By မြန်မာအိမ်ပွဲစားဂျာနယ်, Shweproperty.com
Updated at 5 March 2013
ရန်ကုန်မြို့ရှိ ဟောင်းနွမ်းနေသည့် နိုင်ငံတော်ပိုင်အိမ်ရာအဆောက်အအုံဟောင်းများကို အဆင့်မြင့်အိမ်ရာများ အဖြစ် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့အသစ်ပြန်လည်ဆောက်လုပ်သွားမည့် နိုင်ငံတော်ပိုင်အိမ်ရာအဟောင်းများ ပြည်တော်သာအိမ်ရာ၊ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ တောင်ဥက္ကလာပအိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာနှင့် တညင်းကုန်း အိမ်ရာများအပါအဝင် ပျက်စီးဟောင်းနွမ်းမှုများပြီး ခေတ်နှင့်လျော်ညီမှုမရှိသည့် အိမ်ရာဟောင်းများဖြစ်ပြီး အဆိုပါ အိမ်ရာအဟောင်းများကို အဆင့်မြင့်အိမ်ရာများအဖြစ် ပြန်လည်ပြုပြင်သွားမည်ဖြစ်သည်။
အိမ်ရာအဟောင်းများကို ပြန်လည်အသစ်ဆောက်လုပ်ရာတွင် အိမ်ရာမှာ နေသည့်သူတွေကို အဆင့်မြှင့်တင်ဖို့ ကိစ္စကို နားလည်အောင် တင်ပြရှင်းလင်းကာ အသစ်ဆောက်လုပ်ပြီးလျှင် မူလနေထိုင်သူတွေကို ပြန်လည်နေထိုင်ခွင့်ပေးမည်ဖြစ်သည်။
လက်ရှိတွင် အစိုးရပိုင်အိမ်ရာများတွင် နေထိုင်သူများအနေဖြင့် နိုင်ငံတော်သို့ တစ်လလျှင် ၆၀ကျပ်နှုန်းသာ ပေးဆောင်နေထိုင်ရသဖြင့် အိမ်လခများကိုလည်း ပြန်လည်ပြင်ဆင်ကောက်ခံသွားမည်ဖြစ်သည်။
လက်ရှိတွင် အိမ်ရာများကို အဆင့်မြှင့်ပြန်လည်တည်ဆောက်ရန်အတွက် အိမ်ရာနေပြည်သူများနှင့် ညှိနှိုင်းနေပြီး လာမည့် ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်နိုင်ဖွယ်ရှိပြီး အထပ်မြင့် အဆင့်မြင့် အိမ်ရာများအဖြစ် ပြောင်းလဲပြီးပါက လူဦးရေအများအပြားနေထိုင်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်ရာများမှာ ၁၉၆၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့သည့် အစိုးရအိမ်ရာများဖြစ်ပြီး ခေတ်နှင့်မလျော်ညီသကဲ့သို့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မိသားစုတစ်စု လူဦးရေသည် ပျမ်းမျှ ၅ ယောက်ဟု တွက်ချက်ထားသဖြင့် အစိုးရအိမ်ရာဟောင်းများ၏ ဖွဲ့စည်းပုံသည် အဆင်မပြေနိုင်တော့ကြောင်း၊ ထို့ပြင် အကျယ်အဝန်းသည် ၂၀၀ စတုရန်းပေခန့်သာရှိနေသဖြင့် ခေတ်နှင့်အညီ ပြောင်းလဲမည်ဆိုပါက အခန်းတစ်ခန်းလျှင် အနည်းဆုံး ၃၀၀ စတုရန်းပေပတ်လည်ရှိသင့်သည်။ အထပ်မြင့်တိုင်များအဖြစ် ပြောင်းလဲလိုက်ပါက မူလနေထိုင်သူများ၏ နေထိုင်ရေး ပိုမိုအဆင်ပြေနိုင်သည့်အပြင် အိမ်ရာလိုအပ်ချက်ရှိသူများအတွက်လည်း ပြဿနာပြေလည်နိုင်မည်ဖြစ်သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ