားအတွက် ဝန်ဆောင်မှု အပြည့်အစုံပေးနိုင်မှသာ ဈေးကောင်းရပြီး အလုပ်ဖြစ်နိုင်မယ်လို့ သိရပါတယ်။
နိုင်ငံခြားသားဈေးကွက်ကိုမျှော်ပြီး အရောင်းဈေးကွက်အတွက် ကြိုတင်ပြင်ဆင်ကြတာရှိသလို အငှားအတွက်လည်း ကြိုတင်ပြီး ပြည့်စုံအောင်လုပ်ထားရမှာပါ ။ ပြည်တွင်းအငှားနဲ့မတူဘဲ ရေ ၊ မီး ကိုအဓိကထားပြီး ငှားကြတယ်ဆိုပေမယ့် စိစစ်လွန်းတာကြောင့် လက်ရှိဈေးကွက်ထဲမှာတင် အကျိုးဆောင်တွေအနေနဲ့ နေရာပြတဲ့အခါ အခက်အခဲတချို့ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံခြားသား အငှားဈေးကွက်က လက်ရှိမှာလည်းကောင်းလာတယ် ဆိုပေမဲ့ သူတို့လိုချင်တဲ့ ပုံစံ ၊ ၊ ဝန်ဆောင်မှုပြည့်စုံမှသာ အလုပ်ဖြစ်တဲ့ဈေးကွက်တစ်ခုဖြစ်နေတာပါ။ ရေ ၊ မီး ရရှိမှုကိုအဓိကထားကြတာကြောင့် အများဆုံးအငှားဖြစ်တာက ကွန်ဒိုတွေဖြစ်ပါတယ်။ လုံးချင်းအိမ်တွေလည်းအငှားရှိပေမဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လုပ်ငန်းနဲ့ နီးစပ်တဲ့နေရာ ရေနဲ့မီး ဒါတွေကိုကြည့်ပြီးမှ ငှားတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပအကျိုးဆောင်နဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ အကျိုးဆောင်မနီလာက ‘အများစုကတော့ မီး ၂၄ နာရီရတဲ့နေရာတွေလိုချင်ကြတယ် ၊ မီးအားမပြည့်တာမျိုးလဲမရဘူး ၊ တိကျတယ် ၊ တခါတလေ ပြေလည်အောင်ညှိနှိုင်းပေးရတာတွေရှိတယ် ၊ ပြည်တွင်းနဲ့မတူတာက ပါဝင်တဲ့ ပစ္စည်း ၊ ဝန်ဆောင်မှုတွေ လွဲနေရင် ၊ မပြည့်စုံရင် complain တွေပြန်ရတယ် ၊ ဒါတွေမဖြစ်အောင် လုပ်ဆောင်ပေးထားရင်တော့ အဆင်ပြေတာပေါ့’ လို့ ပြောပါတယ်။
ကွန်ဒိုအငှားကိုတောင် ကွန်ဒိုတစ်ခုရဲ့ဝန်ဆောင်မှု အပြည့်အစုံပါမှသာ လက်ခံကြပြီး တိကျလွန်းတယ်။ ရန်ကုန်မြို့တွင်းမှာ အများဆုံးရင်ဆိုင်ရတာက မီးရရှိမှုပြဿနာလို့ သိရတယ် ။ ငှားမယ့်ပိုင်ရှင်တွေအနေနဲ့ ငှားရမ်းခ ဈေးကောင်းရနိုင်ဖို့က ဥပမာ ၂၄ နာရီလျှပ်စစ်မီးရဖို့ ၊ မီးအားကောင်းဖို့ မီးလိုင်းနှစ်လိုင်း သွယ်ပေးထားတာမျိုးတွေ ၊ အိမ်ထောင်ပရိဘောဂ ၊ အသုံးအဆောင် အပြည့်အစုံ ပါဝင်တာ မျိုးတွေလည်း ပြင်ဆင်ထားသင့်တယ်လို့ ပြောပါတယ်။
လုံးချင်းအိမ် အငှားများတာက သုဝဏ္ဏ ၊ သာကေတ မြခွာညို ၊ တောင်ဒဂုံ အင်းဝဘက်စတဲ့နေရာတွေမှာ ငှားကြတယ် ။ တစ်လကို ငှားရမ်းခ ၁၀ သိန်းနဲ့ အထက်ရှိတယ်လို့ သိရတယ်။
Ref : The Modern
Photo Credit : ma-che-rie
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ